Friday, August 2, 2013

အင်တာနက်လိုင်းများ ယနေ့ ပြန်ကောင်းမည်ဟု ဆက်သွယ်ရေးပြော

Photo: အင်တာနက်လိုင်းများ ယနေ့ ပြန်ကောင်းမည်ဟု ဆက်သွယ်ရေးပြော
Friday, Augest 02, 2013

SEA ME WE 3 ရေအောက်ဖိုင်ဘာ ဆက် ကြောင်းပြတ်တောက်မှုကြောင့် အင်တာနက်ဆက်လိုင်းများနှေး ကွေးနေမှုသည် ဩဂုတ် ၂ရက်တွင် ယခင်အတိုင်း ပြန်လည်ကောင်း မွန်တော့မည်ဟု မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက ပြော သည်။
ပြည်ပရေအောက်ဖိုက်ဘာ ဆက်ကြောင်းလိုင်းများနှင့် အ ဓိက ချိတ်ဆက်ထားပြီး မြန်မာ နိုင်ငံတွင် အင်တာနက်အဓိကအ သုံးပြုနေသည့် ပင်မဆက်ကြောင်း လိုင်း SEA ME WE 3 ကုန်းတွင်း ပိုင်းဆက်ကြောင်းပြတ်တောက်မှု ကို ဇူလိုင် ၃ဝရက်ကပြင်ဆင်ပြီး စီးခဲ့ပြီး အင်တာနက်လိုင်းများ ပုံ မှန်အတိုင်း ပြန်လည်သုံးစွဲနိုင်ရန် အတွက် လိုင်းသစ်များထပ်မံတိုး ချဲ့မှုများပြုလုပ်ခဲ့သဖြင့် နှောင့် နှေးမှုများဆက်လက်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ဒီနေ့ ၁ရက်မှာ လိုင်းက နည်းနည်းပြန်ကျသွားတယ်။ အ ရင်နေ့ကလောက် မမြန်တော့ဘဲ နဲ့ ပြန်ကျသွားတယ်။ အဲဒါကလဲ ဒီ SEA ME WE 3 ကို လိုင်းသစ် တွေ ပြန်ချိတ်နေတာပါ။ ဒီလိုင်း သစ်တွေ ထပ်တိုးချဲ့တာက ဒီနေ့ အပြီးသတ်ဆောင်ရွက်မှာ ဖြစ်တဲ့ အတွက် ဩဂုတ် ၂ရက်မှာ လုံးဝ ပြန်ကောင်းမှာဖြစ်ပါတယ်''ဟု အင်ဂျင်နီယာချုပ် ဦးစိုင်းစော လင်းထွန်းက ပြောသည်။

ပြတ်တော်မှုဖြစ်ပေါ်ခဲ့သော ဖိုက်ဘာဆက်ကြောင်းလိုင်းမှာ ဖျာပုံမြို့မှ နှစ်မိုင်တစ်ဖာလုံနှင့် နှစ်မိုင်ခြောက်ဖာလုံကြား ကုန်း တွင်းပိုင်း မြေအောက်တွင် မြှုပ် ထားသော ပါဝါကေဘယ်လ်ကြိုး ပေါက်ခြင်းဖြစ်ပြီး စတင်ပြတ် တောက်သည့်အချိန်တွင် ပင်လယ် တွင်းပိုင်းရှိ ဆက်ကြောင်းပြတ် တောက်ခြင်းဖြစ်သည်ဟု ခန့်မှန်း ၍ ဇူလိုင် ၂၂ရက် ညနေ ၅နာရီခန့် က အင်တာနက်တစ်လခန့်နှောင့် နှေးမည်ဟု သတ်မှတ်ထုတ်ပြန် ကြေညာခဲ့ခြင်းဖြစ်ကြောင်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိ ရသည်။

''အကြမ်းဖျင်းတွက်ချက်မှု အရကတော့ မြန်နှုန်းမြင့်ပိုင်းက ရာခိုင်နှုန်း ၅ဝလောက်ကျဆင်း သွားခဲ့တယ်။ လာမယ့် ဩဂုတ် ၂ ရက်မှာ ၁ဝဝရာခိုင်နှုန်းပြည့်ပြန် သုံးနိုင်ပြီလို့ ပြောလို့ရပါတယ်''ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း အဝေးဆက်သွယ်ရေးဌာနအင် ဂျင်နီယာချုပ်ဦးသန်းထွန်းက ပြောသည်။

ယင်းသို့ ရှစ်ရက်ကြာ ဆက် သွယ်ရေး ပြတ်တောက်သွားခဲ့သည့် SEA ME WE 3 အင်တာနက် ဆက်ကြောင်းလိုင်းအား မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင် နီယာများနှင့် စင်ကာပူနိုင်ငံမှ ပြု ပြင်ထိန်းသိမ်းရေးဌာန၏ ပံ့ပိုးကူ ညီမှုများဖြင့်ပြန်လည်ပြင်ဆင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရေအောက်ဖိုက် ဘာ ဆက်ကြောင်းလိုင်းသစ်တစ်ခု ဖြစ်သည့် SEA ME WE 3 လိုင်း သစ်အား ၂၀၁၄ ခုနှစ်အပြီးတည် ဆောက်နိုင်ရန်အတွက် တရုတ် အစိုးရပိုင် China Union ကုမ္ပ ဏီနှင့် စာချုပ် ချုပ်ဆိုထားပြီး မကြာမီကာလတွင် အကောင်အ ထည်ဖော်ဆောင် ရွက်မည်ဖြစ် ကြောင်း သိရသည်။

