Thursday, August 8, 2013

ကျိုက်မရောမြို့နယ်တွင် ရေကျမှု နှေးကွေးခြင်းကြောင့် ဆက်လက်ရေကြီးရေလျှံမှု ဖြစ်ပေါ်နေ


Photo: ကျိုက်မရောမြို့နယ်တွင် ရေကျမှု နှေးကွေးခြင်းကြောင့် ဆက်လက်ရေကြီးရေလျှံမှု ဖြစ်ပေါ်နေ
Thursday, August 8, 2013

မွန်ပြည်နယ်အတွင်း ဇူလိုင်လ နောက်ဆုံးအပတ်က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေလွှမ်းမိုးခဲ့သည့် ဘီးလင်းမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် ရေပြန်လည် ကျဆင်းသွားပြီ ဖြစ်သော်လည်း ကျိုက်မရောမြို့နယ်တွင် ရေပြန်ကျမှု နှေးကွေးမှုကြောင့် ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားလျက် ရှိသည်။

"ဒီလို ရေတက်မြန်တာ တစ်ခါမှ မကြုံဖူးဘူး။ မိုးကလည်းများ အောက်ရေကလည်းတိုးတော့ သုံးလေးရက်အတွင်း ရေကလမ်းမပေါ်မှာတောင် ငါးပေကျော်လောက် မြင့်တက်သွားတယ်။ ကျွန်တော်မှတ်မိသလောက်  ကျိုက်မရောမြို့မှာ ရေအကြီးအကျယ် သုံးခါလောက်ကြီးဖူးတယ်။ ၁၉၆၇ ခုနှစ်လောက်ကရယ်၊ ၂၀၀၈ ခုနှစ်နဲ့ ဒီ ၂၀၁၃ ခုနှစ်ရယ်ပါ။ ဒီအကြိမ်ကတော့ ရေတက်တာ အမြန်ဆုံးပဲ။ အိမ်ကနေ ဘာမှကို မယူလိုက်ရဘူး" ဟု ရေလွှမ်းမိုးခံရသော ကျိုက်မရောမြို့ရှင် စောပုရပ်ကွက်နေ ကိုမြင့်ဝင်းက ဆိုသည်။

"နောက်နှစ်ရက် သုံးရက်လောက် နေရင်တော့ ရေပြန်ကျသွားမယ် ထင်ပါတယ်။ ဒါပေမဲ့ ၀ါခေါင်လ ရေထရက်မှာ ဒီလိုထပ်ဖြစ်မလား စောင့်ကြည့်နေကြတယ်။ ရေပြန်ကျတာ စောရင်တော့ စပါးပင်တွေ ရှင်နိုင်ပါတယ်။ ဒါကလဲ ရေပြန်ကျပြီး မိုးနည်းနည်းလောက် ပြန်ရွာမှ ဖြစ်မှာ။ နေဆက်တိုက် ပူမယ်ဆိုရင်တော့ အပင်တွေဆွေးပြီး ပျက်စီးနိုင်ပါတယ်။ အဲဒီအခါကျရင်တော့ ဆုံးရှုံးမှုတွေ ပိုများနိုင်ပါတယ်" ဟု ရေဘေးသင့် လယ်သမားတစ်ဦးက ပြောကြားသည်။

"ဒီကယ်ဆယ်ရေးစခန်းကို ရောက်နေတာ ငါးရက်လောက် ရှိပါပြီ။ နေ့တိုင်းတော့ အလှူရှင်တွေ ဆန်တွေ၊ ဆီတွေ၊ ရေသန့်ဘူးတွေနဲ့ အခြားပစ္စည်းတွေ လာလှူနေတာတော့ တွေ့နေရပါတယ်" ဟု ကျိုက်မရော အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့် ပြည်သူတစ်ဦးက ဆိုသည်။

ကျိုက်မရောမြို့နယ်အတွင်း ကျိုက်မရောမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ရေဘေးသင့်ပြည်သူ ၁၅၂၀ ဦး၊ ချောင်းနှစ်ခွကျးရွာ အထက်တန်းကျောင်းခွဲတွင် ရေဘေးသင့်ပြည်သူ ၁၀၀ ဦး ဆက်လက်ခိုလှုံလျက် ရှိသည်။

