Thursday, August 15, 2013

မြန်မာ့နိုင်ငံအရေးအခြေအနေပြောင်းလဲလာသကဲ့သို့ BNI နိုင်ငံတကာ မြန်မာ့သတင်းအဖွဲ့လည်း တိုးတက်

Photo: မြန်မာ့နိုင်ငံအရေးအခြေအနေပြောင်းလဲလာသကဲ့သို့ BNI နိုင်ငံတကာ
မြန်မာ့ သတင်းအဖွဲ့လည်း တိုးတက်
Thursday, August 15, 2013

အကြိမ် ၂၀ မြောက် (၆ လပတ်) BNI Burma News International အစည်းအဝေးအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပရာ မြန်မာ့နိုင်ငံ
အရေးအခြေအနေပြောင်းလဲလာသကဲ့သို့ တိုင်းရင်းသားမီဒီယာအဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော BNI မီဒီယာအဖွဲ့လည်း တိုးတက်လာပြီဖြစ်ကြောင်း
အဖွဲ့အတွင်း လေ့လာပံ့ပိုးပေးသည့် Ms. Kenneth Van Toll ကပြောပါ သည်။

“ မြန်မာနိုင်ငံ ပြောင်းလဲလာသလို ဘီအဲန်အိုင်အဖွဲ့လဲပြောင်းလဲ လာတာတွေ့ရတယ်။ အရင်က ပြည်ပမှာနေပြီး အလုပ် လုပ်ကြတယ် အခုဆိုရင် ပြည်တွင်းအထိဝင်ပြီးအလုပ်လုပ်နေပြီဆိုတော့ဆက်ပြီး မာလ်တီမီဒီယာအဆင့် News Agency ကြီးတိုးမြှင့်လုပ်သွားဖို့အဆိုပြု
နေကြပါတယ်။ ဘယ်လို လုပ်ကြမလဲဆိုတာ အဖွဲ့ဝင်တွေက နည်းလမ်း
မျိုးစုံကို သုံးသပ် ရွေးချယ်ပြီး လက်တွဲလုပ်သွားဖို့တိုက်တွန်းပါတယ်” ဟု အစည်းအဝေးစတင်သည့် ယနေ့မနက်က Ms. Kenneth က ပြောဆို
သွားပါသည်။

BNI အစည်းအဝေးကို ထိုင်းနိုင်ငံချင်းမိုင်မြို့ မယ့်တိုင်မြို့နယ် Royal Ping Resort တွင်ပြုလုပ်ခဲ့ကြရာ တက်ရောက်သူ ၃၀ ကျော်ရှိပါသည်။ ဩဂတ်စ်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း
သိရသည်။

အစည်းအဝေး ဒုတိယနေ့နှင့် တတိယနေ့များတွင်လည်း အဖွဲ့ဝင်များ၏ အဖွဲ့အစည်းတိုးတက်ရေး Multimedia ဖြစ်ပေါ်ရေး တို့ကိုဆက်လက်
ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆိုပါသည်။

Ms. Kenneth Van Toll သည် BNI အဖွဲ့အစည်းအား လေ့လာကာ အဖွဲ့အစည်းတိုးတက်မှုအတွက် နည်းဗျူဟာများပို့ချ ပေးခြင်း၊ အဖွဲ့ဝင်များ တိုးတက်ရေးအတွက် တွေ့ဆုံအားပေး အကြံဉာဏ်ပေးခြင်းများ ပြုလုပ်
နေသူတဦးဖြစ်ပါသည်။

နိုင်ငံတကာ မြန်မာ့သတင်း BNI တွင် လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ကချင်သတင်းဌာန၊ ကုလားတန်သတင်းဌာန၊ ကန္တာရ၀တီတိုင်း(မ်)၊
ရွှေဟင်္သာသတင်းဌာန၊ ကေအိုင်စီ (Karen Information Center)၊ ခိုနုမ်းထုန်သတင်းဌာန၊ မဇ္ဈိမသတင်းဌာန၊ နိရဉ္စရာသတင်းဌာန၊ သတင်းနှင့်မီဒီယာကွန်ယက်နှင့် သျှမ်းသံတော်ဆင့်သတင်းဌာန အစရှိ လွတ်လပ်သည့်သတင်းမီဒီယာ အဖွဲ့ ၁၁ ဖွဲ့ဖြင့် ပေါင်းစည်းထားပါသည်။

