Saturday, August 24, 2013

အပြည်ပြည် ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း အစုရှယ်ယာများ မကြာမီရောင်းချပေးသွားမည်

Photo: အပြည်ပြည် ဆိုင်ရာ ကမ္ဘောဇအာမခံလုပ်ငန်း အစုရှယ်ယာများ မကြာမီရောင်းချပေးသွားမည်
Saturday, August 24, 2013

ရန်ကုန်မြို့၌ ကုမ္ပဏီလုပ်ငန်း အချို့ သည် အများပိုင် ကုမ္ပဏီများအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ပြင်ဆင် ဆောင်ရွက်လာချိန်တွင်  ဗိုလ်ဆွန်ပတ် လမ်းနှင့် ကုန်သည် လမ်းထောင့်ရှိ မကြာခင်က ဖွင့်လှစ် ခဲ့သော အပြည်ပြည် ဆိုင်ရာ ကမ္ဘောဇ အာမခံ လုပ်ငန်းသည်လည်း အများပိုင် ကုမ္ပဏီလီမိတက် အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းရန် အတွက် စီစဉ် ဆောင်ရွက်လျက် ရှိပြီး အစုရှယ်ယာများကို အများပြည်သူသို့ မကြာမီ ရောင်းချပေးတော့မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ အစုရှယ်ယာများကို အများပြည်သူသို့ ထုတ်ရောင်းပြီး အများပိုင် ကုမ္ပဏီ လီမိတက်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရာတွင်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသော  စည်းမျဉ်း စည်းကမ်းများ အတိုင်း စနစ်တကျ အကောင်အထည် ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး အစုရှယ်ယာများကို နောက်နှစ်လ၊ သုံးလခန့် အကြာတွင် စတင် ရောင်းချသွားရန်    ရည်ရွယ်ထားကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 အဆိုပါ   အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်း (IKBZ Insurance Co., Ltd.) သည် နိုင်ငံတော်မှ အာမခံလုပ်ငန်းလုပ်ကိုင် ခွင့်ရရှိခဲ့သည့် ပထမဦးဆုံးသော ပုဂ္ဂလိက အာမခံ လုပ်ငန်း တစ်ခုဖြစ်ပြီး ယခုအခါ အာမခံလုပ်ငန်းပိုင်း ဆိုင်ရာနှင့် ပတ်သက်သော လုပ်ငန်း ဝန်ဆောင်မှုများကို ကောင်းစွာ လည်ပတ် လုပ်ကိုင်လျက် ရှိသည်ကို တွေ့ရသည်။

မကြာမီတွင် IKBZ ရန်ကုန်ရုံးချုပ်ကို လက်ရှိ ဖွင့်လှစ်ထားသော ရုံး၏ မျက်နှာချင်းဆိုင်တွင်ရှိသော ခြောက်ထပ်ရုံးအဆောက်အအုံသို့ ပြောင်းရွှေ့ဖွင့်လှစ်သွားရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်နှင့် အခြားသောမြို့ကြီး တို့တွင်လည်း IKBZ ရုံးခွဲများ ဖွင့်လှစ်သွားရန် စီစဉ် ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်း အများအပြားကိုလည်း ထပ်မံခေါ်ယူ ခန့်ထားကာ လိုအပ်သော သင်တန်းများ ပေးသွားရန်   စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ
ရန်ကုန်မြို့၌ ကုမ္ပဏီလုပ်ငန်း အချို့သည် အများပိုင်ကုမ္ပဏီများအဖြစ် ပြောင်းလဲဖွဲ့စည်းရန် ပြင် ဆင် ဆောင် ရွက်လာချိန်တွင်  ဗိုလ်ဆွန်ပတ်လမ်းနှင့် ကုန်သည် လမ်းထောင့်ရှိ မကြာခင်က ဖွင့်လှစ်ခဲ့သော အပြည်ပြည်
ဆိုင်ရာ ကမ္ဘောဇ အာမခံ လုပ်ငန်းသည်လည်း အများပိုင် ကုမ္ပဏီလီမိတက် အဖြစ်သို့ ပြောင်းလဲဖွဲ့စည်းရန် အတွက် စီစဉ် ဆောင်ရွက်လျက် ရှိပြီး အစုရှယ်ယာများကို အများပြည်သူသို့ မကြာမီ ရောင်းချပေးတော့ မည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ အစုရှယ်ယာများကို အများပြည်သူသို့ ထုတ်ရောင်းပြီး အများပိုင် ကုမ္ပဏီ လီမိတက်အဖြစ် ပြောင်းလဲ ဖွဲ့စည်းရာတွင်လည်း နိုင်ငံတော်မှ သတ်မှတ်ထားသော  စည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျ အကောင် အထည် ဖော် ဆောင်ရွက်သွားမည် ဖြစ်ပြီး အစုရှယ်ယာများကို နောက်နှစ်လ၊ သုံးလခန့် အကြာ တွင် စတင် ရောင်းချသွားရန်    ရည်ရွယ်ထားကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

 အဆိုပါ   အပြည်ပြည်ဆိုင်ရာ ကမ္ဘောဇ အာမခံလုပ်ငန်း (IKBZ Insurance Co., Ltd.) သည် နိုင်ငံတော်မှ အာမခံလုပ်ငန်းလုပ်ကိုင် ခွင့်ရရှိခဲ့သည့် ပထမဦးဆုံးသော ပုဂ္ဂလိက အာမခံ လုပ်ငန်း တစ်ခုဖြစ်ပြီး ယခုအခါ အာမခံလုပ်ငန်းပိုင်း ဆိုင်ရာနှင့် ပတ်သက်သောလုပ်ငန်း ဝန်ဆောင်မှုများကို ကောင်းစွာ လည်ပတ်လုပ်ကိုင် လျက် ရှိသည်ကို တွေ့ရသည်။

မကြာမီတွင် IKBZ ရန်ကုန်ရုံးချုပ်ကို လက်ရှိ ဖွင့်လှစ်ထားသော ရုံး၏ မျက်နှာချင်းဆိုင်တွင် ရှိသော ခြောက် ထပ်ရုံး အဆောက်အအုံသို့ ပြောင်းရွှေ့ဖွင့်လှစ်သွားရန် ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်နှင့် အခြားသောမြို့ကြီး တို့တွင်လည်း IKBZ ရုံးခွဲများ ဖွင့်လှစ် သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်း အများအပြားကိုလည်း ထပ်မံခေါ်ယူ ခန့်ထားကာ လိုအပ်သော သင်တန်းများ ပေးသွားရန်   စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment