Thursday, August 1, 2013

တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့

တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းကျေးရွာတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ •

တနင်္သာရီမြို့နယ် အရှေ့မော်တုန်းကျေးရွာအုပ်စု အရှေ့မော်တုန်းရွာ၌ ဇူလိုင် (၃၁)ရက်နေ့ နံနက် (၁၁)နာရီခန့်တွင် မစိုးဌေး (ခ) မပျော့ (အဘ) ဦးစောတင်၏ နေအိမ်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

မစိုးဌေး (ခ) မပျော့သည် လွန်ခဲ့သော (၃)နှစ်ခန့်က မြစ်ချောင်းအတွင်း ခရုငုတ်စဉ် အရှည် (၁) ပေ လုံးပတ် (၈)လက်မခန့်ရှိသည့် သံပိုက်လုံး (တစ်)လုံး ကောက်ရခဲ့သဖြင့် မိမိနေအိမ်၏ အောက်တွင် ထားရှိခဲ့ကြောင်း၊ 

ဇူလိုင် (၃၁)ရက်နေ့ နံနက် (၁၁း၀၀)နာရီချိန်ခန့် ၀က်စာပြုတ်နေစဉ် မီးဖိုနံဘေးတွင် ထိုပိုက်လုံးကို ချထားခဲ့ရာမှ ပေါက်ကွဲထွက်ပြီး မစိုးဌေး (ခ) မပျော့၏ ၀ဲဘက်ပေါင်၌ (၂)လက်မခန့် ပြတ်ရှဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ ပိုက်လုံးပေါက်ကွဲရာမှ ကျန်ရှိသော သံကြွပ်အပိုင်းအစများကို တာဝန်ရှိသူများသို့ သွားရောက် ပြသရာ တာဝန်ရှိသူများ စစ်ဆေးချက်အရ ဂျပန်ခေတ်စစ်တပ်၌အသုံးပြုသည့် တင့်ကား ဖျက်မိုင်းဟု သိရှိရသည်။ 

ဒဏ်ရာရရှိသော မစိုးဌေး (ခ) မပျော့ အား တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံ တွင် အတွင်းလူနာအဖြစ် ကုသလျက်ရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သတင်းရရှိသည်။

Posted From Tanintharyi Thar
တနင်္သာရီမြို့နယ် အရှေ့မော်တုန်းကျေးရွာအုပ်စု အရှေ့မော်တုန်းရွာ၌ ဇူလိုင် (၃၁)ရက်နေ့ နံနက် (၁၁) နာရီခန့်တွင် မစိုးဌေး (ခ) မပျော့ (အဘ) ဦးစောတင်၏ နေအိမ်၌ ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့သည်။

မစိုးဌေး (ခ) မပျော့သည် လွန်ခဲ့သော (၃)နှစ်ခန့်က မြစ်ချောင်းအတွင်း ခရုငုတ်စဉ် အရှည် (၁) ပေ လုံးပတ် (၈)လက်မခန့်ရှိသည့် သံပိုက်လုံး (တစ်)လုံး ကောက်ရခဲ့သဖြင့် မိမိနေအိမ်၏ အောက်တွင် ထားရှိ ခဲ့ကြောင်း၊ ဇူလိုင် (၃၁)ရက်နေ့ နံနက် (၁၁း၀၀)နာရီချိန်ခန့် ၀က်စာပြုတ်နေစဉ် မီးဖိုနံဘေးတွင် ထိုပိုက်လုံးကို ချထားခဲ့ရာမှ ပေါက်ကွဲထွက်ပြီး မစိုးဌေး (ခ) မပျော့၏ ၀ဲဘက်ပေါင်၌ (၂) လက်မ ခန့် ပြတ်ရှဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါ ပိုက်လုံးပေါက်ကွဲရာမှ ကျန်ရှိသော သံကြွပ်အပိုင်းအစများကို တာဝန်ရှိသူများသို့ သွားရောက် ပြ သရာ တာဝန်ရှိသူများ စစ်ဆေးချက်အရ ဂျပန်ခေတ်စစ်တပ်၌အသုံးပြုသည့် တင့်ကား ဖျက်မိုင်းဟု သိရှိ ရသည်။

ဒဏ်ရာရရှိသော မစိုးဌေး (ခ) မပျော့ အား တနင်္သာရီမြို့နယ် ပြည်သူ့ဆေးရုံ တွင် အတွင်းလူနာအဖြစ် ကုသလျက်ရှိပြီး အသက်အန္တရာယ် မစိုးရိမ်ရကြောင်း သတင်းရရှိသည်။

Posted From Tanintharyi Thar

No comments:

Post a Comment