Sunday, July 21, 2013

အရှေ့မြောက် ဖျားက လောင်း ကစားမြို့ပျက်

Photo: အရှေ့မြောက်ဖျားက လောင်းကစားမြို့ပျက်
Sunday, July 21, 2013

ဆောင်းတစ်မျိုး၊ နွေတစ်မျိုး၊ မိုးတစ်မျိုး လှပနေသည့်နေရာ၊ သစ်ပင်မပေါက်သော တောင်ပူစာကလေးများ စီတန်းနေသည့် ချန်ယိမ်းခူး လွင်ပြင်သည် ဇူလိုင်မိုးဖွဲများ အောက်တွင် စိမ်းစိုနေပြီး မြူခိုးများ ရစ်သိုင်းလျက် ရှိသည်။ ပန်းအဝါရောင်များ ဖူးပွင့်ရာ ပန်းဝါလွင်ပြင်ဟု တင်စားခေါ်ဝေါ်ကြသော ချန်ယိမ်းခူး လွင်ပြင်အနီးတွင် အဖိုးတန် အဆောက်အအုံများဖြင့် ပြည့်နှက် လျက် ရှိသော်လည်း တစပြင်ကဲ့သို့ တိတ်ဆိတ်နေသည်။

ဖြောင့်ဖြူးနေသော ကွန်ကရစ်လမ်းမပေါ်တွင် မြင်းချေး၊ နွားချေးတို့ဖြင့် ပြည့်နှက်နေပြီး တန်ဖိုးကြီးမားစွာ တည်ဆောက်ထားသော အဆောက်အအုံတို့တွင် ကာရံထားသည့် မှန်ချပ်တို့က ကွဲကျကာ ပြန့်ကျဲလျက်ရှိပြီး လူတစ်ဦးတစ်ယောက်မျှ ထွက်လာသည်ကို မတွေ့ရ။ အဆောက်အအုံ ပျက် တစ်ခုရှေ့တွင်မူ ခွေးတစ်ကောင် အညောင်းဆန့်နေသည်။

ထိုနေရာမှာ မြန်မာနိုင်ငံ အရှေ့မြောက်ဖျား ကချင်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သော ပန်ဝါမြို့နှင့် လေးမိုင်ခန့် အကွာတွင်ရှိသည့် လောင်းကစားရုံများ ဖွင့်လှစ်ခဲ့ရာ တရုတ်အမည် ‘ခိုင်ဖာရှီ’ ဟူသော အမည်ဖြင့် မြို့သစ်စီမံကိန်း အိမ်ရာများ ဖြစ်သည်။ ၂၀၁၀ ဝန်းကျင်တွင် အထူးစည်ကားသည့်နေရာ ဖြစ်သော်လည်း ယခုမူ ပန်ဝါ-ချီဖွေ ကားလမ်းမကြီးပေါ် ဆိုင်တစ်ဆိုင်နှစ်ဆိုင် ဖွင့်ထားသည်မှအပ လူတစ်ဦးတစ်ယောက်မျှ မနေကြတော့ပေ။

