Thursday, August 1, 2013

သြစီမှာ ဆေးလိပ်အကောက်ခွန် တိုးကောက်မည်

Professor Chapman says government policy is contributing to the decline of lung cancer.
သြစီမှာဆေးလိပ်ကြောင့် သေဆုံးသူပေါင်း နှစ်စဉ် ၁ သောင်း ခွဲရှိ (Credit: ABC) 
သြစတြေးလျနိုင်ငံမှာတော့ ​စီးကရက်အပေါ် ​အခွန်တိုးကောက်ခံဖို့အတွက် ​သြစတြေးလျ ​အစိုးရက ​ကြာသပတေးနေ့မှာ ​ကြေငြာဖို့ရှိပါတယ်။
 ဒါဟာ ​၀င်ငွေ ​၅ ​ဘီလီယံ ​ကျော်ရနိုင်ဖို့အတွက် ​အစိုးရရဲ့ ​လုပ်ဆောင်မှုတခုလည်း ​ဖြစ်ပါတယ်။
အခုယစ်မျိုးခွန်​ကောက်ခံမယ့် ​အခွန်ငွေဟာ ​တနှစ်ကို ​၁၂.၅ ​ရာခိုင် ​နှုန်း ​နှုန်းထား ​နဲ့ ​လေးနှစ် ​အထိ ​ကောက်ခံ​သွားမှာ ​ဖြစ်ပါတယ်။
ဒါကြောင့် ​၂၀၁၆ ​ခုနှစ် ​အရောက်မှာတော့ ​အလိပ် ​၂၀ ​ပါတဲ့ ​ဆေးလိပ် တဗူးကို ​အခုပေးနေရတဲ့ ​ဈေး နှုန်းအပြင် ​၅ ​ဒေါ်လာကျော် ​ပိုပေးရမှာ ​ဖြစ်ပါတယ်။
ဒီအခွန်က​ရလာမယ့် ​ငွေကြေး​တွေကို ​ကင်ဆာ​ရောဂါနဲ့ ဆက်စပ်တဲ့ ​ကျန်းမာရေးဆိုင်ရာ ​ထောက်ပံ မှုတွေ ​လုပ်သွားဖို့အပြင် ​အစိုးရရဲ့ ​မူဝါဒသစ် ​ချမှတ်ရေး ​အတွက် ​အသုံးပြု ​သွားမယ်လို့ ​သြစတြေးလျ ​အစိုးရက ​ပြောပါတယ်။
ဒီလုပ်ဆောင်​မှုဟာ ​အစိုးရအတွက် ​၀င်ငွေတိုးသလို ​ဆေးလိပ်​စသောက်ဖို့ကြိုးစားတဲ့ ​ကလေးငယ် ​အရေ အတွက်ကိုလည်း ​လျှော့ချ​သလို ​ဖြစ်တာကြောင့် ​သူတို့အနေနဲ့ထောက်ခံ ​တယ်လို့ဆေးလိပ် နဲ့ကျန်း မာရေး ဆိုင်ရာ ​တက်ကြွ ​လှုပ်ရှားသူ ​တွေဘက်က ​ပြောဆို ​နေပါတယ်။
ပြည်သူ ​အများအပြားကလည်း ​ထောက်ခံ​ကြပေမယ့် ​ကျန်းမာရေးနဲ့  ​မညီညွတ်တဲ့ ​လွယ်လင့် ​တကူ ၀ယ်ကူ ​စားသောက် ​နိုင်တဲ့ ​အစားအစာ ​တွေအပေါ် ​အခွန် ​ငွေတိုး ​မကောက်ပဲ ​ဆေးလိပ် ​အပေါ် ​အခွန် ​တိုးကောက်တာဟာ ​မျှတမှု ​မရှိကြောင်း ​ဝေဖန်သူ ​တချို့က ​ထောက်ပြ ​နေကြပါတယ်။

ABC Radio

No comments:

Post a Comment