Tuesday, July 16, 2013

လက်ရှိနိုင်ငံ၏ အခြေအနေအရ (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားအား လုံခြုံရေး အထူးဂရုစိုက် ဆောင်ရွက်ရန် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ပြောကြား

လက်ရှိနိုင်ငံ၏ အခြေအနေအရ ဇူလိုင် ၁၉ ရက်တွင် ကျင်းပမည့် (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်း အနားအား လုံခြုံရေး အထူးဂရုစိုက် ဆောင်ရွက်ရန်နှင့် အဆိုပါ အခမ်းအနား တွင် နိုင်ငံတော် အဆင့် တက်ရောက်သွားမည် ဖြစ်သည်ဟု ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြောကြားသည်။
ဇူလိုင် ၁၅ ရက် နံနက်က နေပြည်တော်ရှိ နိုင်ငံတော်သမ္မတရုံး အစည်းအဝေး ခန်းမတွင် ကျင်းပခဲ့သည့် ၂၀၁၃ ခုနှစ် (၆၆) နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပရေး ဗဟိုကော်မတီ အစည်း အဝေး တွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းက ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီးများ၊ အခမ်းအနား ကျင်းပရေး ကော်မတီ အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများကို ယခု ကဲ့သို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။
အာဇာနည်နေ့ အခမ်းအနားကို စနစ်တကျ ပြင်ဆင်နိုင်ရေးနှင့် ပတ်သက်၍ ဒုတိယသမ္မတက ''ယနေ့နိုင်ငံ၏ အခြေအနေ အရပ်ရပ်အရ လုံခြုံရေးကို အထူးအလေးပေး ဂရုပြု ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လာရောက် ဂါရ၀ပြုကြမည့် သူများတွင် လုပ်သားပြည်သူ များနှင့် ကျောင်း သား ကျောင်းသူများအပြင် နိုင်ငံရေးပါတီ၊ လူမှုရေး၊ စီးပွားရေး အသင်းအဖွဲ့၊ နိုင်ငံခြား သံတမန်အဖွဲ့၊ ကုလသမဂ္ဂ အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများပါ လာရောက်ကြမည် ဖြစ်သည့်အတွက် တင်း ကျပ်သော လုံခြုံရေး ဆောင်ရွက်မှုနှင့်အတူ လာရောက် ဂါရ၀ပြုသူများအား အတတ်နိုင်ဆုံး အဆင်ပြေ ချောမွေ့အောင် စည်းကမ်းတကျ စီမံဆောင်ရွက် ပေးသွားရန်'' ပြောကြားခဲ့သည်။

From...EMG

No comments:

Post a Comment