Panglong(Burmese)
အကြိမ် ၂၀ မြောက် (၆ လပတ်) BNI Burma News International အစည်းအဝေးအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ကျင်းပရာ မြန်မာ့ နိုင်ငံ အရေးအခြေအနေပြောင်းလဲလာသကဲ့သို့ တိုင်းရင်းသားမီဒီယာအဖွဲ့ ၁၁ ဖွဲ့ဖြင့် ဖွဲ့စည်းထားသော BNI မီဒီယာအဖွဲ့လည်း တိုးတက်လာပြီဖြစ်ကြောင်း အဖွဲ့အတွင်း လေ့လာပံ့ပိုးပေးသည့် Ms. Kenneth Van Toll ကပြောပါ သည်။
“ မြန်မာနိုင်ငံ ပြောင်းလဲလာသလို ဘီအဲန်အိုင်အဖွဲ့လဲပြောင်းလဲ လာတာတွေ့ရတယ်။ အရင်က ပြည်ပမှာနေပြီး အလုပ် လုပ်ကြတယ် အခုဆိုရင် ပြည်တွင်းအထိဝင်ပြီးအလုပ်လုပ်နေပြီဆိုတော့ဆက်ပြီး မာလ်တီမီဒီယာအဆင့် News Agency ကြီးတိုးမြှင့်လုပ်သွားဖို့ အဆိုပြု နေကြပါတယ်။ ဘယ်လို လုပ်ကြမလဲဆိုတာ အဖွဲ့ဝင်တွေက နည်းလမ်းမျိုးစုံကို သုံးသပ် ရွေးချယ်ပြီး လက်တွဲလုပ်သွားဖို့ တိုက်တွန်းပါတယ်” ဟု အစည်းအဝေးစတင်သည့် ယနေ့မနက်က Ms. Kenneth က ပြောဆို သွားပါသည်။

BNI အစည်းအဝေးကို ထိုင်းနိုင်ငံချင်းမိုင်မြို့ မယ့်တိုင်မြို့နယ် Royal Ping Resort တွင်ပြုလုပ်ခဲ့ကြရာ တက်ရောက်သူ ၃၀ ကျော်ရှိပါသည်။ ဩဂတ်စ်လ ၁၅ ရက်မှ ၁၉ ရက်နေ့အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

အစည်းအဝေး ဒုတိယနေ့နှင့် တတိယနေ့များတွင်လည်း အဖွဲ့ဝင်များ၏ အဖွဲ့အစည်းတိုးတက်ရေး Multimedia ဖြစ်ပေါ်ရေး တို့ကိုဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ဆိုပါသည်။

Ms. Kenneth Van Toll သည် BNI အဖွဲ့အစည်းအား လေ့လာကာ အဖွဲ့အစည်းတိုးတက်မှုအတွက် နည်းဗျူဟာများပို့ချ ပေးခြင်း၊ အဖွဲ့ဝင်များ တိုးတက်ရေးအတွက် တွေ့ဆုံအားပေး အကြံဉာဏ်ပေးခြင်းများ ပြုလုပ်နေသူတဦးဖြစ်ပါသည်။

နိုင်ငံတကာ မြန်မာ့သတင်း BNI တွင် လွတ်လပ်သောမွန်သတင်းအေဂျင်စီ၊ ကချင်သတင်းဌာန၊ ကုလားတန်သတင်းဌာန၊ ကန္တာရ၀တီတိုင်း(မ်)၊ ရွှေဟင်္သာသတင်းဌာန၊ ကေအိုင်စီ (Karen Information Center)၊ ခိုနုမ်းထုန်သတင်းဌာန၊ မဇ္ဈိမသတင်းဌာန၊ နိရဉ္စရာသတင်းဌာန၊ သတင်းနှင့်မီဒီယာကွန်ယက်နှင့် သျှမ်းသံတော်ဆင့်သတင်းဌာန အစရှိ လွတ်လပ်သည့်သတင်းမီဒီယာ အဖွဲ့ ၁၁ ဖွဲ့ဖြင့် ပေါင်းစည်းထားပါသည်။

Panglong(Burmese)

No comments:

Post a Comment