ယင်းမြို့ပြ စီမံကိန်းကို ၂၀၀၄ ခုနှစ်တွင် ကချင်အထူးဒေသ (၁) နှင့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ အကျိုးတူပူးပေါင်းကာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည်။ မြို့ပြသစ် စီမံကိန်းအတွက် မြေဧက ၅၀ နီးပါးလျာထားပြီး ၁၀ ဧကခန့်တွင် အဆောက်အအုံများ တည်ဆောက်ပြီးချိန်၌ ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းလောင်းကစားရုံများ ဖွင့်လှစ်ချိန်တွင် တရုတ်စီးပွားရေး လုပ်ငန်းရှင်များက တစ်ရက်လျှင် ယွမ်ငွေ သိန်းချီ ဖြုန်းတီးခဲ့ကြပြီး အချို့လောင်းကစားသမားများမှာ တရုတ်နိုင်ငံ၏ အစိုးရဝန်ထမ်းများ ဖြစ်သောကြောင့် ဌာနဆိုင်ရာငွေများ သုံးဖြုန်းသည့်အတွက် အရေးယူရသူများ ရှိသည့်အပြင် တရုတ်ယွမ်ငွေများစွာ မြန်မာနိုင်ငံ နယ်နိမိတ် အတွင်းရှိ လောင်းကစားဝိုင်းသို့ စီးဆင်းနေသည့် အတွက်လည်း လောင်းကစားရုံ ဖွင့်လှစ်သော လုပ်ငန်းရှင်များကို အရေးယူခဲ့သောကြောင့် ပိတ်ပင်ပြီးနောက် ကေအိုင်အေနှင့် တိုက်ပွဲ ဖြစ်ပွားသည့်အတွက် ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိတော့ကြောင်း ကချင်အထူးဒေသ (၁) ၏ ပြောဆိုချက်များအရ သိရသည်။

အဆိုပါ လောင်းကစားဝိုင်းသည် ပိုင်ဆိုင်မှုများ ပြနိုင်ပါက ငွေထုတ်ချေးပေးပြီး လောင်းကစားဝိုင်း ပြီးလျှင် ပြန်လည် ပေးဆပ်ရကာ မပေးဆပ်နိုင်ပါက ဟိုတယ်တွင် အကျယ်ချုပ်သဘော ထိန်းသိမ်းထားပြီး ငွေနှင့်ရွေးခိုင်းသည့် ပြန်ပေးဆွဲဆန်ဆန် ပုံစံဖြစ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောပြ သည်။
“လောင်းကစားဝိုင်းမှာ လုပ်တဲ့သူက တစ်လကို ယွမ်တစ်ထောင်လောက် (မြန်မာငွေ ကျပ်နှစ်သိန်းနီးပါး) ရတယ်” ဟု ၎င်းက ပြောပြသည်။

ထိုစဉ်က ပန်ဝါနှင့် ခိုင်ဖာရှီ (မြို့ပြသစ်) တွင် ကချင်ပြည်နယ်တွင်းရှိ အခြေခံ လူတန်းစားများသာမက မြန်မာနိုင်ငံ အလယ်ပိုင်း၊ အောက်ပိုင်းဒေသများကပါ အလုပ်လာရောက် လုပ်ကိုင်ကြပြီး အလုပ် အကိုင် အခွင့်အလမ်းများ ပေါများခဲ့သည်။ သို့သော် ယင်းမြို့ပြသစ်ရှိ လောင်းကစားဝိုင်းမှာ တရားဝင် ဖွင့်လှစ်ခြင်းတော့ မဟုတ်ပေ။

ထိုကဲ့သို့ လောင်းကစားဝိုင်းများမှာ ပန်ဝါဒေသတွင်သာ ရှိသည်မဟုတ်၊ နယ်စပ်ဒေသများ ဖြစ်သည့် ကံပိုက်တည်၊ မိုင်ဂျာယန်၊ ပန်ဆန်၊ ကော့သောင်း ၊သူဌေးကျွန်း အစရှိသော နေရာများတွင် ကာဆီနိုဟု ခေါ်သော လောင်းကစားဝိုင်းများ ရှိနေသည်။

ကချင်အထူးဒေသ (၁)နယ်မြေအတွင်း ပန်ဝါဒေသနှင့် ကံပိုက်တည်တို့တွင် လောင်းကစားဝိုင်းများ ရှိခဲ့သော်လည်း လက်ရှိတွင် မြို့ပျက်ကဲ့သို့ ဖြစ်နေသည်။
ထိုစဉ်က လောင်းကစားဝိုင်းများကို ဖွင့်လှစ်ခဲ့သည့်အတွက် ကချင်အထူးဒေသ (၁) လူမျိုးစု အကြီးအကဲ ဦးဇခုန်တိန့်ယိန်းကို ဒေသဖွံ့ဖြိုးရေးထက် ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

