Monday, June 24, 2013

မြန်မာနိုင်ငံတွင် လမ်း၊ တံတားဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးရန် အမေရိကန် USAID အဖွဲ့မှ ဒေါ်လာတစ်သန်းခွဲ ကူညီမည်



Photo: မြန်မာနိုင်ငံတွင် လမ်း၊ တံတားဆိုင်ရာ နည်းပညာ ဖွံ့ဖြိုးရန် အမေရိကန် USAID အဖွဲ့မှ ဒေါ်လာတစ်သန်းခွဲ ကူညီမည်
Monday, June 24, 2013

မြန်မာနိုင်ငံတွင် လမ်း၊ တံတားနှင့် ပတ်သက်ပြီး နည်းပညာ အကူအညီ ပေးရန်အတွက် အမေရိကန်နိုင်ငံ USAID မှ အမေရိကန်ဒေါ်လာ တစ်သန်းခွဲ ကူညီဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဇွန် ၂၂ ရက်က ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ အခမ်းအနားတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံမှာ လမ်း၊ တံတားနဲ့ ပတ်သက်ပြီး နည်းပညာ အကူအညီပေးဖို့ USAID က အမေရိကန်ဒေါ်လာ တစ်သန်းခွဲ ပေးထားတယ်။ သူတို့က technical assistant ပေးမှာဖြစ်တဲ့အတွက် သူတို့ဆီက ပါမောက္ခတွေ လာသင်ပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာဆို သုဝဏ္ဏ သင်တန်းကျောင်းလိုမျိုးမှာ သင်တန်းပေးသွားဖို့လည်း ရှိတယ်။ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းက ကလေးတွေ တက်ချင်တယ်ဆိုရင်လည်း စီစဉ်ပေးပါ့မယ်" ဟုလည်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ USAID အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် လမ်း၊ တံတားဆိုင်ရာ သင်တန်းများကို ယခုနှစ်အတွင်းမှ စတင်ကာ သင်တန်းများပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းသားများ၏ လုပ်ဆောင်နိုင်စွမ်းကို ကြည့်၍ နှစ်အလိုက် ဘတ်ဂျက်များ ချထားပေးကာ သင်တန်းပို့ချပေးရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ အခမ်းအနားကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ Function Hall တွင် ကျင်းပခဲ့ရာ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

EMG
ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းအား ရှင်းလင်းပွဲတွင် တွေ့ရစဉ်
မြန်မာနိုင်ငံတွင် လမ်း၊ တံတားနှင့် ပတ်သက်ပြီး နည်းပညာ အကူအညီ ပေးရန်အတွက် အမေရိကန်နိုင်ငံ USAID မှ အမေရိကန်ဒေါ်လာ တစ်သန်းခွဲ ကူညီဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန ၊ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ဇွန် ၂၂ ရက်က
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ အခမ်းအနားတွင် အထက်ပါ အတိုင်း ပြောကြားခဲ့သည်။

"မြန်မာနိုင်ငံမှာလမ်း၊ တံတားနဲ့ပတ်သက်ပြီး နည်းပညာ အကူအညီပေးဖို့ USAID က အမေရိကန်ဒေါ်လာ တစ်သန်းခွဲ ပေးထားတယ်။ သူတို့က technical assistant ပေးမှာဖြစ်တဲ့အတွက် သူတို့ဆီက ပါမောက္ခတွေ လာသင်ပေးမှာ ဖြစ်ပါတယ်။ ရန်ကုန်မှာဆို သုဝဏ္ဏ သင်တန်းကျောင်း လိုမျိုးမှာ သင်တန်းပေးသွားဖို့လည်း ရှိတယ်။ မြန်မာနိုင်ငံ အင်ဂျင်နီယာ အသင်းက ကလေးတွေ တက်ချင်တယ်ဆိုရင်လည်း စီစဉ်ပေးပါ့မယ်" ဟုလည်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်း က ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံ USAID အဖွဲ့အနေဖြင့် မြန်မာနိုင်ငံတွင် လမ်း၊ တံတားဆိုင်ရာ သင်တန်းများကို ယခုနှစ်အတွင်းမှ စတင်ကာ သင်တန်းများပို့ချ ပေးသွားမည်ဖြစ်ပြီး သင်တန်းသားများ၏ လုပ်ဆောင်နိုင် စွမ်းကို ကြည့်၍ နှစ်အလိုက် ဘတ်ဂျက်များ ချထားပေးကာ သင်တန်းပို့ချပေးရန် စီစဉ်ထားကြောင်းလည်း သိရှိရသည်။
ရန်ကုန်-မန္တလေး အမြန်လမ်းနှင့် ပတ်သက်သည့် ဆွေးနွေးပွဲ အခမ်းအနားကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်း၊ Function Hall တွင် ကျင်းပခဲ့ရာ ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းက ရှင်းလင်းပြောကြားခဲ့ကြောင်း သိရှိရသည်။

EMG
ပြည်သူ့ဆောက်လုပ်ရေး လုပ်ငန်းမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးကျော်လင်းအား ရှင်းလင်းပွဲ တွင် တွေ့ရစဉ်

No comments:

Post a Comment