Friday, August 16, 2013

လိင်အကြမ်းဖက်မှုကို ကာကွယ်လိုစိတ်ရှိလျှင်

Photo: လိင်အကြမ်းဖက်မှုကို ကာကွယ်လိုစိတ်ရှိလျှင်
Friday, August 16, 2013

ကလေးတွေဆိုတာ မိဘတွေရဲ့ အနာဂတ်ဖြစ်သလို၊ တိုင်းပြည်ရဲ့ အနာဂတ်တွေလည်းဖြစ်ပါတယ်။ စိတ်မကောင်း စရာ ကောင်းတာကတော့ တိုင်းပြည်ရဲ့အနာဂတ်ကလေးတွေကို မုဒိမ်းကောင်တွေက သားကောင်အဖြစ် သတ်မှတ် ပြီးသက်ငယ်မုဒိမ်းမှုတွေ ကျူးလွန်နေကြခြင်းပါ။

၂၀၁၂ ခုနှစ်တုန်းကလည်း လိင်အကြမ်းဖက်မှုပေါင်း ၁၃၅ မှုဖြစ်ပွားခဲ့ပြီး၂၀၁၃ ခုနှစ်မှာတော့ ဇူလိုင်လကုန်ထိ စုစုပေါင်း ၈၀ ၀န်းကျင်ထိဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

 ၂၀၁၃ ခုနှစ်တွင်းမှာ အရွယ်မရောက်သေးတဲ့ အသက် ၁၈ နှစ်အောက်မိန်းကလေးတွေ လိင်အကြမ်းဖက်ခံရမှု ၃၃ မှုနဲ့ အသက် ၁၀ နှစ်အောက်ကလေးလိင်အကြမ်းဖက်ခံရမှု ၁၀ မှု ရှိတယ်လို့ ကြားသိရပါတယ်။

မြန်မာပြည်မှာ ဘယ်တုန်းကမှ မကြားဘူးခဲ့တဲ့ အသက် ၃ နှစ်အရွယ် အသက် ၅နှစ်အရွယ် လူမမည်အရွယ် ကလေးငယ်တွေ လိင်အကြမ်းဖက်ခံနေရတဲ့ ကိစ္စဟာ ၂၀၁၃နှစ်မှာတော့ မကြာခဏကြားနေရတဲ့ သတင်းဆိုးတွေ ဖြစ်နေပါပြီ။

ဒီလိုအကြမ်းဖက်မှုမျိုးကို ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ ဖြစ်ပွားလေ့ရှိတတ်တာ ကိုလည်း သိရပါတယ်။

ဘာကြောင့်များ ဒီလို ဥမမယ် စာမမြောက် လူမမည်အရွယ်ကလေးငယ်တွေကို ကျူးလွန်ကြသလဲဆိုတဲ့ အဖြေရဲ့ပုစ္ဆာကို ရှာဖွေဖော် ထုတ်ပြီး ထိထိရောက်ရောက် အပြစ်ပေးအရေးယူသင့်နေပါပြီ။

တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေ မုဒိမ်းကောင်တွေရဲ့အောက်မှာ မွမွကြေရတဲ့အဖြစ်ဆိုးတွေ ဆက်လျက် မဖြစ်ပွားစေဖို့အတွက် အစိုးရမှာ အဓိကတာဝန်ရှိပါတယ်၊ဒါ့အပြင်မိဘမှာလည်း တာဝန်ရှိတယ်၊ လူ့အသိုင်းအ၀ိုင်း တစ်ခုလုံး အနေနဲ့လည်းတာဝန်ရှိပါတယ်။

အစိုးရအနေနဲ့လည်း ဒီလိုဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းတွေကို သေသေချာချာဖော်ထုတ်ဖို့ လိုအပ်သလို၊ ကျူးလွန်သူတွေကိုလည်း ထိထိရောက်ရောက် အနေနဲ့ သေဒဏ်ပေးတဲ့အထိ အရေးယူသင့်ပါတယ်။

