Monday, July 22, 2013

တောင်ငူမြို့ ကင်းဆိပ်ကျေးရွာ အုပ်စုတွင် ၀မ်းပျက်ဝမ်းလျှောခြင်းများ ဆက်တိုက်ဖြစ်ပွား၊ ဓာတ်ခွဲစစ်ဆေးချက်အရ ၀မ်းပျက်ကာလ၀မ်း ရောဂါပိုး မဟုတ်ဟုသိရ

Photo: တောင်ငူမြို့ ကင်းဆိပ်ကျေးရွာ အုပ်စုတွင် ၀မ်းပျက်ဝမ်းလျှောခြင်းများ ဆက်တိုက်ဖြစ်ပွား၊ ဓာတ်ခွဲစစ်ဆေးချက်အရ ၀မ်းပျက်ကာလ၀မ်း ရောဂါပိုး မဟုတ်ဟုသိရ
Monday, July 22, 2013

တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ အုပ်စုတွင် ၀မ်းပျက်ဝမ်းလျှောခြင်းများ တစ်ပတ်အတွင်း ၁၀ ဦးခန့် ဖြစ်ပွားခဲ့ပြီး ဓါတ်ခွဲစမ်းသပ် စစ်ဆေးချက်အရ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားစေသော ကာလ၀မ်းရောဂါပိုး မဟုတ်ကြောင်း တောင်ငူမြို့နယ် ကျေးလက်ကျန်းမာရေး ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

ကင်းဆိပ်ကျေးရွာအုပ်စုတွင် ကင်းဆိပ်ကျေးရွာနေ အသက် ၇၇ နှစ်ရှိ ဒေါ်အေးတင်မှ ဇူလိုင် ၁၂ ရက်တွင် ၀မ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၁၆၊ ၁၇၊ ၁၈၊ ၁၉ ရက်များတွင် ကျေးရွာအုပ်စု အောင်ပန်းစုကျေးရွာ၌ ၀မ်းပျက်ဝမ်းလျှောခြင်းများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ငါးဦးမှာ တောင်ငူမြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပြီး အသက် ၄ နှစ်နှင့် ၅ အရွယ် ကလေးများလည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။

"၀မ်းပျက်ဝမ်းလျှော ဖြစ်တာကတော့ မှန်ပါတယ်။ လေးရက်အတွင်းမှာ ဆက်တိုက်ဖြစ်လာတာကို သံသယရှိလို့ ဓါတ်ခွဲခန်းပို့ပြီး စစ်လိုက်တာ တွေ့တဲ့ပိုးက ၀မ်းပျက်ဝမ်းလျှော ဖြစ်စေတဲ့ ကာလ၀မ်းရောဂါပိုး မဟုတ်ဘူး။ ခရီးသွားရင်း ပါလာတဲ့ ရောဂါပိုး တစ်မျိုးမျိုးလည်း ဖြစ်နိုင်တယ်။ ဒီရွာမှာ ၀မ်းပျက်ဝမ်းလျှောဖြစ်ပြီး သေတဲ့သူတွေတော့ မရှိသေးပါဘူး" ဟု ကင်းဆိပ်ကျေးရွာအုပ်စု ကျန်းမာရေးဌာနမှ နယ်မြေခံ သားဖွားဆရာမ ဒေါ်နော်စိုဂေမှ ရှင်းပြသည်။

"အဖွားက ရန်ကုန်က သားသမီးတွေဆီ သွားလည်သေးတယ်။ အခုလို ၀မ်းသွားတာတွေ မဖြစ်ခင် အစားစားလို့ မရဘူး။ စားလည်း နည်းနည်းပဲဝင်တယ်။ အဲဒီကနေ တောင်ငူကို ရထားနဲ့ ပြန်လာတာ ရထားပေါ်မှာထဲက ၀မ်းကဒလဟော သွားတော့တာပဲ အခုရွာက ကျန်းမာရေး ဆရာမက ဂရုတစိုက်လာကြည့်ပေးလို့ သက်သာနေပါပြီ" ဟု ၀မ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားသည့် ဒေါ်အေးတင်က ပြောသည်။

တောင်ငူမြို့ ကင်းဆိပ်ကျေးရွာ အုပ်စုတွင် တစ်ပတ်အတွင်း ၀မ်းပျက်ဝမ်းလျှောခြင်းများ ဆက်တိုက်ဖြစ်ပွားပြီးနောက် ကျေးလက်ကျန်းမာရေး ဌာနခွဲမှ တာဝန်ရှိသူ ဦးသိန်းအောင်နှင့်အဖွဲ့မှ ရေတွင်းရေကန်များတွင် ကာလ၀မ်းရောဂါ ကာကွယ်ဆေး (ကလိုရင်းဆေးအမှုန့်) များ ထည့်ပေးခြင်းကို လုပ်ဆောင်ပေးခဲ့ပြီး၊ ယခုရက်ပိုင်းအတွင်း၌ ကင်းဆိပ်ရွာမှ အသက် ၃၀ ခန့် အမျိုးသားတစ်ဦးနှင့် ဆူးတပ်ရွာမှ ကောက်စိုက်သမတစ်ဦး ၀မ်းပျက်ဝမ်းလျှောခြင်းကြောင့် သေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့၏ ပြောကြားချက်အရ သိရှိရသည်။

ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိသော တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ
Eleven Media Group
ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားလျက်ရှိသော တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ
တောင်ငူမြို့နယ် ကင်းဆိပ်ကျေးရွာ အုပ်စုတွင် ၀မ်းပျက်ဝမ်းလျှောခြင်းများ တစ်ပတ်အတွင်း ၁၀ ဦး ခန့် ဖြစ်ပွားခဲ့ပြီး ဓါတ်ခွဲစမ်းသပ် စစ်ဆေးချက်အရ ၀မ်းပျက်ဝမ်းလျှော ဖြစ်ပွားစေသော ကာလ၀မ်းရောဂါ ပိုး မဟုတ်ကြောင်း တောင်ငူမြို့နယ် ကျေးလက်ကျန်းမာရေး ဌာနခွဲမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြား ချက်အရ သိရှိရသည်။
ကင်းဆိပ်ကျေးရွာအုပ်စုတွင် ကင်းဆိပ်ကျေးရွာနေ အသက် ၇၇ နှစ်ရှိ ဒေါ်အေးတင်မှ ဇူလိုင် ၁၂ ရက်တွင် ၀မ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၁၆၊ ၁၇၊ ၁၈၊ ၁၉ ရက်များတွင် ကျေးရွာ အုပ်စု အောင်ပန်းစုကျေးရွာ၌ ၀မ်းပျက်ဝမ်းလျှောခြင်းများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ငါးဦးမှာ တောင် ငူမြို့ ပြည် သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရပြီး အသက် ၄ နှစ်နှင့် ၅ အရွယ် ကလေးများလည်း ပါဝင်ခဲ့ကြောင်း သိရှိရသည်။

"၀မ်းပျက်ဝမ်းလျှော ဖြစ်တာကတော့ မှန်ပါတယ်။ လေးရက်အတွင်းမှာ ဆက်တိုက်ဖြစ်လာတာကို သံသယ ရှိလို့ ဓါတ်ခွဲခန်းပို့ပြီး စစ်လိုက်တာ တွေ့တဲ့ပိုးက ၀မ်းပျက်ဝမ်းလျှော ဖြစ်စေတဲ့ ကာလ ၀မ်းရောဂါ ပိုး မဟုတ်ဘူး။ ခရီးသွားရင်း ပါလာတဲ့ ရောဂါပိုး တစ်မျိုးမျိုးလည်း ဖြစ်နိုင်တယ်။ ဒီရွာမှာ ၀မ်းပျက် ၀မ်းလျှောဖြစ်ပြီး သေတဲ့သူတွေတော့ မရှိသေးပါဘူး" ဟု ကင်းဆိပ်ကျေးရွာအုပ်စု ကျန်းမာရေး ဌာနမှ နယ်မြေခံ သားဖွားဆရာမ ဒေါ်နော်စိုဂေမှ ရှင်းပြသည်။

"အဖွားက ရန်ကုန်က သားသမီးတွေဆီ သွားလည်သေးတယ်။ အခုလို ၀မ်းသွားတာတွေ မဖြစ်ခင် အစားစားလို့ မရဘူး။ စားလည်း နည်းနည်းပဲဝင်တယ်။ အဲဒီကနေ တောင်ငူကို ရထားနဲ့ ပြန်လာတာ ရထားပေါ်မှာထဲက ၀မ်းကဒလဟော သွားတော့တာပဲ အခုရွာက ကျန်းမာရေး ဆရာမက ဂရုတစိုက် လာကြည့်ပေးလို့ သက်သာနေပါပြီ"ဟု ၀မ်းပျက်ဝမ်းလျှောရောဂါ စတင်ဖြစ်ပွားသည့် ဒေါ်အေးတင် က ပြောသည်။

တောင်ငူမြို့ ကင်းဆိပ်ကျေးရွာ အုပ်စုတွင် တစ်ပတ်အတွင်း ၀မ်းပျက်ဝမ်းလျှောခြင်းများ ဆက်တိုက်ဖြစ် ပွားပြီးနောက် ကျေးလက်ကျန်းမာရေး ဌာနခွဲမှ တာဝန်ရှိသူ ဦးသိန်းအောင်နှင့် အဖွဲ့မှ ရေတွင်းရေ ကန်များတွင် ကာလ၀မ်းရောဂါ ကာကွယ်ဆေး (ကလိုရင်းဆေးအမှုန့်) များ ထည့်ပေးခြင်းကို လုပ်ဆောင်ပေးခဲ့ပြီး၊ ယခုရက်ပိုင်းအတွင်း၌ ကင်းဆိပ်ရွာမှ အသက် ၃၀ ခန့် အမျိုးသားတစ်ဦးနှင့် ဆူးတပ်ရွာမှ ကောက်စိုက်သမတစ်ဦး ၀မ်းပျက် ၀မ်းလျှောခြင်းကြောင့် သေဆုံးမှု များ ဖြစ်ပွား ခဲ့ကြောင်း ဒေသခံ အချို့၏ ပြောကြားချက်အရ သိရှိရသည်။

Eleven Media Group

No comments:

Post a Comment