Sunday, July 28, 2013

စူပါဖလားပွဲတွင် ချန်ပီယံလိဂ် ရှုံးကြွေးပြန်ဆပ်ခဲ့တဲ့ ရဲရဲတောက် ဒေါ့မွန်

ဂျာမန် စူပါဖလားပွဲမှာ ရှုံးကြွေးပြန်ဆပ်ခဲ့တဲ့ ရဲရဲတောက် ဒေါ့မွန်ဂွာဒီယိုလာနဲ့ ဘိုင်ယန်အတွက် အဖွင့်ကြမ်းခဲ့တယ်လို့ ဆိုရ မလောက်အောင် ဂျာဂျန်ကလော့နဲ့ ဒေါ့မွန်ရဲ့ ရဲရဲတောက် တိုက်ကွက်က
အလုပ်ဖြစ်ခဲ့ပါတယ်။ ဂျာမန် ဘောလုံးပြိုင်ပွဲရဲ့ ချိန်ခွင်လျာအတွက် ပထမဆုံး ပြိုင်ပွဲဖြစ်တဲ့ ဘိုင်ယန်နဲ့ ဒေါ့မွန်တို့ရဲ့ စူပါဖလားပွဲမှာ ဒေါ့မွန်တို့ ဂိုးပြတ်အနိုင်ရခဲ့တာဟာ မာကိုရက်စ်ရဲ့ ပွဲချိန်အစပိုင်းသွင်းဂိုးနဲ့ သက် ဆိုင်ခဲ့ပြီး ဒီဂိုးကို မာကိုရက်စ်က အပိုင်ခေါင်းတိုက် သွင်းခဲ့တာဖြစ်ပါတယ်။
ဒီဂိုးပေးလိုက်ရပြီးနောက် ဘိုင်ယန်တို့ ချေပဂိုးရဖို့ တိုက်စစ်ဆင်ခဲ့ပေမယ့် ဂိုးရခွင့် ကြုံခဲ့တာ ကတော့ ဒေါ့မွန်တို့ပဲဖြစ်ပါတယ်။ ဒါပေမယ့် ဒုတိယပိုင်း အရောက်မှာတော့ ဘိုင်ယန်တို့ ချေပဂိုးပြန် ရသွားခဲ့ပြီး ဒီဂိုးကို ရော်ဘင်က ခေါင်းတိုက်သွင်းခဲ့တာပါ။ ဒါပေမယ့် အဲဒီဂိုးဟာ ဒေါ့မွန်တိုက်စစ်ကို ခလုတ်ဖြုတ်လိုက်သလို ဖြစ်သွားခဲ့တယ်လို့ ဆိုနိုင်ပြီး နှစ်မိနစ်အတွင်း ဒေါ့မွန်တို့ နောက်နှစ်ဂိုး ထပ်ရ သွားခဲ့ပါတယ်။
ဗန်ဘိုင်တန်ရဲ့ ဖျက်ထုတ်မှုဟာ ကိုယ့်ဂိုးကိုယ် သွင်းယူမိခဲ့ပြီး ပွဲချိန် ၅၇မိနစ် အရောက်မှာတော့ ဂန်ဒိုဂန်က ဘယ်တောင်ပံကနေ ညာခြေကန်ချက်နဲ့ ဒေါ့မွန်အတွက် တတိယဂိုးထပ်သွင်းခဲ့ပါတယ်။ ဒီပွဲမှာ ဂိုးတွေ မြိုင်မြိုင်ဆိုင်ဆိုင် တွေ့ခဲ့ရပြီး ဘိုင်ယန်အတွက် ရော်ဘင်က ဒုတိယမြောက် ချေပဂိုး သွင်းနိုင်ခဲ့ပေမယ့် မူလာရဲ့ တိုင်ထိ ကန်ချက်ဟာ ဘိုင်ယန်အတွက် အထိနာခဲ့ရပြီး ဒေါ့မွန်အတွက် ပွဲသိမ်းအနိုင်ဂိုးကိုတော့ မာကိုရက်စ်ကပဲ ထပ်သွင်းခဲ့တာပါ။

ရိုးရာလေး

No comments:

Post a Comment