Friday, August 2, 2013

မြန်မာမှာ ကုလလူ့အခွင့်အရေး ရုံးခွဲဖွင့်ဖို့ ဗြိတိန်တိုက်တွန်း


မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး ​ဖေါက်ဖျက်မှု ​မှတ်တမ်းတွေကို ​အကြီးအကျယ်ဝေဖန် ​ရှုံ့ချခဲ့ဖူးသူ ​ဗြိတိန် နိုင်ငံ ​အောက်လွှတ်တော် ​ဥက္ကဋ္ဌ ​Mr. ​John ​Bercow ​ဟာ ​ပါလီမာန် ​ကိုယ်စားလှယ်အဖွဲ့ဝင် ​၆ ​ဦးနဲ့ ​အတူ ​မြန်မာနိုင်ငံမှာ ​သမ္မတဦးသိန်းစိန်နဲ့ ​တွေ့ဆုံ ​ခဲ့ပြီး ​ကုလသမဂ္ဂ ​လူ့အခွင့်အရေး ​ရုံးခွဲ ​မြန်မာနိုင်ငံမှာ ​ဖွင့်လှစ်ဖို့ ​ပြောခဲ့ပါတယ်။
အဲ့ဒါ့အပြင် ​နိုင်ငံရေးအကျဉ်းသား ​လွှတ်ပေးရေး၊ ​ရခိုင်ပြည်နယ်နဲ့ ​မြန်မာ​နိုင်ငံတွင်း ​ဖြစ်ပွားခဲ့တဲ့ ​ဘာသာရေးလူမျိုးရေး ​ပဋိပက္ခမှာ ​ပြစ်မှုကျူးလွန်သူ​တွေကို ​ပြစ်ဒဏ်ချ ​အရေးယူပေးရေး၊ ​ပဋိပက္ခဖြစ် ပွားခဲ့တဲ့ ​နေရာတွေက ​ဒုက္ခသည်တွေကို ​လူသားချင်း ​စာနာထောက်ထားတဲ့ ​အကူအညီများ ​အဆင်ပြေချောမွေ့အောင် ​လုပ်ဆောင်ပေးဖို့၊ ​ဖွဲ့စည်းပုံအခြေခံ ​ဥပဒေပြင်ဆင်ဖို့၊ ​ပြည်တွင်း ​လက်နက်ကိုင် ​ပဋိပက္ခများ ​ချုပ်ငြိမ်းအောင် ​ဆောင်ရွက်ဖို့၊ ​ကချင်ပြည်နယ်က ​ဒုက္ခသည်တွေ ​ကူညီထောက်ပံ့ဖို့ ​စတဲ့ ​ကိစ္စတွေကို ​ဆွေးနွေးခဲ့ကြတယ်လို့ ​သိရပါတယ်။
သမ္မတကြီးကတော့ ပြစ်မှုကျူးလွန်ကြောင်း ​အထင်အရှား ​စစ်ဆေးတွေ့ရှိ ​သူတွေကို ​ဥပဒေနဲ့အညီ ​ထိထိရောက်ရောက် ​ အရေးယူ ​နေပြီ ​ဖြစ်တယ်လို့ ​ပြောခဲ့တဲ့ ​အကြောင်းသိရပါတယ်။

ABC Radio

No comments:

Post a Comment