လက်ရှိလူမျိုးစု အကြီးအကဲ ဖြစ်နေသူ ဦးဇခုန်ယိမ်းဆောင်ကမူ ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် လမ်းများဖောက်လုပ်ခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်များ စာရင်းဇယားများ ရှိကြောင်း ပြောကြားသည်။
သို့သော် ၎င်းက“လောင်းကစားဝိုင်းက ဝင်တဲ့ငွေတွေက တရားဝင်တော့ မဟုတ်ဘူး” ဟုလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံပြောပြသည်။

နယ်စပ်ဒေသများတွင် လောင်းကစားဝိုင်းများကို နိုင်ငံတော်အစိုးရက ဥပဒေဖြင့် လုပ်ကိုင်နိုင်လျှင် ကောင်းမွန်မည်ဟုလည်း မှတ်ချက်ပေးသည်။

လက်ရှိ အနေအထားအရ ကချင်အထူးဒေသ (၁) နယ်မြေ အတွင်းတွင် ကေအိုင်အေနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ ရပ်နားထားပြီး လောင်းကစားရုံများ လည်း ပြန်ဖွင့်လာနိုင်သည့် အနေအထား မရှိကြောင်း တွေ့ရသည်။

အကျည်းတန်နေသော ခိုင်ဖာရှီသည် စတင်ဖွင့်လှစ်စက ဟိုတယ်နှင့် လောင်းကစားရုံကြီး လေးရုံနှင့် ညဈေးတန်းများကို ဖွင့်လှစ်ပြီး လောင်းကစားရုံများ ပိတ်ရသည့် အချိန်တွင် လူအနည်းငယ် ရှိသေး သော်လည်း ကေအိုင်အေနှင့် တိုက်ပွဲဖြစ်ပွားချိန်တွင် ဒုက္ခသည် ခိုလှုံရန် ထားရှိသေးသော်လည်း နယ်မြေ မလုံခြုံသည့်အတွက် ပန်ဝါမြို့ထဲသို့ ပြောင်းရွှေ့ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
“တိုက်ပွဲအတွင်းမှာ အဆောက်အအုံထဲက ပစ္စည်းတွေ အကုန်ပျက်စီးကုန်တယ်။ တချို့ပျက်စီးတာကလည်း အနီးတစ်ဝိုက်က လူတွေထုခွာယူကြတယ်” ဟု ဒေသခံတစ်ဦးက လောင်းကစားရုံ၏ မျက်နှာစာ မှန်ချပ်တွင် သေနတ်ကျည် ထွင်းဖောက်သွားခြင်းကို လက်ညှိုးထိုးပြကာ ပြောပြသည်။

ယင်းလောင်းကစားဝိုင်း အဆောက်အအုံများ၊ ဆိုင်ခန်းနှင့် အိမ်အဆောက်အအုံများကို နယ်မြေ ငြိမ်းချမ်းလာသည့် အချိန်တွင် ကုန်သွယ်ရေးဇုန် ဖွင့်လှစ်ကာ ဂိုဒေါင်များ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ကချင်အထူးဒေသ (၁) ၏ အကြီးအကဲအပြင် ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးဇခုန်ယိမ်းဆောင် ပြောကြားသည်။

အစိုးရနှင့် ကေအိုင်အိုတို့မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရသေးဘဲ အချက်ခုနစ်ချက်ပါသော သဘောတူညီမှုကို မေလ ၃၁ ရက်နေ့က မြစ်ကြီးနားမြို့ မနောကွင်းတွင် လက်မှတ်ရေးထိုးထားသည့် အခြေအနေသာ ရှိသေးသည်။ အပစ်အခတ် ရပ်စဲကာ ငြိမ်းချမ်းရေး ရရန်မှာမူ ထင်ထင်ရှားရှား မမြင်ရသေးပေ။ တိုက်ပွဲများကြောင့် ရှောင်တိမ်းလာသော ဒုက္ခသည် များလည်း နယ်မြေငြိမ်းချမ်းရေးကို မျှော်လင့်နေကြဆဲ ဖြစ်သည်။

