Monday, June 24, 2013

THE FACE OF BUDDHIST TERROR ဆောင်းပါး ဖော်ပြခဲ့သာ တိုင်းမ် မဂ္ဂဇင်းအား မြန်မာအစိုးရ ကန့်ကွက်

Photo: THE FACE OF BUDDHIST TERROR ဆောင်းပါး ဖော်ပြခဲ့သာ တိုင်းမ် မဂ္ဂဇင်းအား မြန်မာအစိုးရ ကန့်ကွက်
Monday, June 24, 2013

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း Vol 182 ,No.1 တွင် မျက်နှာဖုံး တင်ထားသော မြန်မာနိုင်ငံတော်မှ ဗုဒ္ဓ၏သားတော် သံဃာတစ်ပါးဖြစ်သည့် ဦးဝီရသူအား THE FACE 0F BUDDHIST TERROR ဟု ဖော်ပြခဲ့သော ဆောင်းပါးအား မြန်မာအစိုးရက ကန့်ကွက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ ဇွန်လ ၂၃ ရက်နေ့ ညပိုင်းက နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်မှတစ်ဆင့် တိုင်းမ်မဂ္ဂဇင်းအား ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကန့်ကွက်ကြောင်း ထုတ်ပြန်မှုတွင် မြန်မာနိုင်ငံသည် ဘာသာရေး ခွဲခြားမှု မရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားသည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ထေရ၀ါဒ ဗုဒ္ခဘာသာကို နိုင်ငံသား အများစုက ယုံကြည်လေးနက်စွာ ကိုးကွယ်ကြသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၂ တွင် နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာနှင့် ဟိန္ဒူုဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာသာသနာတို့ကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ် ပြုသည်ကို ပြဋ္ဌာန်းထားသည်။

ယင်းအပြင် ဗုဒ္ဓဘာသာ သာသနာသည် ကံ၊ ကံ၏ အကျိုးကိုလည်းကောင်း ကိုယ်တိုင်ကျင့်ကြံ အားထုတ်၍ ရရှိသည့် အသိဥာဏ်ကို အခြေခံ၍ လည်းကောင်း ရွေးချယ်ဆုံးဖြတ်ခွင့် ပေးထားသည့် မြင့်မြတ်သော ငြိမ်းချမ်းရေးကို ရှေးရှုသည့် ဘာသာတရား ဖြစ်သည်။ ဗုဒ္ဓ၏ သားတော်များဖြစ်သည့် သံဃာတော်များသည်လည်း ၂၂၇ သွယ်သော သိက္ခာပုဒ်တို့ကို လိုက်နာစောင့်ထိန်းကြပြီး သာသနာတော် သန့်ရှင်းတည့်တံ့ ပြန့်ပွားရေးအတွက် နှစ်ပေါင်းထောင်နှင့်ချီ၍ ငြိမ်ချမ်းစွာ ကြိုးပမ်းအားထုတ် ခဲ့ကြသူများ ဖြစ်သည်ဟု ပါရှိသည်။

ထို့ပြင် ၉၆၉ အမှတ်တံဆိပ်သည် ဗုဒ္ခမြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါး၊ ဗုဒ္ခတရားတော်၏ ဂုဏ်တော်ခြောက်ပါးနှင့် သံဃာတော်တို့၏ ဂုဏ်တော်ကိုးပါးကို ကိုယ်စားပြုသော ဗုဒ္ခဘာသာဝင်တို့ ယုံကြည်ကိုးကွယ်သည့် ရတနာသုံးပါးကို ရည်ညွှန်းသည့် သင်္ကေတ အမှတ်တံဆိပ်ဖြစ်ပြီး ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည့် အားလျှော်စွာ ဗုဒ္ဓသာသနာတော်ကို ညှိနွမ်းစေနိုင်မည့် နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် သက်ဆိုင်ရာ သံဃာအဖွဲ့အစည်းများက အလေးထား မေတ္တာရပ်ခံလျက် ရှိသည်ကိုလည်း တွေ့ရှိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော် အစိုးရ အနေဖြင့် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီ လူ့ဘောင်သို့ အသွင်ကူးပြောင်းစ မြန်မာ့လူဘောင် အဖွဲ့အစည်းတွင် မလိုလားအပ်သော ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်လာခြင်း မရှိစေရန် နိုင်ငံတော် အစိုးရ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ မီဒီယာများနှင့် ပြည်သူများ ပူပေါင်း၍ ကြိုးပမ်းတည်ဆောက်နေသော အချိန်ဖြစ်သည်။ ကိုးကွယ်ယုံကြည်ချက်ဆိုင်ရာ ကိစ္စရပ်များသည် သိမ့်မွေ့နက်နဲသော အကြောင်းအခြင်း အရာများဖြစ်၍ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု ဘာသာသာသနာများအကြား အပြန်အလှန် လေးစားယုံကြည်မှုတို့နှင့်အတူ အထူးအလေးထား ဆောင်ရွက်သင့်ကြောင်း တွေ့ရသည်။

