Tuesday, August 20, 2013

Kanebo မျက်နှာလိမ်းဆေး တိုင်ကြားမှု ၇၀၀၀ ကျော်ပြီ


ဂျပန် ​နိုင်ငံက ​အသားအရည် ​ဖြူဖွေး ​လှပအောင် ​လိမ်းတဲ့ ​မျက်နှာလိမ်းဆေးကို ​သုံးစွဲပြီး ​မျက်နှာပေမှာ ​အစွန်းအကွက်တွေ ​တင်ကျန်ခဲ့တဲ့အတွက် ​အလှကုန် ​ထုတ်လုပ်တဲ့ ​ကုမ္ပဏီက ​အမှု ​တိုင်ကြားမှု ​ပေါင်း ​၇၀၀၀ ​ကျော် ​ရရှိခဲ့တယ်လို့ ​သိရပါတယ်။
ပြီးခဲ့တဲ့လက ​အလှကုန်ထုတ်လုပ်တဲ့  ​Kanebo ​ကုမ္ပဏီက ​အလှကုန် ​မျက်နှာ ​လိမ်းဆေးထဲမှာ ​4HPB ​ဆိုတဲ့ ​ဓါတုပါဝင်တဲ့ ​အလှကုန် ​အမျိုး ​အစား ​၅၄ ​မျိုးကို ​ပြန်လည်ခေါ်ယူ ​ဖျက်သိမ်းခဲ့ပါတယ်။
Kanebo ​ကုမ္ပဏီက ​သူတို့ထုတ်လုပ်တဲ့ ​အလှကုန်ကို ​သုံးပြီး ​မျက်နှာပေါ်မှာ ​ကွက်ကျန်ခဲ့တာတွေ ​အတွက် ​ဆေးကုသမှုခံယူသူတွေအတွက် ​အကုန်အကျ ​ခံမယ်လို့ ​ဆိုပါတယ်။
တိုင်းတန်းမှု ​အမှုပေါင်း ​၇၂၆၆ ​မှု ​အနက် ​၆၅% ​က ​ပြည်ပက ​ဖြစ်ပြီး ​ကျန်တာ ​တွေက ​ဂျပန် ​ပြည်တွင်း က ​ဖြစ်တယ်လို့ ​သိရပါတယ်။
Kanebo ​အလှကုန် ​ပြန်ခေါ်ယူ ​မှု ​၄.၇၅သန်း ​ဖြစ်ပြီး ​ထိခိုက်တဲ့ ​နိုင်ငံတွေထဲမှာ ​မြန်မာ ​နိုင်ငံအပါအဝင် ​တိုင်ဝမ်၊ ​ဟောင်ကောင်၊ ​တောင်ကိုးရီးယား ​၊ထိုင်း၊ ​စင်္ကာပူ၊ ​မလေးရှား၊ ​အင်ဒိုနီးရှား၊ ​ဖိလစ်ပိုင်နဲ့ ​ဗိယက်နမ် ​နိုင်ငံတို့ ​ပါဝင်ပါတယ်။

ABC Radio

No comments:

Post a Comment