မှန်စမှန်ကွဲများ ပြန့်ကျဲလျက် နွားချေး၊ မြင်းချေးများဖြင့် ညစ်ပတ်နေသော အဆောက်အအုံပျက် တို့အပြင် ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် ဖောက်လုပ်ထားသော လမ်းများ၊ တံတားများ ပျက်စီးနေခြင်းများနှင့် စီးပွားရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်ခြင်းတို့မှာ တိုက်ပွဲ၏ လက်ရှိအခြေအနေကို ညွှန်ပြနေခြင်း ဖြစ်သည်။

ယခင်က အထူးစည်ကားခဲ့သော လောင်းကစားရုံများနှင့် အဆောက်အအုံဟု ထင်မှတ်စရာမရှိ။ ခိုင်ဖာရှီ အမည်ရှိသော တရုတ်စာတန်းကြီးမှာ ပျက်စီးနေပြီး အကာအရံ အုတ်နံရံများမှာလည်း ပြိုကျပျက်စီးကာ ချီဖွေ-ပန်ဝါ တောင်ပေါ်လမ်း၏ အနောက်ဘက် ထင်ရှူးတောအုပ်များ အလယ်တွင် အထီးကျန်စွာ တည်ရှိနေသည်။ ဇူလိုင်မိုးဖွဲများက တဖွဲဖွဲကျကာ မြူနှင်းများ ရစ်သိုင်းနေဆဲ ဖြစ်သည်။

(မင်းထက်စံ)
The Voice Weekly
ဆောင်းတစ်မျိုး၊ နွေတစ်မျိုး၊ မိုးတစ်မျိုး လှပနေသည့်နေရာ၊ သစ်ပင်မပေါက်သော တောင်ပူ စာကလေးများ စီတန်းနေသည့် ချန်ယိမ်းခူး လွင်ပြင်သည် ဇူလိုင်မိုးဖွဲများ အောက်တွင် စိမ်း စိုနေပြီး မြူခိုးများ ရစ်သိုင်းလျက်ရှိသည်။ ပန်းအဝါရောင်များ ဖူးပွင့်ရာ ပန်းဝါလွင်ပြင်ဟု တင် စားခေါ်ဝေါ်ြ ကသော ချန်ယိမ်းခူးလွင်ပြင်အနီးတွင် အဖိုးတန်အဆောက်အအုံများဖြင့် ပြည့်နှက်လျက် ရှိသော်လည်း တစပြင်ကဲ့သို့ တိတ်ဆိတ်နေသည်။ဖြောင့်ဖြူးနေသော ကွန်ကရစ်လမ်းမပေါ် တွင် မြင်းချေး၊ နွားချေး တို့ဖြင့် ပြည့်နှက်နေပြီး တန်ဖိုးကြီးမားစွာ တည်ဆောက်ထားသော အဆောက်အအုံတို့တွင် ကာရံထား သည့် မှန်ချပ်တို့က ကွဲကျကာ ပြန့်ကျဲလျက်ရှိပြီး လူတစ်ဦးတစ်ယောက်မျှ ထွက်လာ သည်ကို မတွေ့ ရ။ အဆောက် အအုံ ပျက် တစ်ခုရှေ့တွင်မူ ခွေးတစ်ကောင် အညောင်းဆန့်နေ သည်။

