Saturday, August 24, 2013

မိသားစုပြန်လည် ပေါင်းစည်းရေး အလုပ်ရုံအဆင့် ဆွေးနွေးပွဲများ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား စတင်

Photo: မိသားစုပြန်လည် ပေါင်းစည်းရေး အလုပ်ရုံအဆင့် ဆွေးနွေးပွဲများ တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား စတင် 
Saturday, August 24, 2013

တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နိုင်ငံတို့သည်  ၁၉၅ဝ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ် ကြားတွင် ဖြစ်ပွားခဲ့သည့် ကိုရီးယားစစ်ပွဲ အတွင်း ကွဲကွာ ခဲ့ရသည့် မိသားစုဝင်များ  ပြန် လည် ပေါင်းစည်းရေးနှင့် ပတ်သက်သည့် ကြက်ခြေနီအဖွဲ့၏ အလုပ်ရုံအဆင့် ဆွေးနွေးပွဲများကို သြဂုတ် ၂၃ ရက်တွင် စတင်ခဲ့ကြသည်ဟု သိရသည်။

ဆွေးနွေးပွဲများကို တောင်ကိုရီးယား ဘက်ခြမ်းတွင် ရှိနေသည့် နယ်စပ်ရွာလေး ဖြစ်သော ပန်မွန်ဂျူံ ရွာအတွင်းရှိ Peace House တွင် ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲများကို နံနက် ၁ဝ နာရီတွင် စတင်ခဲ့သည်ဟု သိရသည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဘက်မှ အဖွဲ့ဝင်သုံးဦးစီ ပါဝင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကြက်ခြေနီအဖွဲ့မှ အရာရှိများသည် မိသားစု ပြန်လည် ပေါင်းစည်းရေးတွင် ပါဝင်မည့်သူများ၊ မိသားစုပြန်လည် ပေါင်းစည်းမည့် ရက်နှင့်  ပြန်လည် ပေါင်းစည်း မည့် နေရာများ ကို ဆွေးနွေးသွားမည် ဖြစ်ကြောင်း သိရသည်။

မိသားစု ပြန်လည် ပေါင်းစည်းမည့် နေရာကို မြောက်ကိုရီးယားက တောင်းဆိုထားသည့် ကွမ်ဂန် တောင်ကြားတွင် ပြုလုပ်သွားမည် ဟု မျှော်မှန်း ထားကြောင်း၊ သို့ရာတွင် မိသားစုများ ပြန်လည် ဆုံစည်းမည့်နေ့ရက်ကိုမူ အတိအကျ မခန့်မှန်းနိုင်သေးကြောင်း ကိုရီးယားပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ  သိရသည်။

မြ၀တီ
တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နိုင်ငံတို့သည်  ၁၉၅ဝ ပြည့်နှစ်မှ ၁၉၅၃ ခုနှစ် ကြားတွင် ဖြစ်ပွားခဲ့ သည့် ကိုရီးယားစစ်ပွဲအတွင်း ကွဲကွာခဲ့ရသည့် မိသားစုဝင်များ  ပြန်လည် ပေါင်းစည်းရေးနှင့် ပတ်သက်သည့် ကြက်ခြေနီအဖွဲ့၏ အလုပ်ရုံအဆင့် ဆွေးနွေးပွဲများကို သြဂုတ် ၂၃ ရက်တွင် စတင်ခဲ့ကြသည်ဟုသိရသည်။
ဆွေးနွေးပွဲများကို တောင်ကိုရီးယား ဘက်ခြမ်းတွင် ရှိနေသည့် နယ်စပ်ရွာလေး ဖြစ်သော ပန်မွန်ဂျူံ ရွာ အတွင်းရှိ Peace House တွင် ပြုလုပ်ခဲ့ပြီး ဆွေးနွေးပွဲများကို နံနက် ၁ဝ နာရီတွင် စတင်ခဲ့သည်ဟု သိရ သည်။ ဆွေးနွေးပွဲတွင် နှစ်နိုင်ငံဘက်မှ အဖွဲ့ဝင်သုံးဦးစီ ပါဝင်သော ကိုယ်စားလှယ်များ တက်ရောက်ခဲ့ ကြကြောင်း ပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကြက်ခြေနီအဖွဲ့မှ အရာရှိများသည် မိသားစု ပြန်လည် ပေါင်းစည်းရေးတွင် ပါဝင်မည့် သူများ၊ မိသားစုပြန်လည် ပေါင်းစည်းမည့် ရက်နှင့်  ပြန်လည် ပေါင်းစည်း မည့် နေရာများ ကို ဆွေးနွေးသွား မည် ဖြစ်ကြောင်း သိရသည်။

မိသားစု ပြန်လည် ပေါင်းစည်းမည့် နေရာကို မြောက်ကိုရီးယားက တောင်းဆိုထားသည့် ကွမ်ဂန် တောင် ကြားတွင် ပြုလုပ်သွားမည် ဟု မျှော်မှန်း ထားကြောင်း၊ သို့ရာတွင် မိသားစုများ ပြန်လည် ဆုံစည်းမည့်နေ့ ရက်ကိုမူ အတိအကျ မခန့်မှန်းနိုင်သေးကြောင်း ကိုရီးယားပြန်လည် ပေါင်းစည်းရေး ဝန်ကြီးဌာန၏ ပြော ကြားချက်အရ  သိရသည်။

မြ၀တီ

No comments:

Post a Comment