Friday, September 13, 2013

ကိုယ့်အလုပ်ကိုယ်လုပ်နေကြတယ်….သို့သော်

Photo: ကိုယ့်အလုပ်ကိုယ်လုပ်နေကြတယ်….သို့သော်
Friday, September 13, 2013

ယနေ့မြန်မာ့ဒီမိုကရေစီပန်းတိုင်ကိုရောက်ဖို့အတွက်အစိုးရ၊လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ NGO အဖွဲ့အ စည်းပေါင်းစုံတွေနဲ့ ချီတက်လျက်ရှိပါတယ်။ အစိုးရအနေနဲ့လည်း ဒီမိုကရေ စီ ဖော်ဆောင်နိုင်ဖို့ လုပ်ငန်းစဉ်တွေချမှတ် လုပ်ဆောင် လျက်ရှိပါတယ်။ ဒီမိုကရေစီဖော်ဆောင်ဖို့ အဓိကကျတာက တရားဥပဒေစိုးမိုးမှုရှိဖို့ပါပဲ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအသီးသီးရှိတဲ့ဒေသတွေမှာ ငြိမ်းချမ်းမှု မရှိတဲ့ အတွက် တရားဥပဒေစိုးမိုးမှုဆိုတာလဲ မရှိပါဘူး။ ဒါကြောင့် တရားဥပဒေ စိုးမိုးမှုရှိအောင် ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ဆောင်ဖို့ ကော် မတီတွေဖွဲ့ပြီး လုပ်ဆောင်လာနေပါပြီ။ အလားတူ စီးပွားရေးပြုပြင်ပြောင်း လဲမှုတွေလည်း လုပ်ဆောင်လာလျက်ရှိပါတယ်။ ဒါကလည်း အစိုးရအနေနဲ့ ကိုယ့်အလုပ် ကိုယ်လုပ်နေတာလို့ ထင်ပါတယ်။

လွှတ်တော်အနေနဲ့ကလည်း ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ဥပဒေပြုရေးတာဝန်တွေကို ဆောင်ရွက် နေတာတွေ့ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အပြစ်အနာအဆာတွေများတဲ့ အတွက် ပြင် ရမယ်ဆိုတာ ကို အားလုံးလက်ခံထားကြပါတယ်။ ဒီလိုပြင်ဆင်တဲ့အခါမှာ အတိတ်သမိုင်းကြောင်းတွေကို သင်ခန်းစာယူပြီး ပြင်သင့်တဲ့အချက်တွေ ကိုပြင်သင့်တဲ့အချိန်ရောက်မှပြင်ကြဖို့ကိုလည်းတိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်အသီးသီး ကလည်း လက်ခံထားကြပါတယ်။ 

တစ်ချို့သော နိုင်ငံရေးပါတီတွေအနေနဲ့ကြတော့လည်း ကိုယ့်ပါတီအနိုင်ရဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲအလွန် အာဏာချုပ်ကိုင်နိုင်ဖို့အတွက် လုပ်ဆောင်လာ လျက်ရှိကြပါတယ်။ ဒီလိုလုပ်ဆောင်တဲ့ အခါမှာ အာဏာရဖို့အတွက် အတားအဆီးသဖွယ်ဖြစ်နေတဲ့ တပ်မတော်ကို ၀ိုင်းဝန်းပြီး တိုက်ခိုက်လာ သလို တဖြည်းဖြည်းနဲ့ ချည့်နဲ့အောင် လုပ်ဆောင်ပြီး ဥပဒေတွေပြဌာန်းဖို့အ ထိ တိုးမြှင့်လုပ်ဆောင်လာလျက်ရှိပါတယ်။ ဒါကလည်း သူ့အလုပ်သူ လုပ်နေတာပဲ ဖြစ်ပါတယ်။