Eleven Media Group

ကျိုက်မရောမြို့ရှိ လမ်းမတစ်ခုပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်
ကျိုက်မရောမြို့ရှိ လမ်းမတစ်ခုပေါ်တွင် ရေကြီးရေလျှံမှု ဖြစ်ပေါ်နေစဉ်
မွန်ပြည်နယ်အတွင်း ဇူလိုင်လ နောက်ဆုံးအပတ်က မိုးသည်းထန်စွာ ရွာသွန်းခြင်းကြောင့် ရေလွှမ်း မိုးခဲ့သည့် ဘီးလင်းမြို့နယ်နှင့် ရေးမြို့နယ်တို့တွင် ရေပြန်လည် ကျဆင်းသွားပြီ ဖြစ်သော်လည်း ကျိုက်မရောမြို့နယ်တွင် ရေပြန်ကျမှု နှေးကွေးမှုကြောင့် ရေကြီးရေလျှံမှု ဆက်လက်ဖြစ်ပွားလျက် ရှိသည်။

"ဒီလို ရေတက်မြန်တာ တစ်ခါမှ မကြုံဖူးဘူး။ မိုးကလည်းများ အောက်ရေကလည်းတိုးတော့ သုံးလေးရက် အတွင်း ရေကလမ်းမပေါ်မှာတောင် ငါးပေကျော်လောက် မြင့်တက်သွားတယ်။ ကျွန်တော်မှတ်မိ သလောက် ကျိုက်မရောမြို့မှာ ရေအကြီးအကျယ် သုံးခါလောက်ကြီးဖူးတယ်။ ၁၉၆၇ ခုနှစ်လောက် ကရယ်၊ ၂၀၀၈ ခုနှစ်နဲ့ ဒီ ၂၀၁၃ ခုနှစ်ရယ်ပါ။ ဒီအကြိမ်ကတော့ ရေတက်တာ အမြန်ဆုံးပဲ။ အိမ်ကနေ ဘာမှကို မယူလိုက်ရဘူး" ဟု ရေလွှမ်းမိုးခံရသော ကျိုက်မရောမြို့ရှင် စောပုရပ်ကွက်နေ ကိုမြင့်ဝင်းက ဆိုသည်။

"နောက်နှစ်ရက် သုံးရက်လောက် နေရင်တော့ ရေပြန်ကျသွားမယ် ထင်ပါတယ်။ ဒါပေမဲ့ ၀ါခေါင်လ ရေထရက်မှာ ဒီလိုထပ်ဖြစ်မလား စောင့်ကြည့်နေကြတယ်။ ရေပြန်ကျတာ စောရင်တော့ စပါးပင်တွေ ရှင်နိုင်ပါတယ်။ ဒါကလဲ ရေပြန်ကျပြီး မိုးနည်းနည်းလောက် ပြန်ရွာမှ ဖြစ်မှာ။ နေဆက်တိုက် ပူမယ်ဆိုရင်တော့ အပင်တွေဆွေးပြီး ပျက်စီးနိုင်ပါတယ်။ အဲဒီအခါကျရင်တော့ ဆုံးရှုံးမှုတွေ ပိုများနိုင်ပါတယ်" ဟု ရေဘေးသင့် လယ်သမားတစ်ဦးက ပြောကြားသည်။

"ဒီကယ်ဆယ်ရေးစခန်းကို ရောက်နေတာ ငါးရက်လောက် ရှိပါပြီ။ နေ့တိုင်းတော့ အလှူရှင်တွေ ဆန်တွေ၊ ဆီတွေ၊ ရေသန့်ဘူးတွေနဲ့ အခြားပစ္စည်းတွေ လာလှူနေတာတော့ တွေ့နေရပါတယ်" ဟု ကျိုက်မရော အခြေခံပညာ အထက်တန်းကျောင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့် ပြည်သူတစ်ဦးက ဆိုသည်။

ကျိုက်မရောမြို့နယ်အတွင်း ကျိုက်မရောမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် ရေဘေးသင့်ပြည်သူ ၁၅၂၀ ဦး၊ ချောင်းနှစ်ခွကျးရွာ အထက်တန်းကျောင်းခွဲတွင် ရေဘေးသင့်ပြည်သူ ၁၀၀ ဦး ဆက်လက်ခိုလှုံလျက် ရှိသည်။

Eleven Media Group


No comments:

Post a Comment