Sunday, June 2, 2013

ကျဆုံး ခန်းတွေကို စည်း တစ်ဖက် ခြားနိုင် ခဲ့ပြီ

ကျဆုံးခန်းတွေကို စည်းတစ်ဖက် ခြားနိုင်ခဲ့ပြီ

 
 
 
ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲတွေမှာ ပင်နယ်တီကန်တာ မကြည့်ရဲလို့ မျက်နှာလွဲ ထိုင်နေတဲ့ စတိုင်ဂါရဲ့ပုံရိပ်ဟောင်း ကိုယ်တိုင်ခံစားနေရပေမယ့် အသင်းသားတွေရဲ့ နာကျင်မှုကို နှစ်သိမ့်ပေးခဲ့ရတဲ့ အသင်းခေါင်းဆောင် ဖီးလစ်လမ်းရဲ့ဝေဒနာတွေဟာခုတော့ လက်ခုပ်သံတွေကြားမှာ ပျောက်ပျက်ခဲ့ပါပြီ။ 
၂၀၁၀မှာ သူတို့ရှုံးနိမ့်ခဲ့တယ်။ ၂၀၁၂မှာ ထပ်ရှုံးခဲ့ပြန်တယ်။ ဒါပေမဲ့ ၂၀၁၃ကို သူတို့ သိမ်းပိုက်နိုင်ခဲ့တယ်။ ဘိုင်ယန်မြူးနစ်အတွက် အတိတ်ကျဆုံးခန်းတွေ စုပြုံပြီးအောင်မြင်မှုအဖြစ် ပြောင်းလဲသွားတယ်လို့ ဆိုရမလိုပါပဲ။ဒီနှစ်ကို သူတို့သိမ်းပိုက်ခဲ့ပုံက တစ်ကမ္ဘာလုံး အနီရောင်လွှမ်းတဲ့အထိ.......။
 
ဒါဟာ ဟေးနက်စ်အတွက်တော့ ဖောက်ဖျက်တိုက်ပွဲတစ်ခုပေါ့။ ဘွန်ဒက်စ်လီဂါဖလား ရဖို့ သေချာနေပေ မယ့် ချန်ပီယံလိဂ် နဲ့ ပိုကယ်ဖလားဆိုတဲ့ ပြိုင်ပွဲတွေမှာ သဲသဲကွဲကွဲအဖြေ မသိခင်ကတည်းက ရာသီကုန်ကျရင် အသင်းကထွက်တော့မယ်လို့ ကြေညာခဲ့ပြီး ဘိုင်ယန်နဲ့ ဟေးနက်စ်တို့ရဲ့ နှုတ်ဆက်ပွဲက ဖလားသုံးလုံး အောင်မြင်မှုနဲ့ဆိုတော့ ဂွာဒီယိုလာအတွက် ကြက်သီးထစရာ။ ဖလားသုံးလုံးဆွတ်ခူးဖူးတဲ့ စတုထ္တမြောက် အသင်း၊ ဂျာမနီမှာ ဘယ်အသင်းမှာ မလုပ်ပြ နိုင်သေးတာကို ပထမဆုံးလုပ်ပြခဲ့တဲ့အသင်း ဆိုတဲ့ ဂုဏ်ပုဒ်တွေနဲ့ လှိုင်လှိုင်ဝေနေသလို စိုက်ပျိုးခဲ့သမျှ ပြန်ရခဲ့ပုံက လက်ခုပ်သံမစဲ သေးဘူး။ ဒါပေမဲ့ မြူးနစ်မြို့အတွက်တော့ ဟေးနက်စ်ကို နှုတ်ဆက်ရတော့မှာ ၀န်လေးနေ ဦးမှာပါ။

yoyarlay

No comments:

Post a Comment