ဆက်လက်၍ တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံလာခဲ့သည် မြန်မာနိုင်ငံသား အများစု ကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အထင်အမြင် လွဲမှားစေပြီး လက်ရှိဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်းကို ထိခိုက်စေနိုင်ကြောင်း တွေ့ရသည်။ သို့ဖြစ်၍ THE FACE 0F BUDDHIST TERROR ဆောင်းပါးရေးသား ဖော်ပြခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း Vol  182, No.1 အား ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

EMG
၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း Vol 182 ,No.1 တွင် မျက်နှာဖုံး တင်ထားသော မြန်မာနိုင်ငံတော်မှ ဗုဒ္ဓ၏သားတော် သံဃာတစ်ပါးဖြစ်သည့် ဦးဝီရသူအား THE FACE 0F BUDDHIST TERROR ဟု ဖော်ပြခဲ့သော ဆောင်းပါးအား မြန်မာအစိုးရက ကန့်ကွက်ကြောင်း သတင်း ထုတ်ပြန်ခဲ့သည်။ ဇွန်လ ၂၃ ရက်နေ့ ညပိုင်းက နိုင်ငံတော် သမ္မတရုံး ၀က်ဘ်ဆိုက်မှတစ်ဆင့် တိုင်းမ် မဂ္ဂဇင်းအား ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကန့်ကွက်ကြောင်း ထုတ်ပြန်မှုတွင် မြန်မာနိုင်ငံသည် ဘာသာရေး ခွဲခြားမှု မရှိဘဲ လွတ်လပ်စွာ ကိုးကွယ်ခွင့် ပြုထားသည့် နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ထေရ၀ါဒ ဗုဒ္ခဘာသာကို နိုင်ငံသား အများစုက ယုံကြည်လေးနက်စွာ ကိုးကွယ်ကြသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၂ တွင် နိုင်ငံတော်သည် ခရစ်ယာန်ဘာသာ သာသနာ၊ အစ္စလာမ်ဘာသာ သာသနာနှင့် ဟိန္ဒူုဘာသာ သာသနာနှင့် နတ်ကိုးကွယ်သော ဘာသာသာသနာတို့ကို ဤဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာ တည်သောနေ့၌ နိုင်ငံတော်တွင် ရှိနေသော ကိုးကွယ်ရာ ဘာသာများဟူ၍ အသိအမှတ် ပြုသည် ကို ပြဋ္ဌာန်းထားသည်။

ယင်းအပြင် ဗုဒ္ဓဘာသာ သာသနာသည် ကံ၊ ကံ၏ အကျိုးကိုလည်းကောင်း ကိုယ်တိုင်ကျင့်ကြံ အားထုတ် ၍ ရရှိသည့် အသိဥာဏ်ကို အခြေခံ၍လည်းကောင်း ရွေးချယ်ဆုံးဖြတ်ခွင့် ပေးထားသည့် မြင့်မြတ်သော ငြိမ်းချမ်းရေးကို ရှေးရှုသည့် ဘာသာတရား ဖြစ်သည်။ ဗုဒ္ဓ၏ သားတော်များဖြစ်သည့် သံဃာတော် များသည်လည်း ၂၂၇ သွယ်သော သိက္ခာပုဒ်တို့ကို လိုက်နာစောင့်ထိန်းကြပြီး သာသနာတော် သန့်ရှင်းတည့်တံ့ ပြန့်ပွားရေးအတွက် နှစ်ပေါင်းထောင်နှင့်ချီ၍ ငြိမ်ချမ်းစွာ ကြိုးပမ်း အားထုတ်ခဲ့ ကြသူများ ဖြစ်သည်ဟု ပါရှိသည်။