မီဒီယာတွေအနေနဲ့ မုဒိမ်းမှုတွေဖြစ်နေတယ်ဆိုတာလောက် ဖော်ပြပေးနေရုံနဲ့တာဝန်မကျေနိုင်ပါဘူး။ ဒီလို လိင်အကြမ်းဖက်မှု သတင်းတွေကို ဖော်ပြရာမှာလည်းပြစ်ဒဏ်ချခဲ့ရတဲ့ကိစ္စတွေကိုပါ ဖော်ပြပေးသင့်တယ်၊ ရေးသားရာမှာလည်းသတင်းစာကျင့်ဝတ်အတိုင်းရေးသားကြပြီး ဒီလိုလိင်အကြမ်းဖက်မှုတွေ  ဖြစ်ပွားလာရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို အဓိကဖော်ထုတ်ရေးသားစေချင်ကြပါတယ်။ ဒါမှသာ ရှေ့ဆက်မဖြစ်ပွားစေရေးအတွက် ကာကွယ်တားဆီးရာ ရောက်ပါမယ်။

ဒီလိုကျူးလွန်ခဲ့တဲ့ အမှုတွေမှာ သတိပြုစရာကောင်းတာကတော့ ဒီလို မုဒိမ်းမှုဖြစ်ပွားတဲ့ တရားခံတွေကို လေ့လာ ကြည့်တဲ့အခါမှာ အားလုံးနီးပါးကအရက်မူးပြီး ကျူးလွန်ကြတယ်ဆိုတာကို တွေ့ရပါတယ်။ အရက်သောက် တတ်တဲ့သူတိုင်း မုဒိမ်းမှုမကျူးလွန်တတ်ပေမဲ့၊မုဒိန်းမှုကျူးလွန်တဲ့သူတိုင်းမှာတော့ အရက်သောက်ထားတာကို တွေ့ရှိရတာပါပဲ။

အရက်ဆိုတဲ့ မူးယစ်စေတဲ့ အရာကို အသိဥာဏ်ရှိတဲ့ သူ သောက်သုံးတာနဲ့အသိဥာဏ်နည်းပါးတဲ့ သူ သောက်သုံး တာခြင်း မတူပါဘူး၊ ပညာတတ်၊အသိဥာဏ်ရှိသူတွေတောင်မှ သောက်ပြီးရင် မှားစေနိုင်တဲ့ အရက်ဆိုတာကို ပညာအသိဥာဏ်နည်းသူတွေ သောက်သုံးရင် မုဒိမ်းမှု၊ လူသတ်မှု၊ ခိုးမှုစတဲ့ ဘာမဆိုဖြစ်နိုင်ပါတယ်။

မြန်မာပြည်မှာ အရက်ထုတ်လုပ်သူတွေ ပေါများလှပြီး အရက်ဈေးနှုန်းက ငွေ ကျပ်၅၀ ၊ ငွေကျပ် ၁၀၀ နှုန်းနဲ့ ရနေ တာ၊ မြို့လယ်ခေါင်မှာသာမက ဆင်ခြေပုံးအိမ်ကြိုအိမ်ကြားထိ လွယ်လွယ်ကူကူနဲ့ ၀ယ်ယူရရှိနေတာကလည်း လူတွေလူငယ်တွေကို မကောင်းမှုကျူးလွန်မိအောင်များ စွဲဆောင်နေသလား ဆိုတာလည်းစဉ်းစားစရာပါပဲ။

အဲဒီလို ဈေးပေါပြီး နေရာတကာမှာ လွယ်လွယ်ကူကူ ၀ယ်ယူရရှိနိုင်တဲ့အရက်တွေကို အစိုးရအနေနဲ့ ထိန်းချုပ် သင့်ပါပြီ၊ အခွန်အခတွေမြှင့်သင့်သလို၊ အရက်ဈေးနှုန်းကိုလည်း ခုထက်မကမြှင့်ပေးလိုက်ခြင်းအားဖြင့် ထိန်းချုပ်လို့ ရနိုင်ပါတယ်။

နောက် စဉ်းစားသင့်တဲ့ အချက်ကတော့ အပြာကားလို့ ခေါ်ကြတဲ့ လိင်ဆက်ဆံမှုဆိုင်ရာ ဇာတ်ကားတွေ မြန်မာပြည်တွင်းက မြို့ကြီးပြကြီးတွေမှာသာမကကျေးရွာတွေ အဆုံးဒီလို လိင်ဆက်ဆံမှုကို အသားပေးရိုက်ပြကြတဲ့ဗီဒီယိုဇာတ်ကားတွေကိုအလွယ်တကူရရှိနေတာကလည်းအချက်တစ်ခု ဖြစ်ပါတယ်။

