Monday, July 1, 2013

(၅၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲတွင် ယခင်နှစ်များကထက် စံချိန်တင် နှစ်ဘီလျံကျော် ရောင်းချခဲ့ရ

6.30.17
နေပြည်တော် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲမြင်ကွင်း
(၅၀) ကြိမ်မြောက် မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲတွင် ယခင်နှစ်များကထက် စံချိန်တင် ၍ နှစ်ဘီလျံကျော် ရောင်းချခဲ့ရကြောင်း ကျောက်စိမ်း ရောင်းဝယ်ရေး ဌာန မြန်မာ့ကျောက်မျက်
ရတနာ ရောင်းဝယ်ရေးလုပ်ငန်း ဒုတိယ ညွှန်ကြားရေးမှူး ဗိုလ်မှူးအောင်ကျော်မိုးက ပြောကြားခဲ့သည်။
၂၀၁၃ ခုနှစ် ဇွန်တွင်ပြုလုပ်ခဲ့သည့် ရွှေရတု ကျောက်မျက်ရတနာ ရောင်းချပွဲတွင် ပြည်တွင်း ပြည်ပ လုပ်ငန်းရှင် ၇၀၀၀ ကျော် တက်ရောက်ခဲ့ပြီး ဇွန် ၁၆ ရက်တွင် ပုလဲ ၇၈ တွဲအား တင်ဒါ စနစ်ဖြင့် ရောင်း ချခဲ့ရာ ၇၆ တွဲ ရောင်းချနိုင်ခဲ့သည်။ ပုလဲအတွဲ ၂၅၅ တွဲတွင် တင်ဒါစနစ်ဖြင့် ၂၃၄ တွဲအား ရောင်းချ ခဲ့ပြီး ဈေးပြိုင်စနစ်ဖြင့် ၂၁ တွဲအား ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ဇွန် ၁၈ ရက် ပထမနေ့တွင် တွဲ ၁ မှ ၁၈၀၀ အထိ တင်ဒါ စနစ်ဖြင့် ရောင်းချခဲ့ရာ ၁၅၀၀ ကျော်ခန့်  ၊ နှစ်ရက်မြောက်နေ့တွင် ကျောက်စိမ်းတွဲပေါင်း ၁၆၀၀ ကျော်ခန့်၊ သုံးရက်မြောက်နေ့တွင် ကျောက်စိမ်း တွဲပေါင်း ၁၅၀၀ ကျော်ခန့်၊ လေးရက်မြောက်နေ့တွင် ကျောက်စိမ်းတွဲပေါင်း ၁၃၀၀ ကျော်ခန့်၊ ငါးရက်မြောက်နေ့တွင် ကျောက်စိမ်းတွဲပေါင်း ၁၆၀၀ ကျော်ခန့် ရောင်းချနိုင်ခဲ့ပြီး ဇွန် ၂၃ ရက်တွင် တင်ဒါစနစ်၏ နောက်ဆုံးနေ့အဖြစ် ကျောက်စိမ်းတွဲပေါင်း ၆၅၇ တွဲတွင် ၃၅၂ တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ဇွန် ၂၄ ရက်တွင် တင်ဒါစနစ်ဖြင့် ကျောက်စိမ်းတွဲပေါင်း ၉၆၅၇ တွဲအား ၈၅ ရာခိုင်နှုန်းကျော် ခန့် ရောင်းချနိုင်ခဲ့ပြီး ယူရိုတစ်ဘီလျံကျော်ခန့် ရရှိခဲ့သည်။
မြန်မာ့ကျောက်မျက်ရတနာ ရောင်းချပွဲတွင် ကျောက်စိမ်း ၃၄၆ တွဲ လေလံစနစ်ဖြင့် ရောင်းချရာတွင် ၂၂၈ တွဲရောင်းချခဲ့ရပြီး လေလံစနစ်နှင့် တင်ဒါစနစ် စုစုပေါင်း ကျောက်စိမ်း ၈၄၉၁ တွဲ၊ ကျောက်မျက် တင်ဒါ ၂၇၂ တွဲမှ ၆၀ တွဲရောင်းရပြီး လေလံစနစ်ဖြင့် ကျောက်မျက်တွဲပေါင်း ၁၀၇ တွဲမှ ၄၅ တွဲ ရောင်း ချခဲ့ရပြီး စုစုပေါင်း ၁၀၅ တွဲကို ယူရို ၅ သန်း ၉ သိန်းကျော် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
မြန်မာ့ကျောက်မျက် ပြပွဲအား ၁၉၆၄ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး ၂၀၁၀ ပြည့်နှစ် နှစ်လယ်ရတနာပြပွဲ မှစ၍ နေပြည်တော် မဏိရတနာ ကျောက်စိမ်းခန်းမတွင် ကျင်းပခဲ့ရာ ၂၀၁၂ ခုနှစ် (၄၉) ကြိမ်မြောက် ကျောက်မျက်ရတနာ ရောင်းချပွဲတွင် ယူရို ၅၂၆ သန်းကျော် ရောင်းချခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇွန်လတွင် ပြုလုပ်သည့် ကျောက်မျက်ရောင်းချပွဲတွင် နှစ်ဘီလျံကျော်ဖိုး ရောင်းချနိုင်ခဲ့ကြောင်း သိရ သည်။

From...EMG


No comments:

Post a Comment