Thursday, August 1, 2013

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်အစိုးရသစ်နှင့် သွားရောက်တွေ့ဆုံ

Photo: အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပါကစ္စတန်အစိုးရသစ်နှင့် သွားရောက်တွေ့ဆုံ
Thursday, August 01,2013

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အမေရိကန်တပ်ဖွဲ့များ အာဖဂန်နစ္စတန်မှ ထွက်ခွာသွားပါက အစ္စလာမ္မစ်စစ်သွေးကြွများ တိုက်ခိုက်ခြင်းခံရဖွယ်ရှိသည့်ပါကစ္စတန်အစိုးရသစ်နှင့် ယနေ့ စ တင်တွေ့ ဆုံကြောင်း သိရသည်။

၎င်းသည် အချိန်အတော်ကြာစောင့်စားခဲ့ရသော ခရီးဖြစ်သည့် နျူကလီး ယား ပိုင်ဆိုင်သောနိုင်ငံဖြစ်သည့် ပါကစ္စတန်သို့ ယမန်နေ့က ရောက်ရှိ လာခြင်းဖြစ်ပြီး ပါကစ္စတန်သည် ကမ္ဘာ့ကုန်သွယ်ရေးစင်တာဖျက်ချခံရအပြီး အယ်လ်ကိုင်ဒါ၊ တာလီဘန်များနှင့် ၁၂ နှစ်ကြာတိုက်ခိုက်စဉ် အမေရိက၏ အဓိကမဟာမိတ်လည်းဖြစ် ထိန်းချုပ်ရခက်သည့်နိုင်ငံဖြစ်ခဲ့သည်။

ဂျွန်ကယ်ရီသည် ဝန်ကြီးချုပ်သစ် နာဝတ်ရှာရစ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး သမ္မတ အာဆစ်အလီဇာဒရီနှင့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အာဖက် ကာယာနီတို့နှင့်လည်းတွေ့ဆုံမည်ဖြစ်သည်။ဂျွန်ကယ်ရီသည် ပါ ကစ္စတန်အရပ်သားအစိုးရတစ်ခုမှ နောက်တစ်ခုသို့ ပထမဆုံး အကြိမ်ပြောင်းလဲနိုင်ခဲ့သည့် မဲပေးမှုအတွက်လည်း ချီးမွှမ်းစကားပြောကြား သည်။ 

“ဒါဟာလတ်တလောဖြစ်သွားတဲ့ သမိုင်းတင်တဲ့ လွှဲပြောင်းပေးမှုပါ၊ ဘယ်သူမှဒါကို မမှေးမှိန်စေသင့်ပါဘူး” ဟု ၎င်းက အမေရိကန် သံရုံးဝန်ထမ်းများအား ပြောကြားသည်။“သမ္မတဟာလည်း ဂုဏ်တင်ခံ သင့်တယ်လို့ ကျွန်တော်ထင်တယ်၊ ဒါဟာ အရမ်းကို ကြီးကျယ် တဲ့ ရှေ့ဆက်တိုးမှုဖြစ်ပါတယ်၊ ဒါဟာသမိုင်းတွင်တယ်၊ ပါကစ္စတန်ရဲ့
၆၆ နှစ်တာကာလမှာ ဘယ်တုန်းကမှမဖြစ်ဖူးဘူး၊ အချိန်နဲ့လိုက်ပြီး အပြောင်းအလဲဖြစ်လာပြီ” ဟု ဆက်လက်ပြောကြားသည်။

ပါကစ္စတန်-အမေရိကန်ဆက်ဆံရေးသည် လွန်ခဲ့သည့်နှစ်များအတွင်း ဒုက္ခများနေခဲ့ပြီး ၂၀၁၁ခုနှစ်မေလအတွင်း အိုစမာဘင်လာဒင်ကို အမေရိကန်က အသေဖမ်းမိပြီးနောက် အခြေအနေပြန်လည်ကောင်းမွန်လာသည်။
ဝန်ကြီးချုပ်သစ်က ရာထူးစတင်ယူစဉ်ကစ၍ အမေရိကန်နှင့် ဆက်ဆံရေးခိုင်မာအောင်ပြုလုပ်မည်ဖြစ်ကြောင်း ပြောကြားသော်လည်း အမေရိကန်တို့ မောင်းသူမဲ့လေယာဉ်နှင့် တိုက်ခိုက်နေသည်ကို လွန်စွာစိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

