Saturday, August 24, 2013

မန္တလေးကျုံးဘေး၌ အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားခဲ့သည့် ဆယ်ကျော်သက် အရွယ် လူငယ် ကိုးဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေး

Photo: မန္တလေးကျုံးဘေး၌ အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားခဲ့သည့် ဆယ်ကျော်သက် အရွယ် လူငယ် ကိုးဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးစစ်ဆေး
Saturday, August 24, 2013

ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် (၀ဲမှ ယာ) အောင်မြင့်မြတ်(ခ)ဂျိုးကြီး (ဘ) ဦးသန်းဦး၊ ရဲဝင့်သူ(ဘ)ဦးသိန်းထိုက်၊ လဖီး(ခ)ကျော်သီဟထွန်း (ဘ) ဦးမြင့်ခိုင်၊ အကော(ခ) ထက်ခေါင်ထွန်း (ဘ) ဦးထွန်းအောင်၊ ဒီးဒီး(ခ) ကျော်ဇင်ဝင်း(ဘ) ဦးထွန်းအောင်၊ ဖက်တီး(ခ)ချမ်းမြေ့သူ(ဘ) ဦးတင်ဦး၊ ဇော်ထွေးဦး(ဘ) ဦးသာဌေး၊ ဇင်ရဲထက်(ခ)မျောက်ကြီး (ဘ)ဦးသိန်းဇော်၊ သက်ဖုန်းခိုင် (ဘ) ဦးဇော်ဝင်းတို့အား တွေ့ရစဉ်

မန္တလေး ကျုံးဘေးတွင် ညပိုင်း၌ အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားခဲ့သည့် ဆယ်ကျော်သက်အရွယ် လူငယ်ကိုးဦးကို ရဲတပ်ဖွဲ့မှ သြဂုတ် ၂၂ ရက် ညပိုင်းက ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ညပိုင်း၌ ကျုံးဘေးတွင် လူငယ်တစ်သိုက်မှ ဆိုင်ကယ်ဖြင့်လိုက်၍ ဓားနှင့်လိုက်လံ ခုတ်ခံရမှု များလာခြင်းကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ အနေဖြင့် လုံခြုံရေး တိုးမြှင့်ပြီး ဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၂ ရက် ညပိုင်းအချိန်တွင် မသင်္ကာသူ နှစ်ဦးဖြစ်သည့် ဖက်တီး(ခ)ချမ်းမြေ့သူနှင့် ဇော်ထွေးဦးတို့အား တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူ ဌာနမှ တပ်ဖွဲ့ဝင်များက သက်သေများရှေ့တွင် ခေါ်ယူစစ်ဆေး ခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုအရ လွန်ခဲ့သော တစ်လကျော်ခန့်က ဖက်တီး(ခ)ချမ်းမြေ့သူ(၁၉ နှစ်) (ဘ) ဦးတင်ဦး၊ မဟာအောင်မြေ မြို့နယ်နေသူသည် ၎င်းနှင့်အတူ ဒီးဒီး(ခ)ကျော်ဇင်ဝင်း (၁၈နှစ်) (ဘ)ဦးထွန်းအောင်၊ သက်ဖုန်းခိုင် (၁၅ နှစ်)(ဘ) ဦးဇော်ဝင်း၊ ချမ်းမြသာစည် မြို့နယ်၊ ဇော်ထွေးဦး(၂၀ နှစ်) (ဘ) ဦးသာဌေး ၊

မဟာအောင်မြေမြို့နယ်၊ ဇင်ရဲထက် (ခ) မျောက်ကြီး (၁၄ နှစ်) (ဘ) ဦးသိန်းဇော် ချမ်းမြသာစည်မြို့နယ်၊ အကော(ခ) ထက်ခေါင်ထွန်း (၁၉ နှစ်) (ဘ) ဦးထွန်းအောင်၊ မဟာအောင်မြေမြို့နယ်၊ လဖီး(ခ)ကျော် သီဟထွန်း( ၁၅ နှစ်) (ဘ) ဦးမြင့်ခိုင်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြင့်မြတ်(ခ) ဂျိုးကြီး (၁၇ နှစ်)၊(ဘ) ဦးသန်းဦး၊ မဟာအောင်မြေမြို့နယ်၊ ရဲဝင့်သူ (၁၄ နှစ်) စိန်ပန်းရပ် နေသူတို့မှာ

ကျုံးမြောက်ဘက် တိရစ္ဆာန်ရုံရှေ့တွင် စည်သူအောင် ဆိုသူအား ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ဇူလိုင် ၁၄ ရက်တွင် ကျုံးအနောက်ဘက် လမ်း ၈၀ ၊ ၉x၁၀ လမ်း ကြားတွင် စိုင်းသီဟနှင့် အောင်ကိုလွင် တို့အား လည်းကောင်း၊ ဇူလိုင် ၂၇ ရက်တွင် လမ်း ၈၀၊ ၁၄x၁၅ လမ်းကြား၌ မျိုးသူရဦး ဆိုသူတို့အား အကြောင်းမဲ့ ဓားဖြင့် ခုတ်ခဲ့ကြောင်း သိရသည်။