အထူးသဖြင့် အရက်သောက်(သို့မဟုတ်)မူးယစ်ဆေးတစ်ခုခု သုံးထားတဲ့လူတစ်ယောက်ဟာ ဒီလိုအခွေမျိုးတွေကို ကြည့်ပြီး စိတ်ထကြွနေချိန်၊ဒီလိုအခွေမျိုးတွေ စိတ်ထဲ ရှိနေချိန်မှာ ကိုယ့်ပတ်ဝန်းကျင် အနီးအနားမှာရှိတဲ့ မိန်းကလေးတွေ အပေါ်မှာသော်လည်းကောင်း၊ ကလေးတွေအပေါ်မှာသော်လည်းကောင်း  သွားရောက်ပေါက်ကွဲပြီး ကျူးလွန်တတ်ကြတာ တွေ့မြင်ရပါတယ်။

အဲလိုအချိန်မျိုးမှာ သူတို့အတွက် အလွယ်ကူဆုံး ပေါက်ကွဲလို့ရတာကတော့မသိနားမလည်ရှာသေးတဲ့ လူမမယ် အရွယ် ကလေးငယ်တွေ ဖြစ်နေတာကတော့စိတ်ထိခိုက်စရာ အကောင်းဆုံးပါပဲ။

မြန်မာပြည်မှာ မိသားစုဝင်တိုင်း အလုပ်လုပ်မှ ထမင်းနပ်မှန်တဲ့အခြေအနေမှာ မိခင်တွေဟာ ကိုယ့်ရဲ့ လူမမယ်အရွယ်ကလေးတွေရဲ့ အနားကနေခွာပြီးလုပ်ငန်းခွင်တွေဆီကို သွားရောက်ကြရပါတယ်။ အခြေအနေတွေကြောင့်မိခင်ရင်ခွင်နဲ့ ဝေးနေရရှာတဲ့ကလေးတွေအဖို့ အကာအကွယ်မဲ့လှပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မူးယစ် နေသူ၊ လိင်စိတ်ထကြွနေသူ တစ်ယောက်ယောက်ရဲ့သားကောင် ဖြစ်သွားကြရတာ အင်မတန်မှ စိတ်ထိခိုက်ဖို့ ကောင်းပါတယ်။

ဒီလို မိဘအလုပ်သွားချိန် အိမ်မှာကျန်ခဲ့ရတဲ့ ကလေးငယ်တွေကိုလည်းပတ်ဝန်းကျင်က ကာကွယ်စောင့်ရှောက်ပေးဖို့ အထူးလိုအပ်ပါတယ်။ အချို့ဖြစ်စဉ်တွေမှာတော့တာဝန်ရှိတဲ့ ဆွေမျိုးသားချင်းတွေနဲ့ ပတ်ဝန်းကျင်အိမ်နီးချင်းတွေကပဲ ဒီလိုကလေးတွေကို ကျူးလွန်ကြတာတွေ့ရပါတယ်။

မိဘတွေရဲ့ အနာဂတ်ကလေးတွေ၊ တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေ ခုလိုအလွယ်တကူ ကြေမွဖျက်ဆီးခံနေရတဲ့ အဖြစ်အပျက်တွေကြားကနေ ကာကွယ်ကယ်တင်နိုင်ဖို့အားလုံးမှာတာဝန်ရှိတာပါ။

ခုလိုမကြားချင်မှ အဆုံးကြားနေရတဲ့ သက်ငယ်မုဒိန်းမှုတွေ ကလေးငယ်တွေကိုလိင်အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားရခြင်း အကြောင်းရင်းဇာတ်မြစ်ကို ဖော်ထုတ်အရေးယူသင့်သလို၊ ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကိုလည်း ထိန်းချုပ်ဖို့အတွက် အစိုးရနဲ့ ပြည်သူလူထုအားလုံးမှာတာဝန်ရှိနေပါတယ်။

တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက် ပေးကြဖို့အတွက် အစိုးရသာမက ရပ်ကွပ်အခြေပြု ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းတွေမှာ အားလုံးပါဝင်လုပ်ဆောင်ပေးကြဖို့မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

http://myitmakhamediagroup.com/news
ကလေးတွေဆိုတာ မိဘတွေရဲ့ အနာဂတ်ဖြစ်သလို၊ တိုင်းပြည်ရဲ့ အနာဂတ်တွေလည်းဖြစ်ပါတယ်။ စိတ် မကောင်း စရာ ကောင်းတာကတော့ တိုင်းပြည်ရဲ့အနာဂတ်ကလေးတွေကို မုဒိမ်းကောင်တွေက သားကောင်အဖြစ် သတ်မှတ်ပြီးသက်ငယ်မုဒိမ်းမှုတွေ ကျူးလွန်နေကြခြင်းပါ။