ယခုဆွေးနွေးမည့် အခြေအနေကို အမေရိကန်ဘက်မှ ပြောကြားရာတွင် “ ဆွေးနွေးပွဲတစ်ခုလုံးမှာ ဦးတည်ထားတာတော့ ကျွန်တော်တို့နှစ်ဦးနှစ်ဘက်နဲ့ အမျိုးသားလုံခြုံရေးအကျိုးစီးပွားအရေးတွေမှာ အရမ်းနားလည်မှုရှိပြီး အရမ်းခိုင်မာတဲ့ အရမ်းလေးနက်တဲ့ဆွေးနွေးပွဲဖြစ်ဖို့ပါပဲ” ဟု အမေရိကန် အုပ်ချုပ်ရေးအကြီးတန်းအရာရှိတစ်ဦးက သတင်းထောက်များအား ပြောကြား သည်။
ပါကစ္စတန်သည် ဒေသတွင်း တာလီဘန်သူပုန်ထမှုကြုံနေရပြီး အာဖဂန်နှင့် နိုင်ငံခြားမှစစ်သွေးကြွများ ၎င်းတို့ကို ခြိမ်းခြောက်နေကြောင်း စီးပွားရေးကျပ်တည်းနေပြီး စွမ်းအင်အကျပ်အတည်းလည်းဖြစ်နေကြောင်း သိရသည်။

ပါကစ္စတန်တာလီဘန် ထောင်ဖောက်မှုတစ်ခုလည်း တနင်္လာနေ့တွင်ဖြစ်ပွားခဲ့ပြီး အကျဉ်းထောင်ကို လက်နက်ကိုင် တိုက်ခိုက်ရေးသမားများ တိုက်ခိုက်ခဲ့ကြပြီး ထောင်သား ၂၄၀ကျော်လွတ်မြောက်သွားခဲ့ရာ ပါကစ္စတန်ရှိလုံခြုံရေးကို စိန်ခေါ်မှုထပ်တိုးလာသည်။

The Myanma Age
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အမေရိကန်တပ်ဖွဲ့များ အာဖဂန်နစ္စတန်မှ ထွက်ခွာ သွားပါက အစ္စလာမ္မစ်စစ်သွေးကြွများ တိုက်ခိုက်ခြင်းခံရဖွယ်ရှိသည့်ပါကစ္စတန်အစိုးရသစ်နှင့် ယနေ့ စ တင်တွေ့ ဆုံကြောင်း သိရသည်။

၎င်းသည် အချိန်အတော်ကြာစောင့်စားခဲ့ရသော ခရီးဖြစ်သည့် နျူကလီး ယား ပိုင်ဆိုင်သောနိုင်ငံဖြစ် သည့် ပါကစ္စတန်သို့ ယမန်နေ့က ရောက်ရှိ လာခြင်းဖြစ်ပြီး ပါကစ္စတန်သည် ကမ္ဘာ့ကုန်သွယ်ရေး စင်တာ ဖျက်ချခံရအပြီး အယ်လ်ကိုင်ဒါ၊ တာလီဘန်များနှင့် ၁၂ နှစ်ကြာတိုက်ခိုက်စဉ် အမေရိက၏ အဓိက မဟာမိတ်လည်းဖြစ် ထိန်းချုပ်ရခက်သည့်နိုင်ငံဖြစ်ခဲ့သည်။

ဂျွန်ကယ်ရီသည် ဝန်ကြီးချုပ်သစ် နာဝတ်ရှာရစ်နှင့် တွေ့ဆုံမည်ဖြစ်ပြီး သမ္မတ အာဆစ်အလီဇာဒရီနှင့် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး အာဖက် ကာယာနီတို့နှင့်လည်းတွေ့ဆုံမည်ဖြစ်သည်။ဂျွန်ကယ်ရီသည် ပါ ကစ္စတန်အရပ်သားအစိုးရတစ်ခုမှ နောက်တစ်ခုသို့ ပထမဆုံး အကြိမ်ပြောင်းလဲနိုင်ခဲ့သည့် မဲပေးမှု အတွက်လည်း ချီးမွှမ်းစကားပြောကြား သည်။

