Saturday, August 24, 2013

နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ရော်ဘာအဆင့်စုံ တင်ပို့မှု ကျဆင်းလာ

Photo: နယ်စပ်ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ရော်ဘာအဆင့်စုံ တင်ပို့မှု ကျဆင်းလာ 
Saturday, August 24, 2013

မြန်မာ့ရော်ဘာ ပြည်ပနိုင်ငံသို့ တင်ပို့ရာတွင် နယ်စပ် ကုန်သွယ်ရေး စခန်းများမှ တစ်ဆင့် တင်ပို့မှုပိုင်းမှာ သြဂုတ် ၇ ရက်မှ ၁၃ ရက် အတွင်း ရော်ဘာအဆင့်စုံ ၁၃၂၆ တန်ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ယခင် တင်ပို့မှုထက် ၁၃၁ တန်ကျော် လျော့နည်းကြောင်း   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 သြဂုတ်လ  ဒုတိယပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ    မူဆယ် ၁ဝ၅ မိုင် နယ်စပ်စခန်း၊ ချင်းရွှေဟော် နယ်စပ်စခန်းနှင့် မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်၊ မြိတ် ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ရော်ဘာတင် ပို့မှု လျော့နည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ    ဒုတိယပတ် အတွင်း နယ်စပ်စခန်း အသီးသီးမှ ရော်ဘာ တင်ပို့မှု အပိုင်းမှာ မူဆယ် ၁ဝ၅ မိုင်တွင်  အမေရိကန်ဒေါ်လာ သုည ဒသမ ၆၆၁ သန်းတန်ဖိုးရှိ ရော်ဘာ RSS-3 ၂၈၃ တန်ခန့်၊ ချင်းရွှေဟော် နယ်စပ်စခန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၉၉ သန်း တန်ဖိုး

ရှိ ရော်ဘာ RSS-3 ၆၅၉ တန်ကျော်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၁၈ သန်း တန်ဖိုးရှိ RSS-5  ၈၉ တန်ခန့်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၂ သန်းတန်ဖိုးရှိ ရော်ဘာ MSR 20 ၁၄၂ တန်ခန့်နှင့် တာချီလိတ် နယ်စပ် စခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ဝဝ၅သန်း တန်ဖိုးရှိ ရော်ဘာသုံး တန်ကျော်၊ မြိတ်စခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၂၅ သန်း တန်ဖိုးရှိ RSS-3 တန် ၁ဝဝခန့်နှင့် အမေရိကန် ဒေါ်လာ သုည ဒသမ ၁၁၃ တန်ဖိုးရှိ MSR 20 တန် ၅ဝ တို့ကို  အသီးသီး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီ
မြန်မာ့ရော်ဘာ ပြည်ပနိုင်ငံသို့ တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တင်ပို့မှုပိုင်းမှာ သြဂုတ် ၇ ရက်မှ ၁၃ ရက် အတွင်း ရော်ဘာအဆင့်စုံ ၁၃၂၆ တန်ကျော်သာ တင်ပို့နိုင်ခဲ့ပြီး ယခင် တင်ပို့မှု ထက် ၁၃၁ တန်ကျော် လျော့နည်းကြောင်း   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 သြဂုတ်လ  ဒုတိယပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ    မူဆယ် ၁ဝ၅ မိုင် နယ်စပ်စခန်း၊ ချင်းရွှေဟော် နယ်စပ် စခန်းနှင့် မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီလိတ်၊ မြိတ် ကူးသန်း ရောင်းဝယ်ရေး စခန်းများမှ ရော်ဘာ တင် ပို့မှု လျော့နည်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

သြဂုတ်လ    ဒုတိယပတ် အတွင်း နယ်စပ်စခန်း အသီးသီးမှ ရော်ဘာ တင်ပို့မှု အပိုင်းမှာ မူဆယ် ၁ဝ၅ မိုင်တွင်  အမေရိကန်ဒေါ်လာ သုည ဒသမ ၆၆၁ သန်းတန်ဖိုးရှိ ရော်ဘာ RSS-3 ၂၈၃ တန်ခန့်၊ ချင်းရွှေဟော် နယ်စပ်စခန်းမှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၉၉ သန်း တန်ဖိုး

ရှိ ရော်ဘာ RSS-3 ၆၅၉ တန်ကျော်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၁၈ သန်း တန်ဖိုးရှိ RSS-5  ၈၉ တန်ခန့်၊ အမေရိကန်ဒေါ်လာ သုည ဒသမ ၃၁၂ သန်းတန်ဖိုးရှိ ရော်ဘာ MSR 20 ၁၄၂ တန်ခန့်နှင့် တာချီလိတ် နယ်စပ် စခန်းမှ အမေရိကန် ဒေါ်လာ သုည ဒသမ ဝဝ၅သန်း တန်ဖိုးရှိ ရော်ဘာသုံး တန်ကျော်၊ မြိတ်စခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၂၂၅ သန်း တန်ဖိုးရှိ RSS-3 တန် ၁ဝဝခန့်နှင့် အမေရိကန် ဒေါ်လာ သုည ဒသမ ၁၁၃ တန်ဖိုးရှိ MSR 20 တန် ၅ဝ တို့ကို  အသီးသီး တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment