Tuesday, July 16, 2013

ဒေးဗစ်ဗီလာနှင့် အက်သလက်တီကို ပရိသတ်များ


Photo
အက်သလက်တီကို မက်ဒရစ် အသင်းက ၎င်းတို့၏ ကစားသမားသစ် ဒေးဗစ်ဗီလာကို တနင်္ဂနွေနေ့တွင် ပရိသတ်များနှင့် မိတ်ဆက်ခဲ့ရာ ပျော်ရွှင်နေသော ပရိသတ်များကွင်းထဲ ပြေးဝင်လာသဖြင့် ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားခဲ့ရကြောင်း သိရသည်။

အက်သလက်တီကို မက်ဒရစ် အသင်းက ၎င်းတို့၏ ကစားသမားသစ် ဒေးဗစ်ဗီလာကို တနင်္ဂနွေနေ့တွင် ပရိသတ်များနှင့် မိတ်ဆက်ခဲ့ရာ ပျော်ရွှင်နေသော ပရိသတ်များ ကွင်းထဲ ပြေးဝင်လာသဖြင့် ရှုပ်ရှုပ်ထွေးထွေး ဖြစ်သွားခဲ့ရကြောင်း သိရသည်။

အသက်(၃၁)နှစ်ရှိ ဗီလာကို ယူရို(၅)သန်းမျှဖြင့် အက်သလက်တီကိုက ဘာစီလိုနာထံမှ ဝယ်ယူခဲ့သည်။ ဗီလာသည် စပိန်လက်ရွေးစင် အသင်း၏ သမိုင်းတွင် ဂိုးအများဆုံး သွင်းယူ ထားနိုင် သူ ဖြစ်ပြီး နိုင်ငံဘောလုံး ပရိသတ်၏ သူရဲကောင်း တစ်ဦးသဖွယ်လည်း တန်ဖိုးထား ခံရသည်။

ပရိသတ်များသည် ဗင်းဆင့်ကယ်လ်ဒါရွန် ကွင်းကြီးထဲဝင်လာပြီး ဗီလာကို ဝိုင်းဝန်း ပွေ့ဖက်ကြရာ ကစား သမားက ပျော်ရွှင်စွာ တုံ့ပြန်သော်လည်း လုံခြုံရေး ဝန်ထမ်းများ အနေဖြင့်မူ အလုပ်ရှုပ်သွား ခဲ့ရ သည်။

အချို့သော ပရိသတ်များသည် လူတစ်ရပ်စာအရွယ်ရှိပြီး စပိန်လက်ရွေးစင် အသင်းဂျာစီကို ဝတ်ဆင် ထားသည့် ဗီလာ၏ ပုံတူ ကားချပ်ကြီးကိုပါ ကွင်းထဲ ယူဆောင်လာသည်ကို တွေ့ရှိရသည်။

Planet Myanmar Network

No comments:

Post a Comment