Eleven Media Group
ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် (၀ဲမှ ယာ) အောင်မြင့်မြတ်(ခ)ဂျိုးကြီး (ဘ) ဦးသန်းဦး၊ ရဲဝင့်သူ(ဘ) ဦးသိန်းထိုက်၊ လဖီး(ခ)ကျော်သီဟထွန်း (ဘ) ဦးမြင့်ခိုင်၊ အကော(ခ) ထက်ခေါင်ထွန်း (ဘ) ဦးထွန်းအောင်၊ ဒီးဒီး(ခ) ကျော်ဇင်ဝင်း(ဘ) ဦးထွန်းအောင်၊ ဖက်တီး(ခ)ချမ်းမြေ့သူ(ဘ) ဦးတင်ဦး၊ ဇော်ထွေးဦး(ဘ) ဦးသာဌေး၊ ဇင်ရဲထက်(ခ)မျောက်ကြီး (ဘ)ဦးသိန်းဇော်၊ သက်ဖုန်းခိုင် (ဘ) ဦးဇော်ဝင်းတို့အား တွေ့ရစဉ်
မန္တလေးကျုံးဘေးတွင် ညပိုင်း၌ အုပ်စုဖွဲ့ ဓားကိုင်ရမ်းကားခဲ့သည့် ဆယ်ကျော်သက်အရွယ် လူငယ်ကိုးဦးကို ရဲတပ်ဖွဲ့မှ သြဂုတ် ၂၂ ရက် ညပိုင်းက ဖမ်းဆီးခဲ့ပြီး စစ်ဆေးမှုများ ပြုလုပ်လျက် ရှိကြောင်း မန္တလေးတိုင်း ရဲတပ်ဖွဲ့မှ စုံစမ်းသိရသည်။

ညပိုင်း၌ ကျုံးဘေးတွင် လူငယ်တစ်သိုက်မှ ဆိုင်ကယ်ဖြင့်လိုက်၍ ဓားနှင့်လိုက်လံ ခုတ်ခံရမှု များ လာခြင်းကြောင့် သက်ဆိုင်ရာ ရဲတပ်ဖွဲ့များ အနေဖြင့် လုံခြုံရေး တိုးမြှင့်ပြီး ဆောင်ရွက်ခဲ့ရာ သြဂုတ် ၂၂ ရက် ညပိုင်းအချိန်တွင် မသင်္ကာသူ နှစ်ဦးဖြစ်သည့် ဖက်တီး(ခ)ချမ်းမြေ့သူနှင့် ဇော်ထွေးဦးတို့အား တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး မှုခင်းအကူ ဌာနမှ တပ်ဖွဲ့ဝင်များက သက်သေများရှေ့တွင် ခေါ်ယူစစ်ဆေး ခဲ့ကြောင်း သိရသည်။

စစ်ဆေးမှုအရ လွန်ခဲ့သော တစ်လကျော်ခန့်က ဖက်တီး(ခ)ချမ်းမြေ့သူ(၁၉ နှစ်) (ဘ) ဦးတင်ဦး၊ မဟာအောင်မြေ မြို့နယ်နေသူသည် ၎င်းနှင့်အတူ ဒီးဒီး(ခ)ကျော်ဇင်ဝင်း (၁၈နှစ်) (ဘ)ဦးထွန်းအောင်၊ သက်ဖုန်းခိုင် (၁၅ နှစ်)(ဘ) ဦးဇော်ဝင်း၊ ချမ်းမြသာစည် မြို့နယ်၊ ဇော်ထွေးဦး(၂၀ နှစ်) (ဘ) ဦးသာဌေး ၊

မဟာအောင်မြေမြို့နယ်၊ ဇင်ရဲထက် (ခ) မျောက်ကြီး (၁၄ နှစ်) (ဘ) ဦးသိန်းဇော် ချမ်းမြသာစည်မြို့နယ်၊ အကော(ခ) ထက်ခေါင်ထွန်း (၁၉ နှစ်) (ဘ) ဦးထွန်းအောင်၊ မဟာအောင်မြေမြို့နယ်၊ လဖီး(ခ)ကျော် သီဟထွန်း( ၁၅ နှစ်) (ဘ) ဦးမြင့်ခိုင်၊ ချမ်းအေးသာစံမြို့နယ်၊ အောင်မြင့်မြတ်(ခ) ဂျိုးကြီး (၁၇ နှစ်)၊(ဘ) ဦးသန်းဦး၊ မဟာအောင်မြေမြို့နယ်၊ ရဲဝင့်သူ (၁၄ နှစ်) စိန်ပန်းရပ် နေသူတို့မှာ

ကျုံးမြောက်ဘက် တိရစ္ဆာန်ရုံရှေ့တွင် စည်သူအောင် ဆိုသူအား ဓားဖြင့်ခုတ်ခဲ့ကြောင်း၊ ဇူလိုင် ၁၄ ရက်တွင် ကျုံးအနောက်ဘက် လမ်း ၈၀ ၊ ၉x၁၀ လမ်း ကြားတွင် စိုင်းသီဟနှင့် အောင်ကိုလွင် တို့အား လည်းကောင်း၊ ဇူလိုင် ၂၇ ရက်တွင် လမ်း ၈၀၊ ၁၄x၁၅ လမ်းကြား၌ မျိုးသူရဦး ဆိုသူတို့အား အကြောင်းမဲ့ ဓားဖြင့် ခုတ်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment