Tuesday, July 9, 2013

ဒီမိုကရေစီ ဆိုသည်မှာ ပြိုင်ဘက်ကို ရှင်သန်ခွင့် ပေးခြင်းဖြစ်ပြီး ပြိုင်ဘက်ကို အပြတ်ချေမှုန်းရန် ကြိုးစားခြင်းသည် အာဏာရှင် စနစ်ဖြစ်

ဒီမိုကရေစီ ဆိုသည်မှာ ပြိုင်ဘက်ကို ရှင်သန်ခွင့် ပေးခြင်းဖြစ်ပြီး ပြိုင်ဘက်ကို အပြတ်ချေမှုန်းရန် ကြိုးစားခြင်းသည် အာဏာရှင် စနစ်သာ ဖြစ်ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ က ပြောကြားသည်။
ဇူလိုင် ၇ ရက်က ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ်၊ မြို့မလမ်းရှိ အိုးဝေ စာကြည့်တိုက် တွင် ပြု လုပ်သည့် 7 July ကျောင်းသား အရေးတော်ပုံ ၅၁ နှစ်မြောက် အခမ်းအနားတွင် တက်ရောက် လာကြသည့် ကျောင်းသားသမဂ္ဂ အသီးသီးမှ မျိုးဆက်သစ် ကျောင်းသားများအား ထိုသို့ ပြောကြား ခဲ့ခြင်း ဖြစ်သည်။
ဒီမိုကရေစီ ဆိုသည်မှာ ပြိုင်ဘက်ကို ရှင်သန်ခွင့် ပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ဘက်ကို အပြတ်ချေမှုန်းရန် ကြိုးစားခြင်းသည် အာဏာရှင် စနစ်သာ ဖြစ်ကြောင်း၊ ကျောင်းသားသမဂ္ဂကို အပြတ်ချေမှုန်းခြင်း ၊ ကျောင်းသားသမဂ္ဂ အဆောက်အအုံကို ဖျက်ဆီးခဲ့ခြင်းသည် ပြိုင်ဘက်ကို အပြတ် ရှင်းခြင်း ဖြစ်ကြောင်း၊ ကျောင်းသား ပြည်သူလူထု၏အသံ၊ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ခွင့်၊ အတွေးအခေါ်များကို ဆိတ်သုဉ်းသွားစေရန်၊ တိုးတိတ်သွားစေရန် အာဏာရှင် အစိုးရတိုင်းက လုပ်လေ့ရှိကြောင်း ဦးဂျင်မီက ဆိုသည်။
''ကျွန်တော်တို့ ယုံကြည်ရာကို ငြင်းခုံကြရမယ်။ ပြောကြည့်ကြရမယ်။ အမြင်ချင်း မတူတာတွေ ကို ပြောကြည့်ကြရ လိမ့်မယ်။ အမြင်မတူလို့ ဖိနှိပ်တယ်။ ချေမှုန်းတယ်ဆိုတဲ့ အလေ့အကျင့် ဆိုးကြီးကို တိုက်ဖျက်ကြရမယ်'' ဟု ဦးဂျင်မီက ပြောကြားသည်။
အဆိုပါ 7 July အခမ်းအနားသည် အခမ်းအနား တက်ရောက်လာသူများ အတွက် နေရာအခက်အခဲ ရှိခဲ့ပြီး အာဏာပိုင် အချို့၏ ဖိအားပေးမှုကြောင့် အခမ်းအနား ကျင်းပရန် နေရာငှားရမ်းရာတွင် အခက်အခဲများ ရှိခဲ့ကြောင်း အဆိုပါ အခမ်းအနားကို ဦးဆောင်ကျင်းပခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ရန်ကုန်တိုင်း တာဝန်ခံ ဦးမင်းသွေးသစ်က ပြောကြားသည်။

From...EMG

No comments:

Post a Comment