Saturday, June 8, 2013

ခရိုင်ရဲတပ်ဖွဲ့မှူး၏ ကားပေါ်မှ တရားမ၀င်ကုန်ပစ္စည်းများဖမ်းမိ

Photo: ခရိုင်ရဲတပ်ဖွဲ့မှူး၏ ကားပေါ်မှ တရားမ၀င်ကုန်ပစ္စည်းများဖမ်းမိ 

8.6.2013

ကလေးဝမြို့ ဆိပ်ကမ်း၊ ဇက်ပေါ်တွင် တမူးခရိုင်ရဲတပ်ဖွဲ့မှူး၏ကားနှင့် စူပါကာစတန်ကား ၈စ်/၂၀၃၆ေ ပၚမွ တရားမ၀င် ကုန်ပစ္စည်းများကို ဇွန်လ ငါးရက်နေ့ နံနက် ဆယ်နာရီခန့်က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

“ကျွန်တော်တို့က သတင်းရလို့ အဖွဲ့စုံ စောင့်ဖမ်းခဲ့တာပါ။ ကလေးဝမြို့က ရဲဌာနကိုတောင် သတင်း မပို့ခဲ့ပါဘူး။ ရဲကို သတင်းပေးလိုက်ရင် လမ်း ကြောင်း ပြောင်းသွားမှာစိုးလို့ပါ။

တမူးခရိုင်ရဲမှူးရဲ့ကားကို ရဲတပ်ကြပ်ကြီး တစ်ဦးက မောင်းလာတာပါ။ အခုတမူးခရိုင် ရဲမှူးရဲ့ ကားကိုမောင်းတဲ့ ယာဉ်မောင်း တပ်ကြပ်ကြီးနဲ့ စူပါကာစတန်ကား ယဉ်မောင်း နှစ်ယောက် ကိုသစ်တောဦးစီးဌာနနဲ့ အကောက်ခွန် ဦးစီးဌာနက တရားစွဲထားပါတယ်”ဟု ခရိုင်Mobile Team မှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းပစ္စည်းများအား ကလေးဝမြို့မှ မြို့မိမြို့ဖများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တော ဦးစီးဌာနနှင့် ရဲသတင်းတပ်ဖွဲ့မှ တာဝန်ရှိ ၀န်ထမ်းများ စုပေါင်းပြီး ဇက်ပေါ်တွင်ပင် ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပါဝင် ဖမ်းဆီးသူများထံမှ သိရသည်။

တမူးခရိုင်ရဲမှူး၏ ကားသည် အပြာရောင် ဟိုင်းလတ်ကား ၇ခ/၁၆၅၃ဖြစ်ပြီး ကားပေါ်တွင် ကာလတန်ဖိုး ကျပ် ၁၁ သိန်းခွဲဖိုးရှိ သင်းခွေချပ်အခွံ ၄၅ပိဿာကို လည်းကောင်း၊ ကာလတန်ဖိုး ကျပ် ၁၁သိန်း ၂သောင်း လေးထောာင့် ရှစ်ရာ့ငါးဆယ် တန်ဖိုးရှိ Eye drops , Ear Drops နှင့် ကာလတန်ဖိုး ကျပ်(၃၈၀၁၆၀၀ိ/-)တန်ဖိုးရှိ Oxyped ဆေးဝါးများ စုစုပေါင်း ကျပ်သိန်း၈၀နှင့် ခုနှစ်သောင်းခြောက်ထောင့် လေးရာ့ငါးဆယ်ကျပ် တန်ဖိုးရှိသည့် တရားမ၀င် ကန့်သတ် ထား သော ဆေးဝါးများနှင့် သစ်တောထွက် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ကလေးမြို့ ပြန်/ဆက် ဦးစီးဌာနမှ ပြောကြား သည်။

မြန်မာ့ခေတ်
ကလေးဝမြို့ ဆိပ်ကမ်း၊ ဇက်ပေါ်တွင် တမူးခရိုင်ရဲတပ်ဖွဲ့မှူး၏ကားနှင့် စူပါကာစတန်ကား ၈စ်/၂၀၃၆ေ ပၚမွ တရားမ၀င် ကုန်ပစ္စည်းများကို ဇွန်လ ငါးရက်နေ့ နံနက် ဆယ်နာရီခန့်က ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။ “ကျွန်တော်တို့က သတင်းရလို့ အဖွဲ့စုံ စောင့်ဖမ်းခဲ့တာပါ။ ကလေးဝမြို့က ရဲဌာနကိုတောင် သတင်း မပို့ခဲ့ပါဘူး။ ရဲကို သတင်းပေးလိုက်ရင် လမ်း ကြောင်း ပြောင်းသွားမှာစိုးလို့ပါ။

တမူးခရိုင်ရဲမှူးရဲ့ကားကို ရဲတပ်ကြပ်ကြီး တစ်ဦးက မောင်းလာတာပါ။ အခုတမူးခရိုင် ရဲမှူးရဲ့ ကားကိုမောင်းတဲ့ ယာဉ်မောင်း တပ်ကြပ်ကြီးနဲ့ စူပါကာစတန်ကား ယဉ်မောင်း နှစ်ယောက် ကိုသစ်တောဦးစီးဌာနနဲ့ အကောက်ခွန် ဦးစီးဌာနက တရားစွဲထားပါတယ်”ဟု ခရိုင်Mobile Team မှ တာဝန် ရှိသူ တစ်ဦးက ပြောကြားသည်။

ယင်းပစ္စည်းများအား ကလေးဝမြို့မှ မြို့မိမြို့ဖများ၊ လွှတ်တော် ကိုယ်စားလှယ်များ၊ အကောက်ခွန်ဦးစီးဌာန၊ သစ်တော ဦးစီးဌာနနှင့် ရဲသတင်းတပ်ဖွဲ့မှ တာဝန်ရှိ ၀န်ထမ်းများ စုပေါင်းပြီး ဇက်ပေါ်တွင်ပင် ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပါဝင် ဖမ်းဆီးသူများထံမှ သိရသည်။

တမူးခရိုင်ရဲမှူး၏ ကားသည် အပြာရောင် ဟိုင်းလတ်ကား ၇ခ/၁၆၅၃ဖြစ်ပြီး ကားပေါ်တွင် ကာလတန်ဖိုး ကျပ် ၁၁ သိန်းခွဲဖိုးရှိ သင်းခွေချပ်အခွံ ၄၅ပိဿာကို လည်းကောင်း၊ ကာလတန်ဖိုး ကျပ် ၁၁သိန်း ၂သောင်း လေးထောာင့် ရှစ်ရာ့ငါးဆယ် တန်ဖိုးရှိ Eye drops , Ear Drops နှင့် ကာလတန်ဖိုး ကျပ်(၃၈၀၁၆၀၀ိ/-)တန်ဖိုးရှိ Oxyped ဆေးဝါးများ စုစုပေါင်း ကျပ်သိန်း၈၀နှင့် ခုနှစ်သောင်းခြောက်ထောင့် လေးရာ့ငါးဆယ်ကျပ် တန်ဖိုးရှိသည့် တရားမ၀င် ကန့်သတ် ထား သော ဆေးဝါးများနှင့် သစ်တောထွက် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း ကလေးမြို့ ပြန်/ဆက် ဦးစီးဌာနမှ ပြောကြား သည်။

မြန်မာ့ခေတ်

1 comment:

  1. ဒီလို အကျင့်ပျက်ဝန်ထမ်းတွေကို ထိထိရောက်ရောက် အရေးယူသင့်ပါတယ်

    ReplyDelete