မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ခြံစည်းရိုးကို တွေ့ရစဉ်
မြန်မာ-ဘင်္ဂလားနယ်စပ် တစ်လျှောက်တွင် မြန်မာဘက်မှာ မြေမြှုပ်မိုင်းများ
ထောင်နေကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များက စွပ်စွဲပြောဆို နေခြင်းမှာ
နယ်စပ်တွင်ရှိနေသည့် သောင်းကျန်သူများ၏ လက်ချက် သာ ဖြစ်နိုင်ကြောင်း
နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် ကွပ်ကဲရေးမှူး
ဗိုလ်မှူးကြီး အောင်နိုင်ဦးက ပြောကြားခဲ့သည်။
နယ်စပ် မိုင်တိုင် ၃၉ နှင့် ၄၀ အကြား၊ နယ်စပ်မျဉ်းမှ ကီလိုမီတာ ၇၀
အတွင်းတွင် မြန်မာ စစ်တပ် မှ မြေမြှုပ်မိုင်း ထောင်ထားပြီး မိုင်တိုင် ၃၇
နှင့် ၃၈ အကြားတွင်လည်း နယ်စပ်မျဉ်းမှ ကိုက် ၁၀၀ အတွင်း
မြေမြှုပ်မိုင်းများ ကို တောက်လျှောက် ချထားနေသည်ဟု စွပ်စွဲ
ပြောဆိုလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ ယင်းနေရာများသည် မြန်မာနယ်စပ်
ခြံစည်းရိုး လုပ်သားများအား အမည်မသိ လက်နက်ကိုင် တပ်ဖွဲ့မှ တိုက်ခိုက်မှု
ဖြစ်ပွားခဲ့သည့် နေရာများ ဖြစ်နေကြောင်းလည်း သိရသည်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အတွင်းပိုင်းတွင်
သောင်းကျန်းသူများ ရှိနေကြောင်းနှင့် ယင်းတို့၏ လုပ်ရပ်များသာ
ဖြစ်နိုင်ကြောင်းနှင့် အဆိုပါ သောင်းကျန်းသူများအား ဘင်္ဂလားဒေ့ရှ်
အစိုးရ အနေဖြင့် အရေးယူ ဖမ်းဆီးခြင်း မရှိကြောင်းလည်း သိရသည်။
From...EMG
No comments:
Post a Comment