Friday, August 2, 2013

မြန်မာ လုပ်သားများ စွမ်းရည်မြှင့်ရန် ဂျာမနီ ကူမည်

မြန်မာ လုပ်သားများ စွမ်းရည်မြှင့်ရန် ဂျာမနီ ကူမည်

ရန်ကုန်၊ သြဂုတ် ၁

အခြေခံလုပ်သား အများစုရှိသည့် မြန်မာနိုင်ငံတွင် အလုပ်သမားများအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများကို အခမဲ့ ဖွင့်လှစ်နိုင်ရန် အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ဂျာမန် ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင် ရွက်ရေးအဖွဲ့ (GIZ) မှ Senior Advisor ဒေါ်နိုင်ရီမာက ပြောကြားသည်။

ရန်ကုန်မြို့ MICT Park တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ လုပ်သားထု ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) က ယင်းသို့ သင်တန်းများ ပေးနိုင်ရန် ကူညီ သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“NSSA က လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို ကူညီမှာပါ။ ဘာတွေ လိုအပ်တယ် ဆိုတာ ကိုတော့ အသေးစိတ်၊ အတိအကျသိဖို့ ဆွေးနွေး ရဦးမှာ” ဟု ဒေါ်နိုင်ရီမာက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ လူဦးရေ ၆၁ သန်းခန့်တွင် စုစုပေါင်း လုပ်သား အင်အား ၃၂ သန်းခန့်ရှိပြီး လုပ်သား အင်အားထုသည် နိုင်ငံတွင် လူဦးရေ၏ ၆၇ ရာခိုင်နှုန်း ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

အဆိုပါ လုပ်သားများ ကျွမ်းကျင်လုပ်သားများ ဖြစ်စေရန် Testing Centre များ တည်ထောင်ပြီး ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရန် လိုအပ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

လုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရန် ဆွစ်ဇာလန်နိုင်ငံ Centre for Vocational Training (CVT) နှင့် ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းကျောင်း ဖွင့်လှစ်မည်ဖြစ်ပြီး ပညာကို ဆုံးခန်းတိုင်အောင် မသင်နိုင်သူများ၊ အမျိုးသမီးများ၊ ငွေကြေး မတတ်နိုင်၍ ပညာ မသင်ကြားနိုင်သူများအတွက် Dual Training သင်တန်းများကို အခမဲ့ ဖွင့်လှစ်နိုင်ရန် အင်္ဂလန်နိုင်ငံ The Organization for Educational Resources and Technological Training (ORT) နှင့် ပူးပေါင်းသွား မည်ဖြစ်ကာ ကျွမ်းကျင် သင်တန်းများ ဖွင့်ရန်လည်း အစီအစဉ် ရှိကြောင်း ၎င်းက ဆိုသည်။
အခြေခံလုပ်သား အများစုရှိသည့် မြန်မာနိုင်ငံတွင် အလုပ်သမားများအတွက် အသက်မွေးဝမ်းကျောင်း သင်တန်းများကို အခမဲ့ဖွင့်လှစ်နိုင်ရန် အကူအညီ ပေးသွားမည်ဖြစ်ကြောင်း ဂျာမန်ဖွံ့ဖြိုးမှု ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (GIZ) မှ Senior Advisor ဒေါ်နိုင်ရီမာက ပြောကြားသည်။

ရန်ကုန်မြို့ MICT Park တွင် ပြုလုပ်သည့် မြန်မာနိုင်ငံ လုပ်သားထု ဖွံ့ဖြိုး တိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန၊ မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှုစံ သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့ (NSSA) က ယင်းသို့ သင်တန်းများ ပေးနိုင်ရန် ကူညီ သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“NSSA က လိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာတွေကို ကူညီမှာပါ။ ဘာတွေ လိုအပ်တယ် ဆိုတာ ကိုတော့ အသေးစိတ်၊ အတိအကျသိဖို့ ဆွေးနွေး ရဦးမှာ” ဟု ဒေါ်နိုင်ရီမာက The Voice သို့ ပြောကြားသည်။

မြန်မာနိုင်ငံ လူဦးရေ ၆၁ သန်းခန့်တွင် စုစုပေါင်း လုပ်သား အင်အား ၃၂ သန်းခန့်ရှိပြီး လုပ်သား အင်အားထုသည် နိုင်ငံတွင် လူဦးရေ၏ ၆၇ ရာခိုင်နှုန်း ရှိကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။

အဆိုပါလုပ်သားများ ကျွမ်းကျင်လုပ်သားများ ဖြစ်စေရန် Testing Centre များ တည်ထောင်ပြီး ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ် ထုတ်ပေးရန် လိုအပ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးထင်အောင်က ပြောကြားသည်။

လုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုး တိုးတက်ရန် ဆွစ်ဇာလန်နိုင်ငံ Centre for Vocational Training (CVT) နှင့် ပူးပေါင်း၍ အသက်မွေးဝမ်းကျောင်း ဆိုင်ရာ သင်တန်းကျောင်း ဖွင့်လှစ်မည်ဖြစ်ပြီး ပညာကို ဆုံးခန်းတိုင်အောင် မသင်နိုင်သူများ၊ အမျိုးသမီးများ၊ ငွေကြေး မတတ်နိုင်၍ ပညာ မသင်ကြားနိုင်သူများ အတွက် Dual Training သင်တန်းများကို အခမဲ့ ဖွင့်လှစ်နိုင်ရန် အင်္ဂလန်နိုင်ငံ The Organization for Educational Resources and Technological Training (ORT) နှင့် ပူးပေါင်းသွား မည်ဖြစ်ကာ ကျွမ်းကျင် သင်တန်းများ ဖွင့်ရန်လည်း အစီအစဉ် ရှိကြောင်း ၎င်းက ဆိုသည်။
 
The Voice

No comments:

Post a Comment