အလားတူတိုင်းရင်းသားဒေသက နိုင်ငံရေးပါတီတွေကလည်း ဖက်ဒရယ်ဆို တဲ့ နာမည်လှလှလေးသုံးပြီး ကိုယ်ပိုင်အုပ်ချုပ်ချင်တယ်။ ကိုယ်ပိုင်စိတ် ကြိုက်စီ မံခန့်ခွဲချင်တယ်။ ကမ္ဘာမှာရှိတဲ့ ဒီမိုကရေစီဘိုးအေနိုင်ငံကြီးတွေ မှာတောင်မရတဲ့ အခွင့်အရေးမျိုး၊ လုပ်ပိုင်ခွင့်မျိုးကို လိုချင်လာနေကြပါပြီ။ ဒါကလည်း သူ့အလုပ်သူလုပ်နေကြတာ ပါပဲ။

တိုင်းရင်းသားလက်နက်ကိုင်အသီးသီးကလည်း ဖက်ဒရယ်ဆိုတဲ့အမည်ကို ဘန်းပြပြီး သက်ဆိုင်ရာပြည်နယ် တွေမှာ ကိုယ်ပိုင်ပြည်နယ်တပ်မတော်တွေ ထူထောင်ဖို့တောင်လုပ်ကိုင်နေပါပြီ။ အစိုးရနဲ့ ငြိမ်းချမ်းရေးအပစ် အခတ်ရပ်စဲထားစဉ်ကာလမှာ အခွင့်ကောင်းယူပြီး အစိုးရတပ်ထိန်းချုပ် ထားတဲ့နယ်မြေထဲမှာ တိုးချဲ့လှုပ်ရှားလာကြ ပါတယ်။ အရင်က အစိုးရတပ်မတော်မသိအောင် ဆက်ကြေးကောက်၊ လူသစ်စုလာရာမှ အခုအခါ ဆက်ကြေး ကောက်၊ လူသစ်စုခြင်းသည် တိုင်းရင်းသားလက်နက် ကိုင်များရဲ့ တရားဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးဖြစ်ကြောင်းကို အသံလွှင့်ဌာနတွေကနေပြီး ပြောဆိုလာပါပြီ။ မြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်များပါ ဆက်ကြေးပေးနေရပါပြီ။
ဒါတွေကလည်းသူတို့အလုပ်သူတို့လုပ်တာပါပဲ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၁)ဖွဲ့က နိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ UNFC ကလည်း ဖက်ဒရယ်ကိုအကြောင်းပြ၍ လွှတ်တော်ပြင်ပမှာဖွဲ့စည်းပုံအခြေခံဥပဒေသစ်တွေ ရေးဆွဲနေကြပါပြီ။ နိုင်ငံတစ်ခုတည်းက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂)ခုနဲ့ အုပ်ချုပ်တဲ့နိုင်ငံလို့ ဂရင်းနစ်စာအုပ်ထဲထည့်ရမလို ဖြစ်နေပါပြီ။ တိုင်းပြည်ပြိုကွဲရေးကိုမ ရည်ရွယ်သော်လည်း လုပ်ရပ်များက တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ် မျဉ်းပေါ် ရောက်ရှိနေပါပြီ။ ဒါတွေကလည်း သူတို့အလုပ်သူတို့ လုပ်နေကြတာပါပဲ။

