Saturday, August 31, 2013

အမေရိကန် အကျဉ်းသားကိုလွတ်ပေးဖို့အား မြောက်ကိုရိးယားတို့ ငြင်းဆန်

 

 မြောက်ကိုရီးယားတို့ ဖမ်းဆီးထားတဲ့ အမေရိကန် အကျဉ်းသားတစ်ဦးကို လွတ်ပေးဖို့ တောင်း ဆိုချက်ကို မြောက်ကိုရီးယား (DPRK) မှ ငြင်းဆန်ခဲ့ကြောင်း သိရပါတယ်။

အသက် ၄၄ နှစ်ရှိပြီဖြစ်တဲ့ Kenneth Bae လို့အမည်ရတဲ့ အမေရိကန်နိုင်ငံသား တစ်ဦး အဖြစ် မြောက် ကိုရီးယားသို့ သူသျှိုအဖြစ်ရောက်ရှိချိန် ဖမ်းဆီးလိုက်ခြင်း ဖြစ်ပါ တယ။် ပြိးခဲ့တဲ့ နှစ် နိုဝင်ဘာလက ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ၁ နှစ်ပြည့်ပါတော့မယ်။ သူ့ကို DPRK က ထောင်ဒဏ် ၁၅ နှစ်ချမှတ်ထားပါတယ်။ ယင်း ပြုမှုလုပ်ဆောင်ချက်အတွက် အမေရိကန်တို့ မြောက်ကိုရီးယားကို ပိုမို ဒေါသထွက်စေပြီး ဆက်ဆံရေး ပိုလို့ တင်းမာစေခဲ့ပါတယ်။

တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား ဆက်ဆံရေး ပြေလှယ်ရန် ပြန်လည်ငြိနှိုင်းနေချိန် ယခုကဲ့သို့ ပြောဆို တုန့်ပြန်ချက်အပေါ် အမေရိကန်မှ မည်သို့အရေးယူ ပိတ်ဆို့မှု ပြုလုပ်မယ်ဆိုတာကို စောင့်ကြည့်လျက် ရှိကြ ကြောင်း သိရပါတယ်။
.
Ref: Xinhua
Aung Kham (ရိုးရာလေး)

No comments:

Post a Comment