Yangon Media Group
SEA ME WE 3 ရေအောက်ဖိုင်ဘာ ဆက် ကြောင်းပြတ်တောက်မှုကြောင့် အင်တာနက် ဆက်လိုင်း များနှေး ကွေးနေမှုသည် ဩဂုတ် ၂ရက်တွင် ယခင်အတိုင်း ပြန်လည်ကောင်း မွန်တော့ မည်ဟု မြန်မာ့ ဆက်သွယ် ရေးလုပ်ငန်းမှ အင်ဂျင်နီယာချုပ် ဦးစိုင်းစောလင်းထွန်းက ပြော သည်။
ပြည်ပရေအောက်ဖိုက်ဘာ ဆက်ကြောင်းလိုင်းများနှင့် အဓိက ချိတ်ဆက်ထားပြီး မြန်မာနိုင်ငံတွင် အင်တာနက်အဓိကအ သုံးပြုနေသည့် ပင်မဆက်ကြောင်းလိုင်း SEA ME WE 3 ကုန်းတွင်း ပိုင်းဆက်ကြောင်းပြတ်တောက်မှု ကို ဇူလိုင် ၃ဝရက်ကပြင်ဆင်ပြီးစီးခဲ့ပြီး အင်တာနက်လိုင်းများ ပုံ မှန်အတိုင်း ပြန်လည်သုံးစွဲနိုင်ရန် အတွက် လိုင်းသစ်များထပ်မံတိုး ချဲ့မှုများပြုလုပ်ခဲ့ သဖြင့် နှောင့် နှေးမှု များ ဆက်လက်ရှိနေခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

''ဒီနေ့ ၁ရက်မှာ လိုင်းက နည်းနည်းပြန်ကျသွားတယ်။ အ ရင်နေ့ကလောက် မမြန်တော့ဘဲ နဲ့ ပြန်ကျ သွားတယ်။ အဲဒါကလဲ ဒီ SEA ME WE 3 ကို လိုင်းသစ် တွေ ပြန်ချိတ်နေတာပါ။ ဒီလိုင်း သစ်တွေ ထပ်တိုးချဲ့တာက ဒီနေ့ အပြီးသတ်ဆောင်ရွက်မှာ ဖြစ်တဲ့ အတွက် ဩဂုတ် ၂ရက်မှာ လုံးဝ ပြန်ကောင်း မှာဖြစ်ပါတယ်''ဟု အင်ဂျင်နီယာချုပ် ဦးစိုင်းစော လင်းထွန်းက ပြောသည်။ ပြတ်တော်မှုဖြစ်ပေါ်ခဲ့သော ဖိုက်ဘာဆက်ကြောင်းလိုင်းမှာ ဖျာပုံမြို့မှ နှစ်မိုင် တစ်ဖာလုံနှင့် နှစ်မိုင်ခြောက်ဖာလုံကြား ကုန်း တွင်းပိုင်း မြေအောက်တွင် မြှုပ် ထားသော ပါဝါကေဘယ်လ်ကြိုး ပေါက်ခြင်းဖြစ်ပြီး စတင်ပြတ် တောက် သည့်အချိန်တွင် ပင်လယ် တွင်းပိုင်းရှိ ဆက်ကြောင်းပြတ် တောက်ခြင်းဖြစ်သည်ဟု ခန့်မှန်း ၍ ဇူလိုင် ၂၂ရက် ညနေ ၅နာရီခန့် က အင်တာနက်တစ်လခန့်နှောင့် နှေးမည်ဟု သတ်မှတ်ထုတ်ပြန် ကြေညာ ခဲ့ခြင်းဖြစ်ကြောင်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှ သိ ရသည်။

''အကြမ်းဖျင်းတွက်ချက်မှု အရကတော့ မြန်နှုန်းမြင့်ပိုင်းက ရာခိုင်နှုန်း ၅ဝလောက်ကျဆင်း သွားခဲ့တယ်။ လာမယ့် ဩဂုတ် ၂ ရက်မှာ ၁ဝဝရာခိုင်နှုန်းပြည့်ပြန် သုံးနိုင်ပြီလို့ ပြောလို့ရပါတယ်'' ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း အဝေးဆက်သွယ်ရေးဌာနအင် ဂျင်နီယာချုပ်ဦးသန်းထွန်း က ပြော သည်။

ယင်းသို့ ရှစ်ရက်ကြာ ဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သည့် SEA ME WE 3 အင်တာနက် ဆက်ကြောင်းလိုင်းအား မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ အင်ဂျင် နီယာများနှင့် စင်ကာပူနိုင်ငံ မှ ပြု ပြင် ထိန်းသိမ်းရေးဌာန၏ ပံ့ပိုးကူ ညီမှုများဖြင့်ပြန်လည်ပြင်ဆင်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် ရေအောက်ဖိုက် ဘာ ဆက်ကြောင်းလိုင်းသစ်တစ်ခု ဖြစ်သည့် SEA ME WE 3 လိုင်း သစ်အား ၂၀၁၄ ခုနှစ်အပြီးတည် ဆောက်နိုင်ရန်အတွက် တရုတ် အစိုးရပိုင် China Union ကုမ္ပ ဏီနှင့် စာချုပ် ချုပ်ဆိုထားပြီး မကြာမီကာလတွင် အကောင်အ ထည်ဖော်ဆောင် ရွက်မည်ဖြစ် ကြောင်း သိရ သည်။

Yangon Media Group

No comments:

Post a Comment