၂၀၁၂ ခုနှစ်တုန်းကလည်း လိင်အကြမ်းဖက်မှုပေါင်း ၁၃၅ မှုဖြစ်ပွားခဲ့ပြီး၂၀၁၃ ခုနှစ်မှာတော့ ဇူလိုင်လကုန်ထိ စုစုပေါင်း ၈၀ ၀န်းကျင်ထိဖြစ်ပွားခဲ့တယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ရဲ့ သတင်း ထုတ်ပြန်ချက်အရသိရပါတယ်။

၂၀၁၃ ခုနှစ်တွင်းမှာ အရွယ်မရောက်သေးတဲ့ အသက် ၁၈ နှစ်အောက်မိန်းကလေးတွေ လိင် အကြမ်း ဖက်ခံရမှု ၃၃ မှုနဲ့ အသက် ၁၀ နှစ်အောက်ကလေးလိင်အကြမ်းဖက်ခံရမှု ၁၀ မှု ရှိတယ်လို့ ကြားသိ ရပါတယ်။

မြန်မာပြည်မှာ ဘယ်တုန်းကမှ မကြားဘူးခဲ့တဲ့ အသက် ၃ နှစ်အရွယ် အသက် ၅နှစ်အရွယ် လူမမည် အရွယ် ကလေးငယ်တွေ လိင်အကြမ်းဖက်ခံနေရတဲ့ ကိစ္စဟာ ၂၀၁၃နှစ်မှာတော့ မကြာခဏ ကြားနေ ရတဲ့ သတင်းဆိုးတွေ ဖြစ်နေပါပြီ။

ဒီလိုအကြမ်းဖက်မှုမျိုးကို ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်အချို့မှာ ဖြစ်ပွားလေ့ရှိတတ်တာ ကိုလည်း သိရပါတယ်။

ဘာကြောင့်များ ဒီလို ဥမမယ် စာမမြောက် လူမမည်အရွယ်ကလေးငယ်တွေကို ကျူးလွန်ကြသလဲဆိုတဲ့ အဖြေရဲ့ပုစ္ဆာကို ရှာဖွေဖော် ထုတ်ပြီး ထိထိရောက်ရောက် အပြစ်ပေးအရေးယူသင့်နေပါပြီ။

တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေ မုဒိမ်းကောင်တွေရဲ့အောက်မှာ မွမွကြေရတဲ့အဖြစ်ဆိုးတွေ ဆက်လျက် မဖြစ်ပွားစေဖို့အတွက် အစိုးရမှာ အဓိကတာဝန်ရှိပါတယ်၊ဒါ့အပြင်မိဘမှာလည်း တာဝန် ရှိတယ်၊ လူ့အသိုင်းအ၀ိုင်း တစ်ခုလုံး အနေနဲ့လည်းတာဝန်ရှိပါတယ်။

အစိုးရအနေနဲ့လည်း ဒီလိုဖြစ်ပွားရခြင်းရဲ့ အကြောင်းရင်းတွေကို သေသေချာချာဖော်ထုတ်ဖို့ လိုအပ် သလို၊ ကျူးလွန်သူတွေကိုလည်း ထိထိရောက်ရောက် အနေနဲ့ သေဒဏ်ပေးတဲ့အထိ အရေးယူ သင့်ပါတယ်။

မီဒီယာတွေအနေနဲ့ မုဒိမ်းမှုတွေဖြစ်နေတယ်ဆိုတာလောက် ဖော်ပြပေးနေရုံနဲ့တာဝန်မကျေနိုင်ပါဘူး။ ဒီလို လိင်အကြမ်းဖက်မှု သတင်းတွေကို ဖော်ပြရာမှာလည်းပြစ်ဒဏ်ချခဲ့ ရတဲ့ကိစ္စတွေ ကိုပါ ဖော်ပြပေး သင့်တယ်၊ ရေးသားရာမှာလည်းသတင်းစာကျင့်ဝတ်အတိုင်းရေးသားကြပြီး ဒီလိုလိင် အကြမ်းဖက် မှုတွေ ဖြစ်ပွားလာရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းတွေကို အဓိကဖော်ထုတ်ရေးသားစေ ချင်ကြ ပါ တယ်။ ဒါမှသာ ရှေ့ဆက်မဖြစ်ပွားစေရေးအတွက် ကာကွယ်တားဆီးရာ ရောက်ပါမယ်။

