Wednesday, July 10, 2013

အာဂျီနိုမိုတိုအတု ပပျောက်ပါက ရင်းနှီးမြှုပ်နှံမှု စတင်မည်ဟုဆို

Photo: အာဂျီနိုမိုတိုအတု ပပျောက်ပါက ရင်းနှီးမြှုပ်နှံမှု စတင်မည်ဟုဆို

Wednesday, 10 July 2013
မြန်မာနိုင်ငံတွင် အာဂျီနိုမိုတို ဟင်းချိုမှုန့် တံဆိပ်အတုများ ဝင်ရောက်မှု ပပျောက်မှသာ မြန်မာနိုင်ငံ တွင် စက်ရုံ ဆောက်လုပ်ရေး စတင်မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ ရှေ့နေ ဦးသန်းမောင်က The Voice သို့ ပြောကြားသည်။

တံဆိပ် အတုများကြောင့် ကုမ္ပဏီအတွက် ထိခိုက်မှုများ ရှိလာနိုင်သည့် အတွက် တရားဥပဒေအရ ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ဆာကူရာ တာဝါတွင် ရုံးခန်း ဖွင့်လှစ်ထားသော ဂျပန်နိုင်ငံ အခြေစိုက် အဆိုပါ ကုမ္ပဏီက ဇူလိုင်လ ၁ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှ တစ်ဆင့် တရားဝင် ထုတ်ပြန်ထားသည်။

လက်ရှိ အာဂျီနိုမိုတို ဟင်းချိုမှုန့်များကို ထိုင်းနိုင်ငံမှ တစ်ဆင့် တင်သွင်း ထားသော်လည်း တရုတ် ပြည်သူ့သမ္မတနိုင်ငံအတွင်းမှ တံဆိပ် အတုအပ များ ရောနှော ဝင်ရောက်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။

အာဂျီနိုမိုတို ဟင်းချိုမှုန့် တံဆိပ်အတုများသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ၏ အိမ်တွင်းလုပ်ငန်းများမှ တစ်ဆင့် မြန်မာနိုင်ငံသို့ တရားမဝင် တင်သွင်းလျက်ရှိကြောင်း ဦးသန်းမောင်က The Voice သို့ ရှင်းလင်း ပြောကြားသည်။

ဂျပန်နိုင်ငံ အခြေစိုက် အာဂျီနိုမိုတို ကုမ္ပဏီသည် ၂၀၁၃ ခုနှစ် အစောပိုင်း ကတည်းက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသော် လည်း အကြောင်း အမျိုးမျိုးကြောင့် ရွှေ့ဆိုင်းခဲ့ရာ ယခုအကြိမ် တံဆိပ် အတုများ ပပျောက်ပါက ရင်းနှီးမြှုပ်နှံမှု ပြန်လည် စတင်သွားမည်ဟု ဆိုခြင်း ဖြစ်သည်။
The Voice Weekly
မြန်မာနိုင်ငံတွင် အာဂျီနိုမိုတို ဟင်းချိုမှုန့် တံဆိပ်အတုများ ဝင်ရောက်မှု ပပျောက် မှသာ မြန်မာနိုင်ငံ တွင် စက်ရုံ ဆောက်လုပ်ရေး စတင် မည်ဖြစ်ကြောင်း အဆိုပါ ကုမ္ပဏီ၏ ရှေ့နေ ဦးသန်းမောင်က The Voice သို့ ပြောကြားသည်။
တံဆိပ်အတုများကြောင့် ကုမ္ပဏီအတွက် ထိခိုက်မှုများရှိလာနိုင်သည့်အတွက် တရားဥပဒေအရ ရင်ဆိုင် သွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ ဆာကူရာ တာဝါတွင် ရုံးခန်း ဖွင့်လှစ်ထားသော ဂျပန်နိုင်ငံအခြေစိုက် အဆိုပါ ကုမ္ပဏီက ဇူလိုင်လ ၁ ရက်နေ့တွင် နိုင်ငံပိုင် သတင်းစာများမှတစ်ဆင့် တရားဝင်ထုတ်ပြန် ထား သည်။

လက်ရှိ အာဂျီနိုမိုတို ဟင်းချိုမှုန့်များကို ထိုင်းနိုင်ငံမှ တစ်ဆင့် တင်သွင်းထားသော်လည်း တရုတ် ပြည်သူ့ သမ္မတနိုင်ငံအတွင်းမှ တံဆိပ် အတုအပ များ ရောနှော ဝင်ရောက်လျက်ရှိကြောင်း ၎င်းက ထပ်လောင်း ပြောကြား သည်။

အာဂျီနိုမိုတို ဟင်းချိုမှုန့် တံဆိပ်အတုများသည် တရုတ် ပြည်သူ့သမ္မတနိုင်ငံ ၏ အိမ်တွင်းလုပ်ငန်းများမှ တစ်ဆင့် မြန်မာနိုင်ငံသို့ တရားမဝင်တင်သွင်းလျက်ရှိကြောင်း ဦးသန်းမောင်က The Voice သို့ ရှင်းလင်း ပြောကြားသည်။

ဂျပန်နိုင်ငံ အခြေစိုက် အာဂျီနိုမိုတို ကုမ္ပဏီသည် ၂၀၁၃ ခုနှစ် အစောပိုင်း ကတည်းက မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံရန် စီစဉ်ထားသော် လည်း အကြောင်း အမျိုးမျိုးကြောင့် ရွှေ့ဆိုင်းခဲ့ရာ ယခုအကြိမ် တံဆိပ် အတုများ ပပျောက်ပါက ရင်းနှီးမြှုပ်နှံမှု ပြန်လည် စတင်သွားမည်ဟု ဆိုခြင်း ဖြစ်သည်။
The Voice Weekly

No comments:

Post a Comment