Sunday, June 2, 2013

CNG တက္ကစီ ယာဉ် များ သို့ ရောင်း ချမည့် သဘာဝ ဓာတ်ငွေ့ ဈေးနှုန်း တိုးမြှင့် ဖွယ်ရှိ

Photo: CNG တက္ကစီ ယာဉ်များသို့ ရောင်းချမည့် သဘာဝဓာတ်ငွေ့ ဈေးနှုန်း တိုးမြှင့်ဖွယ်ရှိ
Sunday, June 2, 2013

CNG တက္ကစီ ယာဉ်များသို့ ရောင်းချမည့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများအား ပြင်ဆင်သတ်မှတ် သွားရန်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရ CNG ဈေးနှုန်းမှာ ယခင်ရောင်းဈေးထက် မြင့်တက်လာဖွယ် ရှိကြောင်း သိရသည်။

မော်တော်ယာဉ်များတွင် CNG ပြောင်းလဲ တပ်ဆင်ခွင့် ပြုသည့်အချိန်မှစ၍ သဘာဝဓာတ်ငွေ့ ဈေးနှုန်းများကို Subsidize လုပ်ထားသောနှုန်းဖြင့် ရောင်းချခဲ့ရာတွင် ပြည်သူလူထုအတွက် အမှန်တကယ် သက်သာချောင်ချိမှု မဖြစ်စေဘဲ ယာဉ်ပိုင်ရှင် လူနည်းစုလောက်ကိုသာ အကျိုးဖြစ်ထွန်း စေသည် ဆိုပါက CNG ဈေးနှုန်းကို Subsidize မလုပ်တော့ဘဲ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

တက္ကစီ ယာဉ်များသို့ ရောင်းချမည့် CNG ဈေးနှုန်းကို သင့်တင့်မျှတသည့် ဈေးနှုန်းအဖြစ် ပြင်ဆင်သတ်မှတ် ရောင်းချနိုင်ရေးကို မကြာမီ ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ကြိုတင် အသိပေးခြင်းဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တရားဝင် ခွင့်ပြုထားသော သဘာဝဓာတ်ငွေ့သုံး မော်တော်ယာဉ် ၂၇၄၇၆ စီးရှိပြီး အရောင်းဆိုင် ၄၅ ဆိုင်ဖြင့် တစ်လလျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၆၀၀  ခန့်ကို ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ CNG ရောင်းဈေးမှာ တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၀န်းကျင်သာ ရှိသဖြင့် အိမ်နီးချင်း နိုင်ငံအချို့နှင့် နှိုင်းယှဉ်လျှင် ဈေးအနည်းဆုံး ဖြစ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့ရုံးသို့ တင်ပြလာသည့် အကြံပြုစာများတွင် ပြည်သူလူထု အများစု စီးနင်းသွားလာနေသည့် ခရီးသည်တင် ဘတ်စ်ကားများ CNG ရရှိရန် အခက်အခဲကြောင့် ကားပိုင်ရှင်များသည် ထပ်မံတင်သွင်းရန် စဉ်းစားနေကြောင်း၊ လက်ရှိ ထုတ်ပေးထားသည့် CNG တက္ကစီ ယာဉ်များအား CNG ထုတ်ခွင့် ပြန်လည်ရုပ်သိမ်းပြီး ခရီးသည်တင် ယာဉ်များသို့ ပြောင်းလဲထုတ်ပေးခြင်းနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ ပိုမိုထုတ်ပေးခြင်းသည် အများပြည်သူ အကျိုးစီးပွားကို ပို၍ဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း အကြံပြု တင်ပြထားခြင်းများ ရှိသဖြင့် စွမ်းအင်ဝန်ကြီးဌာနက CNG ဈေးနှုန်းကို ပြင်ဆင်ရန် သုံးသပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံဖျက်သိမ်းပြီး CNG သုံး မော်တော်ယာဉ်များအတွက် CNG ပြန်လည်တပ်ဆင် အသုံးပြုခွင့် ပြုပြီးသည့် မော်တော်ယာဉ် အရေအတွက်မှာ ၅၀၀၀ ကျော် ရှိပြီဖြစ်ကြောင်းလည်း သိရသည်။
မော်တော်ယာဉ်များတွင် CNG တပ်ဆင်ခွင့် ရရှိရန်အတွက် စာရွက်စာတမ်းများ စစ်ဆေးခြင်းနှင့် ယာဉ်ပုံစံ ထုတ်ယူခြင်း၊ ယာဉ်စစ်ဆေးခြင်း၊ စစ်ဆေးရေးမှူးမှ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ ယာဉ်စစ်ဆေးမှုကို အင်ဂျင်နီယာဌာနမှ စစ်ဆေးခြင်း၊ နှစ်ပတ်လည် ယာဉ်စစ်ဆေးခ၊ စာအုပ်ဖိုး၊ ကတ်ဖိုးပေးချေရခြင်း၊ CNG သုံးစွဲခွင့်ကတ်တွင် အချက်အလက် ရေးသွင်းခြင်း၊ လယ်ဂျာ ရေးသွင်းခြင်း၊ CNG စာအုပ်တွင် အချက်အလက် ရေးသွင်းခြင်း၊ BookSection ဌာနမှ စာအုပ်နှင့် ကတ်အချက်အလက် များကို စိစစ်ခြင်း၊ ကြီးကြပ်ရေး အင်ဂျင်နီယာမှ စာအုပ်နှင့် ကတ်၏ အချက်အလက်များကို ပြန်လည်စိစစ်ခြင်း အစရှိသည့် လုပ်ငန်းအဆင့်များကို ဆောင်ရွက်ရကြောင်း သိရသည်။

