ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦး လွှတ်တော်သို့ တင်ပြမေးမြန်းစဉ်
ငွေမည်းများစွာဖြင့် ၀င်ရောက်ဈေး ကစားနေသည့် အတွက် အိမ်ခြံမြေ
ဈေးနှုန်းများ အဆမ တန်မြင့် တက်လာ၍ ၀င်ငွေရလမ်း မဖော်ပြနိုင်သော
ငွေမည်းသမားများကို အိမ်၊ ခြံ မြေခွန်များ တိုးမြှင့်ကောက် ခံရန်
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းဦးက လွှတ်တော်သို့
တင်ပြမေးမြန်းခဲ့သည်။
''နိုင်ငံတော်က ရသင့်ရထိုက်တဲ့ အခွန်ဖြစ်ရမယ်။ နိုင်ငံသားများကလည်း
ပေးဆောင်ရန် တာဝန်ရှိတဲ့ အခွန်များကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေဘဲ
မှန်မှန်ကန်ကန် ပေးသွင်းနိုင်ဖို့ ရည်ရွယ်ပါတယ်။ အမိန့်ကြော်ငြာ စာများနဲ့
မဟုတ်ဘဲ ဥပဒေ၊ နည်းဥပဒေတွေနဲ့ စည်းရုံးပြီးတော့ နိုင်ငံသားတိုင်းဟာ
အခွန်ပေးဆောင် တယ်ဆိုတဲ့ ယဉ်ကျေးမှုတစ်ခု ဖြစ်စေလိုတဲ့ အတွက် ကျွန်တော်
မေးမြန်းရခြင်း ဖြစ်ပါတယ်'' ဟု ဦးဝင်းဦးက ပြောကြားသည်။
ဦးဝင်းဦးက ၀င်ငွေရလမ်း ဖော်ပြနိုင်သော ငွေဖြူနှင့် ၀င်ငွေရလမ်း
မဖော်ပြနိုင်သော ငွေမည်းများသည် ၁၅ ရာခိုင်နှုန်းတွင် တန်းတူသာဖြစ်ခြင်း
(သို့မဟုတ်) ၂၅ ရာခိုင်နှုန်းအထိ အခွန်ဆောင်နေ သူများ အတွက် မတရားဘဲ
အိမ်ခြံမြေတွင် ငွေမည်းများစွာဖြင့် တစ်နည်းအားဖြင့် အခွန်ရှောင်သော
ငွေ များဖြင့် ရောင်းဝယ် နေကြကြောင်း၊ တရားဝင် ဖော်ပြခြင်း မရှိသည့်အတွက်
နိုင်ငံအတွက် နစ်နာပြီး အိမ်ခြံမြေ ဈေးများလည်း မတရားသဖြင့် တက်နေသဖြင့်
ဥပဒေနှင့်အညီ လုပ်ဆောင်ပါက ဈေးပြန် ကျမည် ဖြစ်ကြောင်း လွှတ်တော်သို့
တင်ပြခဲ့သည်။
Eleven
No comments:
Post a Comment