ထိုနေရာမှာ မြန်မာနိုင်ငံ အရှေ့မြောက်ဖျား ကချင်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သော ပန်ဝါမြို့နှင့် လေးမိုင် ခန့် အကွာတွင်ရှိသည့် လောင်းကစားရုံများ ဖွင့်လှစ်ခဲ့ရာ တရုတ်အမည် ‘ခိုင်ဖာရှီ’ ဟူသော အမည်ဖြင့် မြို့သစ်စီမံကိန်း အိမ်ရာများ ဖြစ်သည်။ ၂၀၁၀ ဝန်းကျင်တွင် အထူးစည်ကားသည့်နေရာ ဖြစ်သော်လည်း ယခုမူ ပန်ဝါ-ချီဖွေ ကားလမ်းမကြီးပေါ် ဆိုင်တစ်ဆိုင်နှစ်ဆိုင် ဖွင့်ထားသည်မှအပ လူတစ်ဦးတစ်ယောက် မျှ မနေကြတော့ပေ။

ယင်းမြို့ပြ စီမံကိန်းကို ၂၀၀၄ ခုနှစ်တွင် ကချင်အထူးဒေသ (၁) နှင့် တရုတ်စီးပွားရေး လုပ်ငန်းရှင်များ အကျိုးတူပူးပေါင်းကာ စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ဖွင့်လှစ်ခဲ့သည်။ မြို့ပြသစ် စီမံကိန်း အတွက် မြေဧက ၅၀ နီးပါးလျာထားပြီး ၁၀ ဧကခန့်တွင် အဆောက်အအုံများ တည်ဆောက်ပြီးချိန်၌ ဖွင့်လှစ်ခဲ့ခြင်းလည်း ဖြစ်သည်။

ယင်းလောင်းကစားရုံများ ဖွင့်လှစ်ချိန်တွင် တရုတ်စီးပွားရေး လုပ်ငန်းရှင်များက တစ်ရက်လျှင် ယွမ်ငွေ သိန်းချီ ဖြုန်းတီးခဲ့ကြပြီး အချို့လောင်းကစားသမားများမှာ တရုတ်နိုင်ငံ၏ အစိုးရဝန်ထမ်း များ ဖြစ်သောကြောင့် ဌာနဆိုင်ရာငွေများ သုံးဖြုန်းသည့်အတွက် အရေးယူရသူများ ရှိသည့်အပြင် တရုတ် ယွမ်ငွေများစွာ မြန်မာနိုင်ငံ နယ်နိမိတ် အတွင်းရှိ လောင်းကစားဝိုင်းသို့ စီးဆင်းနေသည့် အတွက် လည်း လောင်းကစားရုံ ဖွင့်လှစ်သော လုပ်ငန်းရှင်များကို အရေးယူခဲ့သောကြောင့် ပိတ်ပင် ပြီးနောက် ကေအိုင်အေနှင့် တိုက်ပွဲ ဖြစ်ပွားသည့်အတွက် ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိတော့ကြောင်း ကချင် အထူးဒေသ (၁) ၏ ပြောဆိုချက်များအရ သိရသည်။

အဆိုပါ လောင်းကစားဝိုင်းသည် ပိုင်ဆိုင်မှုများ ပြနိုင်ပါက ငွေထုတ်ချေးပေးပြီး လောင်းကစားဝိုင်း ပြီးလျှင် ပြန် လည် ပေးဆပ်ရကာ မပေးဆပ်နိုင်ပါက ဟိုတယ်တွင် အကျယ်ချုပ်သဘော ထိန်းသိမ်း ထားပြီး ငွေနှင့်ရွေး ခိုင်း သည့် ပြန်ပေးဆွဲဆန်ဆန် ပုံစံဖြစ်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောပြ သည်။ “လောင်းကစားဝိုင်းမှာ လုပ်တဲ့သူက တစ်လကို ယွမ်တစ်ထောင်လောက် (မြန်မာငွေ ကျပ်နှစ်သိန်းနီးပါး) ရတယ်” ဟု ၎င်းက ပြောပြသည်။