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)

ELEVEN
CNG တက္ကစီ ယာဉ်များသို့ ရောင်းချမည့် သဘာဝဓာတ်ငွေ့ ဈေးနှုန်းများအား ပြင်ဆင်သတ်မှတ် သွားရန်ရှိကြောင်း စွမ်းအင်ဝန်ကြီးဌာနမှ ထုတ်ပြန်ထားချက်အရ CNG ဈေးနှုန်းမှာ ယခင်ရောင်းဈေး ထက် မြင့်တက်လာဖွယ် ရှိကြောင်း သိရသည်။မော်တော်ယာဉ်များတွင် CNG ပြောင်းလဲ တပ်ဆင်ခွင့် ပြုသည့်အချိန်မှစ၍ သဘာဝ ဓာတ်ငွေ့ ဈေးနှုန်း များကို Subsidize လုပ်ထားသောနှုန်းဖြင့် ရောင်းချခဲ့ရာတွင် ပြည်သူလူထုအတွက် အမှန်တကယ် သက်သာချောင်ချိမှု မဖြစ်စေဘဲ ယာဉ်ပိုင်ရှင် လူနည်းစုလောက်ကိုသာ အကျိုးဖြစ်ထွန်း စေသည် ဆိုပါက CNG ဈေးနှုန်းကို Subsidize မလုပ်တော့ဘဲ သင့်တင့်သော ဈေးနှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

တက္ကစီ ယာဉ်များသို့ ရောင်းချမည့် CNG ဈေးနှုန်းကို သင့်တင့်မျှတသည့် ဈေးနှုန်း အဖြစ် ပြင်ဆင် သတ်မှတ် ရောင်းချနိုင်ရေးကို မကြာမီ ဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် ကြိုတင် အသိပေးခြင်းဖြစ်ကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် တရားဝင် ခွင့်ပြုထားသော သဘာဝဓာတ်ငွေ့ သုံး မော်တော်ယာဉ် ၂၇၄၇၆ စီးရှိပြီး အရောင်းဆိုင် ၄၅ ဆိုင်ဖြင့် တစ်လလျှင် သဘာဝဓာတ်ငွေ့ ကုဗပေသန်း ၆၀၀  ခန့်ကို ဖြန့်ဖြူးရောင်းချလျက် ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ CNG ရောင်းဈေးမှာ တစ်ကီလိုဂရမ်လျှင် ၂၇၃ ကျပ် ၀န်းကျင်သာ ရှိသဖြင့် အိမ်နီးချင်း နိုင်ငံအချို့နှင့် နှိုင်းယှဉ်လျှင် ဈေးအနည်းဆုံး ဖြစ်နေကြောင်း စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန် ထားသည်။

ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ စွမ်းဆောင်ရည် အကဲဖြတ် အဖွဲ့ရုံးသို့ တင်ပြလာသည့် အကြံပြုစာများတွင် ပြည်သူလူထု အများစု စီးနင်းသွားလာနေသည့် ခရီးသည်တင် ဘတ်စ်ကားများ CNG ရရှိရန် အခက်အခဲကြောင့် ကားပိုင်ရှင်များသည် ထပ်မံတင်သွင်းရန် စဉ်းစားနေကြောင်း၊ လက်ရှိ ထုတ်ပေးထားသည့် CNG တက္ကစီ ယာဉ်များအား CNG ထုတ်ခွင့် ပြန်လည်ရုပ်သိမ်းပြီး ခရီးသည်တင် ယာဉ်များသို့ ပြောင်းလဲထုတ်ပေးခြင်းနှင့် လျှပ်စစ်ဓာတ်အားပေး စက်ရုံများသို့ ပိုမိုထုတ်ပေးခြင်းသည် အများပြည်သူ အကျိုးစီးပွားကို ပို၍ဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်း အကြံပြု တင်ပြထားခြင်းများ ရှိသဖြင့် စွမ်းအင်ဝန်ကြီးဌာနက CNG ဈေးနှုန်းကို ပြင်ဆင်ရန် သုံးသပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ ယာဉ်အိုယာဉ်ဟောင်းအဖြစ် အပ်နှံဖျက်သိမ်းပြီး CNG သုံး မော်တော် ယာဉ်များအတွက် CNG ပြန်လည်တပ်ဆင် အသုံးပြုခွင့် ပြုပြီးသည့် မော်တော်ယာဉ် အရေအတွက်မှာ ၅၀၀၀ ကျော် ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

မော်တော်ယာဉ်များတွင် CNG တပ်ဆင်ခွင့် ရရှိရန်အတွက် စာရွက်စာတမ်းများ စစ်ဆေးခြင်းနှင့် ယာဉ်ပုံစံ ထုတ်ယူခြင်း၊ ယာဉ်စစ်ဆေးခြင်း၊ စစ်ဆေးရေးမှူးမှ မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ ယာဉ်စစ်ဆေးမှုကို အင်ဂျင်နီယာဌာနမှ စစ်ဆေးခြင်း၊ နှစ်ပတ်လည် ယာဉ်စစ်ဆေးခ၊ စာအုပ်ဖိုး၊ ကတ်ဖိုးပေးချေရခြင်း၊ CNG သုံးစွဲခွင့်ကတ်တွင် အချက်အလက် ရေးသွင်းခြင်း၊ လယ်ဂျာ ရေးသွင်းခြင်း၊ CNG စာအုပ်တွင် အချက် အလက် ရေးသွင်းခြင်း၊ BookSection ဌာနမှ စာအုပ်နှင့် ကတ်အချက်အလက် များကို စိစစ်ခြင်း၊ ကြီးကြပ်ရေး အင်ဂျင်နီယာမှ စာအုပ်နှင့် ကတ်၏ အချက်အလက်များကို ပြန်လည်စိစစ်ခြင်း အစရှိသည့် လုပ်ငန်းအဆင့်များကို ဆောင်ရွက်ရကြောင်း သိရသည်။

မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ အရောင်းဆိုင် တစ်ခုကို တွေ့ရစဉ် (ဓာတ်ပုံ-၀င်းမြင့်ကျော်)
ELEVEN

1 comment:

  1. ဒီအတိုင်းတောင် လမ်းပိတ်လို့  ကားကြပ်လို့ နဲ့  တက္ကစီခ ဈေးကြီးနေရတဲ့ ကြားထဲ CNG ဈေးနှုန်းတိုးမြင့်လိုက် ရင် ပိုဆိုးပြီပေါ့ဗျာ

    ReplyDelete