အလားတူ NGO အဖွဲ့အစည်းတွေကလည်း လူမှုရေးလုပ်ငန်းများကို ဘန်းပြပြီး နိုင်ငံရေးလုပ်ငန်းတွေ လုပ်ဆောင်လာလျက်ရှိပါတယ်။ အဲဒီအဖွဲ့အစည်းအသီးသီး ရပ်တည်လှုပ်ရှားနိုင်ဖို့ဆိုလျင် ငွေကြေးရှိဖို့လိုပါ တယ်။ ဒီငွေကြေးတွေရဖို့ NGO တွေအတွက် အလှူရှင်တွေလိုပါတယ်။ အလှူရှင်ဆိုတာ ပြည်တွင်း၊ ပြည်ပ (၂)မျိုးရှိပါတယ်။ ပြည်တွင်းမှာရရှိတဲ့ အလျူငွေကိုသာ တစ်ချို့NGO တွေက သတင်းမီဒီယာတွေမှာ အတန် အသင့် ထုတ်ပြန်သော်လည်း ပြည်ပကရရှိတဲ့အလှူငွေတွေကိုတော့ အတိအကျထုတ်ပြန်ခြင်းမရှိကြပါဘူး။ ပြည်တွင်းမှာမဖြစ်စလောက်ရရှိတဲ့ငွေလောက်နဲ့တော့ ဘယ် NGO အဖွဲ့အစည်းကမှ ကြာရှည်မရပ်တည်နိုင် ပါဘူး။ ဒါကြောင့် NGO အားလုံး ကြာရှည်ရပ်တည်သွားနိုင်ဖို့ဆိုတာ ပြည်ပက လှူဒါန်းတဲ့ အလှူရှင်တွေ အပေါ်မှာ ရပ်တည်နေရတာပါ။

ပြည်ပက အလှူရှင်တွေကလည်း သူတို့ကိုယ်ကျိုးစီးပွားအတွက် ရည်ရွယ် လှူဒါန်းကြတာပါ။ သူတို့အလိုကျ လုပ်ဆောင်ပေးမယ့်သူတွေကို ဒီလိုပဲမွေးမြူကြပါတယ်။ ပြီးမှ လိုချင်တဲ့ ရည်ရွယ်ချက်ရောက်အောင် လုပ်ဆောင်စေပါတယ်။ ဒါကြောင့် NGO အဖွဲ့အစည်းအားလုံးဟာ အလှူရှင် တွေရဲ့အကျိုးကိုပဲ ဦးစားပေး လုပ်ဆောင်ကြရပါတယ်။ ဒါတွေကလည်း သူတို့အလုပ် သူတို့လုပ်နေကြတာပါပဲ။

ပြောင်းလဲလာတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ပထ၀ီဝင်ဆိုင်ရာ အနေအထားဟာလည်း အချက်အခြာဖြစ်လာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စီးပွားရေးအင်အားကြီးမားလာတဲ့ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ ကမ္ဘာ့အရေးအရာတွေကို ဆက်လက်စိုးမိုးထားနိုင်ဖို့ဆိုလျင် တရုတ်ကိုထိန်းချုပ်ထား နိုင်ဖို့လိုအပ်တယ်လို့ ယူဆတဲ့ အမေရိကန်နိုင်ငံလို နိုင်ငံတွေကြောင့်လည်း ကျွန်တော်တို့နိုင်ငံကို အနောက် နိုင်ငံတွေကပါ အာရုံစိုက်နေကြပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေ အနေနဲ့လည်း သူတို့နဲ့ အဆင်ပြေမယ့်အစိုးရမျိုး တက်လာဖို့အတွက် မြန်မာ့နိုင်ငံရေးလောက၊ စီးပွားရေးလောက၊ NGO အဖွဲ့အစည်း အမျိုးမျိုး၊ သမဂ္ဂအမျိုးမျိုးက သူတို့ကို သစ္စာခံမည့်သူတွေမွေးမြူပြီး လုပ်ဆောင်လျက်ရှိပါတယ်။ ဒါက လည်း သူတို့အလုပ် သူတို့လုပ်နေကြတာဖြစ်ပါတယ်။

အလားတူပဲ တရုတ်ကလည်း ၎င်းတို့နှင့်အဆင်ပြေစွာဆက်ဆံမည့်အစိုးရ ကိုသာ ရှိစေဖို့အတွက် သူတို့ ရဲ့ လက်အောက်ခံဖြစ်နေသည့် “၀” အဖွဲ့၊ NDAA(မိုင်းလား)အဖွဲ့၊ KIA အဖွဲ့တို့ကို ၀ှက်ဖဲအဖြစ် အသုံးချလျက် ရှိပါတယ်။ ဒါကလည်း သူတို့အလုပ် သူတို့လုပ်နေကြတာပါပဲ။