ထိုစဉ်က ပန်ဝါနှင့် ခိုင်ဖာရှီ (မြို့ပြသစ်) တွင် ကချင်ပြည်နယ်တွင်းရှိ အခြေခံ လူတန်းစားများ သာမက မြန်မာနိုင်ငံ အလယ်ပိုင်း၊ အောက်ပိုင်းဒေသများကပါ အလုပ်လာရောက် လုပ်ကိုင်ကြပြီး အလုပ် အကိုင် အခွင့် အလမ်း များ ပေါများခဲ့သည်။ သို့သော် ယင်းမြို့ပြသစ်ရှိ လောင်းကစားဝိုင်းမှာ တရားဝင် ဖွင့်လှစ်ခြင်းတော့ မဟုတ်ပေ။

ထိုကဲ့သို့ လောင်းကစားဝိုင်းများမှာ ပန်ဝါဒေသတွင်သာ ရှိသည်မဟုတ်၊ နယ်စပ်ဒေသများ ဖြစ်သည့် ကံပိုက်တည်၊ မိုင်ဂျာယန်၊ ပန်ဆန်၊ ကော့သောင်း ၊သူဌေးကျွန်း အစရှိသော နေရာများတွင် ကာဆီနို ဟု ခေါ်သော လောင်းကစားဝိုင်းများ ရှိနေသည်။

ကချင်အထူးဒေသ (၁)နယ်မြေအတွင်း ပန်ဝါဒေသနှင့် ကံပိုက်တည်တို့တွင် လောင်းကစားဝိုင်းများ ရှိခဲ့သော်လည်း လက်ရှိတွင် မြို့ပျက်ကဲ့သို့ ဖြစ်နေသည်။ ထိုစဉ်က လောင်းကစားဝိုင်းများကို ဖွင့်လှစ်ခဲ့ သည့် အတွက် ကချင်အထူးဒေသ (၁) လူမျိုးစု အကြီးအကဲ ဦးဇခုန်တိန့်ယိန်း ကို ဒေသဖွံ့ဖြိုးရေးထက် ကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်သည်ဟု ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။

လက်ရှိလူမျိုးစု အကြီးအကဲ ဖြစ်နေသူ ဦးဇခုန်ယိမ်းဆောင်ကမူ ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် လမ်း များဖောက်လုပ်ခြင်း၊ စာသင်ကျောင်းများ ဆောက်လုပ်ပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်များ စာရင်း ဇယားများ ရှိကြောင်း ပြောကြားသည်။ သို့သော် ၎င်းက“လောင်းကစားဝိုင်းက ဝင်တဲ့ငွေတွေက တရား ဝင်တော့ မဟုတ်ဘူး” ဟုလည်း ပွင့်ပွင့်လင်းလင်း ဝန်ခံပြောပြသည်။

နယ်စပ်ဒေသများတွင် လောင်းကစားဝိုင်းများကို နိုင်ငံတော်အစိုးရက ဥပဒေဖြင့် လုပ်ကိုင်နိုင် လျှင် ကောင်း မွန် မည်ဟုလည်း မှတ်ချက်ပေးသည်။ လက်ရှိ အနေအထားအရ ကချင်အထူးဒေသ (၁) နယ်မြေ အတွင်းတွင် ကေအိုင်အေနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့်အတွက် ဒေသတွင်း ဖွံ့ဖြိုးရေး လုပ်ငန်း စဉ်များ ရပ်နားထားပြီး လောင်းကစားရုံများ လည်း ပြန်ဖွင့်လာနိုင်သည့် အနေအထား မရှိကြောင်း တွေ့ရ သည်။