ဒီလိုကျူးလွန်ခဲ့တဲ့ အမှုတွေမှာ သတိပြုစရာကောင်းတာကတော့ ဒီလို မုဒိမ်းမှုဖြစ်ပွားတဲ့ တရားခံတွေကို လေ့လာ ကြည့်တဲ့အခါမှာ အားလုံးနီးပါးကအရက်မူးပြီး ကျူးလွန်ကြတယ် ဆိုတာ ကို တွေ့ရပါတယ်။ အရက်သောက် တတ်တဲ့သူတိုင်း မုဒိမ်းမှုမကျူးလွန်တတ်ပေမဲ့၊ မုဒိန်းမှု ကျူးလွန်တဲ့သူတိုင်းမှာတော့ အရက်သောက်ထားတာကို တွေ့ရှိရတာပါပဲ။

အရက်ဆိုတဲ့ မူးယစ်စေတဲ့ အရာကို အသိဥာဏ်ရှိတဲ့ သူ သောက်သုံးတာနဲ့အသိဥာဏ်နည်းပါးတဲ့ သူ သောက်သုံး တာခြင်း မတူပါဘူး၊ ပညာတတ်၊အသိဥာဏ်ရှိသူတွေတောင်မှ သောက်ပြီးရင် မှားစေနိုင် တဲ့ အရက်ဆိုတာကို ပညာအသိဥာဏ်နည်းသူတွေ သောက်သုံးရင် မုဒိမ်းမှု၊ လူသတ်မှု၊ ခိုးမှုစတဲ့ ဘာ မဆိုဖြစ်နိုင်ပါတယ်။

မြန်မာပြည်မှာ အရက်ထုတ်လုပ်သူတွေ ပေါများလှပြီး အရက်ဈေးနှုန်းက ငွေ ကျပ်၅၀ ၊ ငွေကျပ် ၁၀၀ နှုန်းနဲ့ ရနေ တာ၊ မြို့လယ်ခေါင်မှာသာမက ဆင်ခြေပုံးအိမ်ကြိုအိမ်ကြားထိ လွယ်လွယ်ကူကူနဲ့ ၀ယ်ယူရရှိနေတာကလည်း လူတွေလူငယ်တွေကို မကောင်းမှုကျူးလွန်မိအောင်များ စွဲဆောင်နေသလား ဆိုတာလည်းစဉ်းစားစရာပါပဲ။

အဲဒီလို ဈေးပေါပြီး နေရာတကာမှာ လွယ်လွယ်ကူကူ ၀ယ်ယူရရှိနိုင်တဲ့အရက်တွေကို အစိုးရအနေနဲ့ ထိန်းချုပ် သင့်ပါပြီ၊ အခွန်အခတွေမြှင့်သင့်သလို၊ အရက်ဈေးနှုန်းကိုလည်း ခုထက်မကမြှင့်ပေး လိုက်ခြင်းအားဖြင့် ထိန်းချုပ်လို့ ရနိုင်ပါတယ်။

နောက် စဉ်းစားသင့်တဲ့ အချက်ကတော့ အပြာကားလို့ ခေါ်ကြတဲ့ လိင်ဆက်ဆံမှုဆိုင်ရာ ဇာတ်ကားတွေ မြန်မာပြည်တွင်းက မြို့ကြီးပြကြီးတွေမှာသာမကကျေးရွာတွေ အဆုံးဒီလို လိင် ဆက်ဆံမှုကို အသားပေးရိုက်ပြကြတဲ့ဗီဒီယိုဇာတ်ကားတွေကို အလွယ်တကူရရှိနေတာကလည်း အချက်တစ်ခု ဖြစ်ပါတယ်။

