Sunday, July 21, 2013

သန်လျင်မြို့နယ်တွင် လူသတ်မှုဖြစ်

Photo: သန်လျင်မြို့နယ်တွင် လူသတ်မှုဖြစ်
Sunday, July 21, 2013

၁၉.၇.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ ကိုချစ်ဦးမောင်သည် ယာဉ်နောက်လိုက်အဖြစ်အလုပ် လုပ်ကိုင်ပြီးနေအိမ်သို့ ပြန်လာစဉ် အိမ်နီးချင်းဖြစ်သူ မစန်းသီတာမှ ဇနီးဖြစ်သူမဥမ္မာဝင်း၏ ပထမအိမ်ထောင်အမျိုးသားဖြစ်သူ ရောက်ရှိနေကြောင်း
ပြောပြချက်အရ ၎င်း၏ယာဉ်မောင်းဖြစ်သူဦးလှဌေးနှင့် (၆)လမ်းဆုံရပ်ကင်းတာဝန်ကျ ရဲတပ်ကြပ်ကြီး ဌေးဝင်းတို့အား အကြောင်းကြားကာခေါ်ယူကာ နေအိမ်သို့သွားရောက်ကြည့်ရှုရာ
နေအိမ်တွင် ဇနီးဖြစ်သူ မဥမ္မာဝင်းမှာ ၀ဲ/ယာ လည်ပင်း၊ရင်အုံတို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်းခဲ့သောကြောင့် သန်လျင်မြို့မရဲစခန်း
(ပ) ၆၆၇/၂၀၁၃ ၊ ပုဒ်မ ၃၀၂ ဖြင့်အရေးယူဆောင်ရွက်ခဲ့ပါသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းရာမဥမ္မာဝင်း၏ မထမအိမ်ထောင်ဖြစ်သူ
အောင်ကျော်ဝင်း၊ (၃၂)နှစ်၊ (ဘ)ဦးသန်းမောင်၊ (၉)ရပ်ကွက်၊ သုံးခွမြို့နယ်နေသူမှ မဥမ္မာဝင်းအားလာရောက်ခေါ်ဆောင်ရာ
မရသဖြင့် ဓါးဦးချွန်၊ သံချွန်တို့ဖြင့် ထိုးခဲ့၍ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တရားခံအောင်ကျော်ဝင်းအား ဖမ်းဆီးစစ်ဆေးလျက်ရှိ
ကြောင်းသတင်းရရှိပါသည်။

Yangon Police
၁၉.၇.၂၀၁၃ ရက်နေ့ ၁၈၀၀ အချိန် သန်လျင်မြို့နယ်၊ ဘုရားကုန်းကျေးရွာနေ ကိုချစ်ဦးမောင်သည် ယာဉ်နောက်လိုက်အဖြစ်အလုပ် လုပ်ကိုင်ပြီးနေအိမ်သို့ ပြန်လာစဉ် အိမ်နီးချင်းဖြစ်သူ မစန်းသီတာမှ ဇနီးဖြစ်သူမဥမ္မာဝင်း၏ ပထမအိမ်ထောင်အမျိုးသားဖြစ်သူ ရောက်ရှိနေကြောင်း ပြောပြချက်အရ ၎င်း၏
ယာဉ်မောင်းဖြစ်သူဦးလှဌေးနှင့် (၆)လမ်းဆုံရပ်ကင်းတာဝန်ကျ ရဲတပ်ကြပ်ကြီး ဌေးဝင်းတို့အား အကြောင်းကြား ကာခေါ်ယူကာ နေအိမ်သို့သွားရောက်ကြည့်ရှုရာ  နေအိမ်တွင် ဇနီးဖြစ်သူ မဥမ္မာဝင်းမှာ ၀ဲ/ယာ လည်ပင်း၊ရင်အုံတို့တွင် ထိုးသွင်းဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အရေးယူပေးပါရန် တိုင်တန်းခဲ့သောကြောင့် သန်လျင်မြို့မရဲစခန်း (ပ) ၆၆၇/၂၀၁၃ ၊ ပုဒ်မ ၃၀၂ ဖြင့် အရေး ယူဆောင် ရွက်ခဲ့ပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းရာ မဥမ္မာဝင်း၏ မထမအိမ်ထောင်ဖြစ်သူ အောင်ကျော်ဝင်း၊ (၃၂)နှစ်၊ (ဘ)ဦးသန်းမောင်၊ (၉)ရပ်ကွက်၊ သုံးခွမြို့နယ်နေသူမှ မဥမ္မာဝင်းအား လာရောက်ခေါ်ဆောင်ရာ မရသဖြင့် ဓါးဦးချွန်၊ သံချွန်တို့ဖြင့် ထိုးခဲ့၍ သေဆုံးခြင်းဖြစ်ကြောင်း သိရှိရသဖြင့် တရား ခံအောင်ကျော်ဝင်း အား ဖမ်းဆီးစစ်ဆေးလျက်ရှိ ကြောင်းသတင်းရရှိပါသည်။
Yangon Police

No comments:

Post a Comment