အကျည်းတန်နေသော ခိုင်ဖာရှီသည် စတင်ဖွင့်လှစ်စက ဟိုတယ်နှင့် လောင်းကစားရုံကြီး လေးရုံနှင့် ညဈေးတန်းများကို ဖွင့်လှစ်ပြီး လောင်းကစားရုံများ ပိတ်ရသည့် အချိန်တွင် လူအနည်းငယ် ရှိသေး သော်လည်း ကေအိုင်အေနှင့် တိုက်ပွဲဖြစ်ပွားချိန်တွင် ဒုက္ခသည် ခိုလှုံရန် ထားရှိသေးသော်လည်း နယ်မြေ မလုံခြုံသည့်အတွက် ပန်ဝါမြို့ထဲသို့ ပြောင်းရွှေ့ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ “တိုက်ပွဲအတွင်းမှာ အဆောက်အအုံထဲက ပစ္စည်းတွေ အကုန်ပျက်စီးကုန်တယ်။ တချို့ပျက်စီးတာကလည်း အနီးတစ်ဝိုက်က လူတွေထုခွာယူကြတယ်” ဟု ဒေသခံတစ်ဦး က လောင်း ကစားရုံ၏ မျက်နှာစာ မှန်ချပ်တွင် သေနတ်ကျည် ထွင်းဖောက်သွားခြင်းကို လက်ညှိုးထိုးပြ ကာ ပြောပြ သည်။

ယင်းလောင်းကစားဝိုင်း အဆောက်အအုံများ၊ ဆိုင်ခန်းနှင့် အိမ်အဆောက်အအုံများကို နယ်မြေ ငြိမ်းချမ်း လာသည့် အချိန်တွင် ကုန်သွယ်ရေးဇုန် ဖွင့်လှစ်ကာ ဂိုဒေါင်များ ပြုလုပ်ရန် ရည်ရွယ်ထားကြောင်း ကချင် အထူးဒေသ (၁) ၏ အကြီးအကဲအပြင် ကချင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်သူ ဦးဇခုန်ယိမ်းဆောင် ပြောကြားသည်။

အစိုးရနှင့် ကေအိုင်အိုတို့မှာ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု မရသေးဘဲ အချက်ခုနစ်ချက်ပါသော သဘောတူညီမှုကို မေလ ၃၁ ရက်နေ့က မြစ်ကြီးနားမြို့ မနောကွင်းတွင် လက်မှတ်ရေးထိုးထားသည့် အခြေအနေသာ ရှိသေးသည်။ အပစ်အခတ် ရပ်စဲကာ ငြိမ်းချမ်းရေး ရရန်မှာမူ ထင်ထင်ရှားရှား မမြင်ရသေးပေ။ တိုက်ပွဲများကြောင့် ရှောင်တိမ်းလာသော ဒုက္ခသည် များလည်း နယ်မြေငြိမ်းချမ်းရေး ကို မျှော် လင့်နေကြဆဲ ဖြစ်သည်။

မှန်စမှန်ကွဲများ ပြန့်ကျဲလျက် နွားချေး၊ မြင်းချေးများဖြင့် ညစ်ပတ်နေသော အဆောက်အအုံပျက် တို့အပြင် ဒေသတွင်း ဖွံ့ဖြိုးရေးအတွက် ဖောက်လုပ်ထားသော လမ်းများ၊ တံတားများ ပျက်စီးနေခြင်း များနှင့် စီးပွားရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်ခြင်းတို့မှာ တိုက်ပွဲ၏ လက်ရှိအခြေအနေကို ညွှန်ပြနေခြင်း ဖြစ်သည်။

ယခင်က အထူးစည်ကားခဲ့သော လောင်းကစားရုံများနှင့် အဆောက်အအုံဟု ထင်မှတ်စရာမရှိ။ ခိုင်ဖာရှီ အမည်ရှိသော တရုတ်စာတန်းကြီးမှာ ပျက်စီးနေပြီး အကာအရံ အုတ်နံရံများမှာလည်း ပြိုကျပျက်စီးကာ ချီဖွေ-ပန်ဝါ တောင်ပေါ်လမ်း၏ အနောက်ဘက် ထင်ရှူးတောအုပ်များ အလယ်တွင် အထီးကျန်စွာ တည်ရှိနေသည်။ ဇူလိုင်မိုးဖွဲများက တဖွဲဖွဲကျကာ မြူနှင်းများ ရစ်သိုင်းနေဆဲ ဖြစ်သည်။
(မင်းထက်စံ)
The Voice Weekly

No comments:

Post a Comment