Monday, July 15, 2013

လက်ပံတောင်းတောင် စာချုပ်ဟောင်းအရ ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီမှ ထုတ်လုပ်မှုအပေါ် ၉၆ ရာခိုင်နှုန်းအထိ ရရှိပြီး အစိုးရမှ လေးရာခိုင်နှုန်းသာ ရရှိ၊ ပြန်ပြင်သည့် စာချုပ်အရ အစိုးရမှ ၅၁ ရာခိုင်နှုန်းအထိ ပြန်ရမည်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အတွက် မြန်မာဝမ်ပေါင်မှ ယခင်ချုပ်ဆိုထားသည့် ထုတ်လုပ်မှု အပေါ် ခွဲဝေခံစားသည့် စာချုပ်အရ ဆိုပါက အစိုးရအနေဖြင့် လေးရာခိုင်နှုန်းသာ ရရှိပြီး ဦးပိုင်နှင့် ၀မ်ပေါင်ကုမ္ပဏီက ၉၆ ရာခိုင်နှုန်းအထိ ရရှိကြောင်း စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ပြန်လည်ပြင်ဆင် ချုပ်ဆိုခွင့် ပြုလိုက်သော စာချုပ်အရ ဆိုပါက မြန်မာအစိုးရ (သတ္တုတွင်း ၀န်ကြီးဌာန)မှ ၅၁ ရာခိုင်နှုန်းအထိ ပြန်လည် ရရှိ မည်ဖြစ်ပြီး မြန်မာ့ စီးပွားရေး ဦးပိုင်လီမိတက်မှ ၁၉ ရာခိုင်နှုန်း၊ ၀မ်ပေါင်ကုမ္ပဏီ (Wanbao Mining Ltd) မှ ရာခိုင်နှုန်း ၃၀ သာ ရရှိမည် ဖြစ်သည်။
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား စတင်စာချုပ်စဉ်က ထုတ်လုပ်မှုအပေါ် ခွဲဝေခံစားသည့် စနစ် (Production Sharing Con-tract) ဖြင့် သဘောတူ ချုပ်ဆို လုပ်ကိုင်ခဲ့ကြောင်း၊ ထိုသို့ လုပ်ကိုင်ရာ တွင် မြန်မာအစိုးရ (သတ္တုတွင်း ၀န်ကြီးဌာန) မှရရှိသည့် လေးရာခိုင်နှုန်းမှာလည်း ဓာတ်သတ္တုခွန် အဖြစ်သာ ရရှိခြင်းဖြစ်ကြောင်း သိရသည်။

ပြန်လည်ပြင်ဆင် ချုပ်ဆိုခွင့် ပြုလိုက်သော စာချုပ်အရ ဆိုပါက မြန်မာအစိုးရ (သတ္တုတွင်း ၀န်ကြီးဌာန)မှ ၅၁ ရာခိုင်နှုန်းအထိ ပြန်လည် ရရှိမည်ဖြစ်ပြီး မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ ၁၉ ရာခိုင်နှုန်း၊ ၀မ်ပေါင်ကုမ္ပဏီ (Wanbao Mining Ltd) မှ ရာခိုင်နှုန်း ၃၀ သာ ရရှိမည်...


ကျန် ၉၆ ရာခိုင်နှုန်းကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီမှ ရရှိနေခြင်းဖြစ် ပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေအရလည်း အခွန်ကင်းလွတ်ခွင့် ရရှိထားကြောင်း သိရသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ကြေးနီတစ်တန် ထုတ်လုပ်ကုန်ကျစရိတ်မှာ အမေရိကန် ဒေါ်လာ ၃၆၀၀ ရှိပြီး ပြန်လည် တင်ပို့ပါက တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၀၀၀ မှ ၇၀၀၀ အထိ ရရှိကြောင်း သိရသည်။
ထိုသို့ ချုပ်ဆိုထားသည့် စာချုပ်ကို ပြန်လည်ပြင်ဆင် ရေးဆွဲရန်အတွက် ညှိနှိုင်းပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်သို့ တင်ပြခဲ့ရာ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ဇူလိုင် ၁၀ ရက်က ကျင်းပသည့် အစည်းအဝေးတွင် ပြင်ဆင်ချုပ်ဆိုခွင့် ပြုခဲ့သည်ဟု အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ၀န်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
စံပယ်တောင်၊ ကြေးစင်တောင် ကြေးနီသတ္တုသိုက် စီမံကိန်းအား ယခင်က အမှတ်(၁)သတ္တုတွင်း လုပ်ငန်းမှ ရာခိုင်နှုန်း ၅၀ နှင့် အိုင်ဗင်ဟိုးလ် မြန်မာဟိုးလ်ဒင်း လီမိတက်မှရာခိုင်နှုန်း ၅၀ အချိုးဖြင့် ပူးပေါင်းလုပ်ကိုင် ခဲ့ကြခြင်း ဖြစ်သည်။ ထိုသို့ပူးပေါင်းလုပ်ကိုင်နေသည့် စီမံကိန်းအား ၀မ်ပေါင် ကုမ္ပဏီ၏ လက်အောက်ခံ Yang Tse Mining Ltd သည် အိုင်ဗင်ဟိုးလ် မြန်မာဟိုလ်းဒင်းလီမိတက်၏ အစုရှယ်ယာ ရာခိုင်နှုန်း ၅၀ အား အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် လည်းကောင်း၊ အမှတ် (၁)သတ္တုတွင်း လုပ်ငန်း ပိုင် အစုရှယ်ယာ ရာခိုင်နှုန်း ၅၀ ကို မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်မှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဖြင့် လည်းကောင်း အသီးသီး လွှဲပြောင်းရယူခဲ့ကြခြင်း ဖြစ်သည်။

From...EMG

No comments:

Post a Comment