အချုပ်ဆိုရရင် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ NGO တွေနဲ့ သမဂ္ဂတွေ စသည်ဖြင့် ကိုယ့်အလုပ်ကိုယ်လုပ်နေကြသော်လည်း အချို့အဖွဲ့အစည်းအသီးသီးရဲ့ လုပ်ရပ်တွေ ဟာ တိုင်းပြည်ပြိုကွဲမည့်အရေးကိုဦးတည်နေတာ ကို ပြည်သူတွေ အနေနဲ့သတိချပ်မိစေချင်ပါတယ်။ ထိုသို့ ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်တာချင်းအတူတူ မညီမညွတ်ဖြစ်နေကြမယ်ဆိုလျှင် တရုတ်နဲ့ အမေရိကန် တို့ရဲ့ လွှမ်းမိုးချယ်လှယ်မှုတွေဟာ အချိန်မရွေးဝင်ရောက်လာနိုင် တယ်ဆိုတဲ့အချက်က ပိုပြီးသတိထားရမယ့် အချက်ဖြစ်ပါတယ်။ ဒါဆိုရင် ကိုယ့်အဖွဲ့အစည်းတွေ အချင်းချင်းစည်းလုံးညီညွတ်မှသာ တိုင်းပြည်ရဲ့ အနာဂတ် ကို ကိုယ့်လူမျိုးတွေက စိတ်တိုင်းကျ ပုံဖော်နိုင်မယ်လို့ သတိမူသင့်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တိုင်းပြည် ကမ္ဘာတည်သရွေ့တည့်တံ့နိုင်ရန်နဲ့ ကမ္ဘာမြေပုံပေါ်ကမပျောက်ကွယ်ရေး ထိန်းသိမ်းစောင့်ရှောက်ရန်မှာ နိုင်ငံသူ၊ နိုင်ငံသားအားလုံးတွင် တာဝန်ရှိကြောင်း အသိပေးရေးသားလိုက်ရပါတယ်။

မြန်မာ့လင်းရောင်ခြည်
ယနေ့မြန်မာ့ဒီမိုကရေစီပန်းတိုင်ကိုရောက်ဖို့အတွက်အစိုးရ၊လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ NGO အဖွဲ့အ စည်းပေါင်းစုံတွေနဲ့ ချီတက်လျက်ရှိပါတယ်။ အစိုးရအနေနဲ့လည်း ဒီမိုကရေ စီ ဖော်ဆောင်နိုင်ဖို့ လုပ်ငန်းစဉ်တွေချမှတ် လုပ်ဆောင် လျက်ရှိပါတယ်။ ဒီမိုကရေစီဖော်ဆောင် ဖို့ အဓိကကျတာက တရားဥပဒေစိုးမိုးမှုရှိဖို့ပါပဲ။ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အသီးသီး ရှိတဲ့ဒေသတွေမှာ ငြိမ်းချမ်းမှု မရှိတဲ့ အတွက် တရားဥပဒေစိုးမိုးမှုဆိုတာလဲ မရှိပါဘူး။ ဒါကြောင့် တရားဥပဒေ စိုးမိုးမှုရှိအောင် ငြိမ်းချမ်းရေးကို ဦးစားပေး လုပ်ဆောင်ဖို့ ကော် မတီတွေဖွဲ့ပြီး လုပ်ဆောင် လာနေပါပြီ။ အလားတူ စီးပွားရေးပြုပြင်ပြောင်း လဲမှုတွေလည်း လုပ်ဆောင်လာလျက် ရှိပါတယ်။ ဒါကလည်း အစိုးရအနေနဲ့ ကိုယ့်အလုပ် ကိုယ်လုပ်နေတာလို့ ထင်ပါတယ်။