“ဒါဟာလတ်တလောဖြစ်သွားတဲ့ သမိုင်းတင်တဲ့ လွှဲပြောင်းပေးမှုပါ၊ ဘယ်သူမှဒါကို မမှေးမှိန်စေသင့် ပါဘူး” ဟု ၎င်းက အမေရိကန် သံရုံးဝန်ထမ်း များအား ပြောကြား သည်။“သမ္မတ ဟာလည်း ဂုဏ်တင်ခံ သင့်တယ်လို့ ကျွန်တော်ထင်တယ်၊ ဒါဟာ အရမ်းကို ကြီးကျယ် တဲ့ ရှေ့ဆက် တိုးမှုဖြစ်ပါတယ်၊ ဒါဟာသမိုင်းတွင်တယ်၊ ပါကစ္စတန်ရဲ့၆၆ နှစ်တာကာလမှာ ဘယ်တုန်းကမှမဖြစ်ဖူးဘူး၊ အချိန်နဲ့လိုက်ပြီး အပြောင်းအလဲဖြစ်လာပြီ” ဟု ဆက်လက်ပြောကြားသည်။

ပါကစ္စတန်-အမေရိကန်ဆက်ဆံရေးသည် လွန်ခဲ့သည့်နှစ်များအတွင်း ဒုက္ခများနေခဲ့ပြီး ၂၀၁၁ခုနှစ်မေလ အတွင်း အိုစမာဘင်လာဒင်ကို အမေရိကန်က အသေဖမ်းမိပြီးနောက် အခြေအနေပြန် လည်ကောင်းမွန် လာသည်။
ဝန်ကြီးချုပ်သစ်က ရာထူးစတင်ယူစဉ်ကစ၍ အမေရိကန်နှင့် ဆက်ဆံရေးခိုင်မာအောင်ပြု လုပ် မည်ဖြစ်ကြောင်း ပြောကြားသော်လည်း အမေရိကန်တို့ မောင်းသူမဲ့လေယာဉ်နှင့် တိုက်ခိုက်နေသည်ကို လွန်စွာစိုးရိမ်မိကြောင်း ပြောကြားခဲ့သည်။

ယခုဆွေးနွေးမည့် အခြေအနေကို အမေရိကန်ဘက်မှ ပြောကြားရာတွင် “ ဆွေးနွေးပွဲတစ်ခုလုံးမှာ ဦးတည်ထားတာတော့ ကျွန်တော်တို့နှစ်ဦးနှစ်ဘက်နဲ့ အမျိုးသားလုံခြုံရေးအကျိုးစီးပွားအရေးတွေမှာ အရမ်း နားလည်မှုရှိပြီး အရမ်းခိုင်မာတဲ့ အရမ်းလေးနက်တဲ့ဆွေးနွေးပွဲဖြစ်ဖို့ပါပဲ” ဟု အမေရိကန် အုပ်ချုပ်ရေးအကြီးတန်းအရာရှိတစ်ဦးက သတင်းထောက်များအား ပြောကြား သည်။
ပါကစ္စတန်သည် ဒေသတွင်း တာလီဘန်သူပုန်ထမှုကြုံနေရပြီး အာဖဂန်နှင့် နိုင်ငံခြားမှစစ်သွေးကြွများ ၎င်းတို့ကို ခြိမ်းခြောက်နေကြောင်း စီးပွားရေးကျပ်တည်းနေပြီး စွမ်းအင်အကျပ်အတည်း လည်းဖြစ်နေကြောင်း သိရသည်။

ပါကစ္စတန်တာလီဘန် ထောင်ဖောက်မှုတစ်ခုလည်း တနင်္လာနေ့တွင်ဖြစ်ပွားခဲ့ပြီး အကျဉ်းထောင်ကို လက်နက်ကိုင် တိုက်ခိုက်ရေးသမားများ တိုက်ခိုက်ခဲ့ကြပြီး ထောင်သား ၂၄၀ကျော် လွတ်မြောက် သွားခဲ့ ရာ ပါကစ္စတန်ရှိလုံခြုံရေးကို စိန်ခေါ်မှုထပ်တိုးလာသည်။

The Myanma Age

No comments:

Post a Comment