Tuesday, July 30, 2013

ရိုဟင်ဂျာတွေ ခိုလှုံခွင့်မတောင်းခဲ့ဘူးလို့ အရှေ့တီမောဆို


မြန်မာနိုင်ငံကနေ ရှောင်တိမ်းခဲ့ကြတဲ့ ရိုဟင်ဂျာတွေဟာ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ အရှေ့ တီမောနိုင်ငံမှာ သောင်တင်တာတွေရှိခဲ့ (Credit: ABC) 
အရှေ့တီမောနိုင်ငံကို ​လှေတွေနဲ့ ​ရောက်ရှိလာတဲ့ ​ခိုလှုံခွင့်တောင်းလိုသူ ​ရိုဟင်ဂျာတွေကို ​အရှေ့ တီမောနိုင်ငံက ​လက်မခံပဲ ​အင်ဒိုနီးရှားပိုင်နက်ထဲ ​ပြန်သွားဖို့ ​ပြောခဲ့တယ်ဆိုတဲ့အပေါ် ​အရှေ့တီမော အစိုးရက ​ငြင်းပယ်လိုက်ပါတယ်။
ဒီလ ​အစောပိုင်းတုန်းကပဲ ​မြန်မာနိုင်ငံက ​ရိုဟင်ဂျာအများစုပါဝင်တဲ့ ​လူပေါင်းတစ်ရာလောက်ဟာ ​သြစတြေးလျနိုင်ငံကို ​လှေတွေနဲ့ ​ခိုးဝင်ဖို့ ​ကြိုးစားတုန်း ​ပင်လယ်ပြင်မှာ ​ဒုက္ခရောက်ပြီး ​အရှေ့ ​တီမော ​နိုင်ငံကို ​မျောပါသွားခဲ့ပါတယ်။
ဒီလို ​ဒုက္ခရောက်သူတွေကို ​အရှေ့တီမောနိုင်ငံက ​လက်မခံပဲ ​အင်ဒိုနီးရှားပိုင်နက်ထဲပြန် တွန်းပို့တဲ့ အတွက် ​နိုင်ငံတကာဥပဒေကို ​ချိုးဖောက်ရာ ​ရောက်တယ်လို့ ​ပြောခဲ့တာကို ​အရှေ့တီမော အစိုးရက ​ငြင်း ဆိုလိုက်တာ ​ဖြစ်ပါတယ်။ ​အရှေ့တီမောအနေနဲ့ ​ရောက်ရှိလာတဲ့ ​လှေကို ​ပြုပြင်ပေးခဲ့ပြီး ​လာရာလမ်း ​အတိုင်း ​ပြန်ဖို့သာ ​ပြောပြီး ​လှေပေါ်ပါလာသူတွေ ​ကလည်း ​ပြန်သွားဖို့ ​သဘောတူ ​ခဲ့တယ်လို့ ​ဆိုပါတယ်။
အရှေ့တီမောကို ​မျောပါသွားရာမှာ ​ပါဝင်ခဲ့တဲ့ ​ဇော်ဝင်းဆိုသူကတော့ ​သူတို့ကို ​အရှေ့တီမောနိုင်ငံမှာ ​ခိုလှုံခွင့်ပေးဖို့ ​တောင်းဆိုခဲ့ပေမယ့် ​အရှေ့တီမောအာဏာပိုင်တွေက ​ခိုလှုံခွင့်ပေးဖို့ ​ငြင်းဆိုခဲ့တယ် လို့ ​ပြောပါတယ်။
အရှေ့တီမောအစိုးရကတော့ ​အရှေ့တီမောမှာ ​စာနာစိတ်၊ ​သနားစိတ်ရှိတဲ့အကြောင်း ​မိမိတို့နိုင်ငံမှာ ​ဘာသာရေး၊ ​နိုင်ငံရေးအခြေအနေကြောင့် ​နေထိုင်လို့မရပဲ ​တပါးနိုင်ငံကို ​ထွက်ပြေးနေရသူတွေအပေါ် ​စာနာပြီး ​ခိုလှုံခွင့်ပေးဖို့ ​အသင့်ရှိပေမယ့် ​ခုချိန်ထိ အရှေ့တီမောနိုင်ငံမှာ ​အခြေချခွင့်​ပေးဖို့ ​တောင်း ဆိုလာတဲ့ ​ခိုလှုံခွင့်တောင်းခံသူ ​တစ်ဦးတစ်ယောက်မှ ​မရှိသေးဘူးလို့ ​အရှေ့တီမော ​နိုင်ငံခြားရေး ဝန်ကြီး ​Jose ​Louis ​Guterres ​က ​တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

ABC Radio

No comments:

Post a Comment