ထို့ပြင် ၉၆၉ အမှတ်တံဆိပ်သည် ဗုဒ္ခမြတ်စွာဘုရား၏ ဂုဏ်တော်ကိုးပါး၊ ဗုဒ္ခတရားတော်၏ ဂုဏ်တော်ခြောက်ပါးနှင့် သံဃာတော်တို့၏ ဂုဏ်တော်ကိုးပါးကို ကိုယ်စားပြုသော ဗုဒ္ခဘာသာဝင်တို့ ယုံကြည်ကိုးကွယ်သည့် ရတနာသုံးပါးကို ရည်ညွှန်းသည့် သင်္ကေတ အမှတ်တံဆိပ်ဖြစ်ပြီး ငြိမ်းချမ်းရေး သင်္ကေတဖြစ်သည့် အားလျှော်စွာ ဗုဒ္ဓသာသနာတော်ကို ညှိနွမ်းစေနိုင်မည့် နေရာဌာနနှင့် ကိစ္စများတွင် အသုံးမပြုရန် သက်ဆိုင်ရာ သံဃာအဖွဲ့အစည်းများက အလေးထား မေတ္တာရပ်ခံလျက် ရှိသည် ကိုလည်း တွေ့ရှိရသည်။

လက်ရှိအချိန်တွင် နိုင်ငံတော် အစိုးရ အနေဖြင့် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီ လူ့ဘောင်သို့ အသွင်ကူးပြောင်းစ မြန်မာ့လူဘောင် အဖွဲ့အစည်းတွင် မလိုလားအပ်သော ပဋိပက္ခများ ဆက်လက်ဖြစ်ပေါ်လာခြင်း မရှိစေရန် နိုင်ငံတော် အစိုးရ၊ ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေး ပါတီများ၊ မီဒီယာများနှင့် ပြည်သူများ ပူပေါင်း၍ ကြိုးပမ်းတည်ဆောက်နေသော အချိန်ဖြစ်သည်။ ကိုးကွယ်ယုံကြည်ချက်ဆိုင်ရာ ကိစ္စရပ်များသည် သိမ့်မွေ့နက်နဲသော အကြောင်းအခြင်း အရာများဖြစ်၍ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှု ဘာသာသာသနာများအကြား အပြန်အလှန် လေးစားယုံကြည်မှုတို့နှင့် အတူ အထူးအလေးထား ဆောင်ရွက်သင့်ကြောင်း တွေ့ရသည်။

ဆက်လက်၍ တိုင်းမ်မဂ္ဂဇင်းပါ ဖော်ပြချက်သည် နှစ်ပေါင်းထောင်ချီ၍ တည်တံလာခဲ့သည် မြန်မာနိုင်ငံ သား အများစု ကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ သာသနာတော်အပေါ် အထင်အမြင် လွဲမှားစေပြီး လက်ရှိဆောင်ရွက်နေသည့် ဘာသာပေါင်းစုံတို့အကြား အပြန်အလှန် ယုံကြည်မှု တည်ဆောက်နေခြင်း ကို ထိခိုက်စေနိုင်ကြောင်း တွေ့ရသည်။ သို့ဖြစ်၍ THE FACE 0F BUDDHIST TERROR ဆောင်းပါးရေးသား ဖော်ပြခဲ့သည့် ၂၀၁၃ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့ထုတ် တိုင်းမ်မဂ္ဂဇင်း Vol 182, No.1 အား ကန့်ကွက်ကြောင်း ဖော်ပြထားသည်။

EMG

No comments:

Post a Comment