Saturday, June 1, 2013

“ ပြည်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင် လက်ရှိဖြစ်ပေးနေသော မလေးရှားရောက် မြန်မာနိုင်ငံသားများအရေးနှင့် ပတ်သက်၍ ဖော်ပြထားချက် ”

Photo: “ ပြည်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်၏ Facebook စာမျက်နှာတွင်
လက်ရှိဖြစ်ပေးနေသော မလေးရှားရောက် မြန်မာနိုင်ငံသားများအရေးနှင့် 
ပတ်သက်၍ ဖော်ပြထားချက် ”

မလေးရှားနိုင်ငံ ကမ်ပွန်း( KamPung )ရှိ
မြန်မာဘုန်းတော်ကြီး
ကျောင်း အနီးမှာ ရိုက်ပွဲဖြစ်တယ်၊ ဆလာရန်းမှာ ရိုက်ပွဲဖြစ်တယ်၊ မြန်မာတွေ
သေတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာ တွေ့နေရပါတယ်။

နိုင်ငံခြားရေးဝန်ကြီးဌာနက တဆင့် မလေးရှားမှာ ရှိတဲ့ မြန်မာသံရုံးကို ညနေ ငါးနာရီကျော်ကတစ်ကြိမ်၊ အခု ည ၈နာရီကျော်က တစ်ကြိမ်၊အဲဒီသတင်းတွေနဲ့ 
ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့ပါတယ်။

သံအမတ်ကြီးက အဲဒီဖြစ်စဉ်တွေမှန်ကန်မှုမရှိကြောင်း၊ မြန်မာဘုန်းတော်ကြီးကျောင်းက ဆရာတော်နဲ့လည်း ညနေက စပြီး အဆက်အသွယ်မပြတ်ရရှိနေကြောင်း၊ ဆရာတော်က အဲဒီလို တိုက်ခိုက်မှုများမရှိကြောင်းပြောတယ်လို့ အကြောင်းပြန်ပါတယ်။

အင်တာနက်ပေါ်က သတင်းများကို အလွယ်တကူမယုံကြည်ကြပါနဲ့။မလေးရှားအပါအ၀င် နိုင်ငံ တကာမှာရှိနေတဲ့ မြန်မာသံရုံးများကလည်း မြန်မာနိုင်ငံသားများကို ကာကွယ်ကူညီစောင့်ရှောက် ဖို့ အသင့်ရှိပါတယ်။

- ဦးရဲထွဋ်
( https://www.facebook.com/ye.htut.988 )
မလေးရှားနိုင်ငံ ကမ်ပွန်း(KamPung)ရှိ မြန်မာဘုန်းတော်ကြီးကျောင်းအနီးမှာ ရိုက်ပွဲဖြစ်တယ်၊ ဆလာရန်း မှာ ရိုက်ပွဲဖြစ်တယ်၊ မြန်မာတွေ သေတယ်ဆိုတဲ့ သတင်းတွေ အင်တာနက်ပေါ်မှာ တွေ့နေ ရပါတယ်။
နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် မလေးရှားမှာရှိတဲ့ မြန်မာသံရုံးကို ညနေငါးနာရီကျော်ကတစ်ကြိမ်၊ အခု ည ၈နာရီကျော်က တစ်ကြိမ်၊အဲဒီသတင်းတွေနဲ့ ပတ်သက်ပြီး စုံစမ်းမေးမြန်းခဲ့ပါတယ်။

သံအမတ်ကြီးက အဲဒီဖြစ်စဉ်တွေမှန်ကန်မှုမရှိကြောင်း၊ မြန်မာဘုန်းတော်ကြီးကျောင်းက ဆရာတော် နဲ့လည်း ညနေကစပြီး အဆက်အသွယ်မပြတ်ရရှိနေကြောင်း၊ ဆရာတော်က အဲဒီလို တိုက်ခိုက်မှုများ မရှိကြောင်းပြောတယ်လို့ အကြောင်းပြန်ပါတယ်။

အင်တာနက်ပေါ်က သတင်းများကို အလွယ်တကူမယုံကြည်ကြပါနဲ့။မလေးရှားအပါအ၀င် နိုင်ငံတကာမှာ ရှိနေတဲ့ မြန်မာသံရုံးများကလည်း မြန်မာနိုင်ငံသားများကို ကာကွယ်ကူညီစောင့်ရှောက်ဖို့ အသင့်ရှိပါတယ်။

- ဦးရဲထွဋ်
( https://www.facebook.com/ye.htut.988 )

No comments:

Post a Comment