အထူးသဖြင့် အရက်သောက်(သို့မဟုတ်)မူးယစ်ဆေးတစ်ခုခု သုံးထားတဲ့လူတစ်ယောက်ဟာ ဒီလို အခွေမျိုးတွေကို ကြည့်ပြီး စိတ်ထကြွနေချိန်၊ဒီလိုအခွေမျိုးတွေ စိတ်ထဲ ရှိနေချိန်မှာ ကိုယ့်ပတ်ဝန်းကျင် အနီးအနားမှာရှိတဲ့ မိန်းကလေးတွေ အပေါ်မှာသော်လည်းကောင်း၊ ကလေးတွေ အပေါ်မှာသော် လည်းကောင်း သွားရောက်ပေါက်ကွဲပြီး ကျူးလွန် တတ်ကြတာ တွေ့မြင်ရပါတယ်။

အဲလိုအချိန်မျိုးမှာ သူတို့အတွက် အလွယ်ကူဆုံး ပေါက်ကွဲလို့ရတာကတော့မသိနားမလည်ရှာသေးတဲ့ လူမမယ် အရွယ် ကလေးငယ်တွေ ဖြစ်နေတာကတော့စိတ်ထိခိုက်စရာ အကောင်းဆုံးပါပဲ။

မြန်မာပြည်မှာ မိသားစုဝင်တိုင်း အလုပ်လုပ်မှ ထမင်းနပ်မှန်တဲ့အခြေအနေမှာ မိခင်တွေဟာ ကိုယ့်ရဲ့ လူမမယ်အရွယ်ကလေးတွေရဲ့ အနားကနေခွာပြီးလုပ်ငန်းခွင်တွေဆီကို သွားရောက်ကြရပါတယ်။ အခြေအနေတွေကြောင့်မိခင်ရင်ခွင်နဲ့ ဝေးနေရရှာတဲ့ကလေးတွေအဖို့ အကာအကွယ်မဲ့လှပါတယ်။ ဒီလိုအခြေအနေမျိုးမှာ မူးယစ် နေသူ၊ လိင်စိတ်ထကြွနေသူ တစ်ယောက်ယောက်ရဲ့ သားကောင် ဖြစ် သွားကြရတာ အင်မတန်မှ စိတ်ထိခိုက်ဖို့ ကောင်းပါတယ်။

ဒီလို မိဘအလုပ်သွားချိန် အိမ်မှာကျန်ခဲ့ရတဲ့ ကလေးငယ်တွေကိုလည်းပတ်ဝန်းကျင်က ကာကွယ်စောင့်ရှောက်ပေးဖို့ အထူးလိုအပ်ပါတယ်။ အချို့ဖြစ်စဉ်တွေ မှာတော့တာဝန် ရှိတဲ့ ဆွေမျိုး သားချင်းတွေနဲ့ ပတ်ဝန်းကျင်အိမ်နီးချင်းတွေကပဲ ဒီလိုကလေးတွေကို ကျူးလွန်ကြတာတွေ့ရပါတယ်။

မိဘတွေရဲ့ အနာဂတ်ကလေးတွေ၊ တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေ ခုလိုအလွယ် တကူ ကြေမွဖျက်ဆီးခံနေရတဲ့ အဖြစ်အပျက်တွေကြားကနေ ကာကွယ်ကယ်တင်နိုင်ဖို့ အားလုံးမှာ တာဝန်ရှိတာပါ။

ခုလိုမကြားချင်မှ အဆုံးကြားနေရတဲ့ သက်ငယ်မုဒိန်းမှုတွေ ကလေးငယ်တွေကို လိင်အကြမ်း ဖက်မှုတွေနဲ့ ပတ်သက်ပြီး ဖြစ်ပွားရခြင်း အကြောင်းရင်းဇာတ်မြစ် ကို ဖော်ထုတ် အရေးယူသင့် သလို၊ ဖြစ်ပွားစေနိုင်တဲ့ အကြောင်းအရင်းတွေကိုလည်း ထိန်းချုပ်ဖို့အတွက် အစိုးရနဲ့ ပြည်သူ လူထု အားလုံးမှာတာဝန်ရှိနေပါတယ်။

တိုင်းပြည်ရဲ့ အနာဂတ်ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုကို တည်ဆောက် ပေး ကြဖို့အတွက် အစိုးရသာမက ရပ်ကွပ်အခြေပြု ကာကွယ်စောင့်ရှောက်ရေး လုပ်ငန်းတွေမှာ အားလုံးပါဝင်လုပ်ဆောင်ပေးကြဖို့မေတ္တာရပ်ခံတိုက်တွန်းလိုပါတယ်။

မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ။

http://myitmakhamediagroup.com/news

No comments:

Post a Comment