လွှတ်တော်အနေနဲ့ကလည်း ရွေးကောက်ခံကိုယ်စားလှယ်တွေနဲ့ ဥပဒေပြုရေးတာဝန်တွေ ကို ဆောင် ရွက် နေတာတွေ့ ရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အပြစ်အနာအဆာတွေများတဲ့ အတွက် ပြင်ရမယ်ဆိုတာ ကို အားလုံးလက်ခံထားကြပါတယ်။ ဒီလိုပြင်ဆင်တဲ့အခါမှာ အတိတ် သမိုင်းကြောင်းတွေကို သင်ခန်းစာယူပြီး ပြင်သင့်တဲ့အချက်တွေ ကိုပြင်သင့်တဲ့ အချိန်ရောက်မှပြင်ကြဖို့ ကိုလည်းတိုင်းရင်းသားနိုင်ငံရေးခေါင်းဆောင်အသီးသီး ကလည်း လက်ခံထားကြပါတယ်။ 

တစ်ချို့သော နိုင်ငံရေးပါတီတွေအနေနဲ့ကြတော့လည်း ကိုယ့်ပါတီအနိုင်ရဖို့နဲ့ ၂၀၁၅ ရွေးကောက်ပွဲ အလွန် အာဏာချုပ်ကိုင်နိုင်ဖို့အတွက် လုပ်ဆောင်လာ လျက်ရှိကြပါတယ်။ ဒီလိုလုပ်ဆောင်တဲ့ အခါမှာ အာဏာရဖို့အတွက် အတားအဆီးသဖွယ်ဖြစ်နေတဲ့ တပ်မတော်ကို ၀ိုင်းဝန်းပြီး တိုက်ခိုက်လာ သလို တဖြည်းဖြည်း နဲ့ ချည့်နဲ့အောင် လုပ်ဆောင်ပြီး ဥပဒေတွေပြဌာန်းဖို့အ ထိ တိုးမြှင့်လုပ်ဆောင်လာလျက် ရှိပါတယ်။ ဒါကလည်း သူ့အလုပ်သူ လုပ်နေတာပဲ ဖြစ်ပါတယ်။

အလားတူတိုင်းရင်းသားဒေသက နိုင်ငံရေးပါတီတွေကလည်း ဖက်ဒရယ်ဆို တဲ့ နာမည်လှလှလေးသုံးပြီး ကိုယ်ပိုင်အုပ်ချုပ်ချင်တယ်။ ကိုယ်ပိုင်စိတ် ကြိုက်စီ မံခန့်ခွဲချင်တယ်။ ကမ္ဘာမှာရှိတဲ့ ဒီမိုကရေစီ ဘိုးအေနိုင်ငံကြီးတွေ မှာတောင်မရတဲ့ အခွင့်အရေးမျိုး၊ လုပ်ပိုင်ခွင့်မျိုးကို လိုချင်လာနေကြပါပြီ။ ဒါကလည်း သူ့အလုပ်သူလုပ်နေကြတာ ပါပဲ။

တိုင်းရင်းသားလက်နက်ကိုင်အသီးသီးကလည်း ဖက်ဒရယ်ဆိုတဲ့အမည်ကို ဘန်းပြပြီး သက်ဆိုင်ရာပြည်နယ် တွေမှာ ကိုယ်ပိုင်ပြည်နယ်တပ်မတော်တွေ ထူထောင်ဖို့တောင်လုပ်ကိုင်နေပါပြီ။ အစိုးရနဲ့ ငြိမ်းချမ်းရေးအပစ် အခတ်ရပ်စဲထားစဉ်ကာလမှာ အခွင့်ကောင်းယူပြီး အစိုးရတပ်ထိန်းချုပ် ထားတဲ့နယ်မြေထဲမှာ တိုးချဲ့လှုပ်ရှားလာကြ ပါတယ်။ အရင်က အစိုးရတပ်မတော်မသိအောင် ဆက်ကြေးကောက်၊ လူသစ်စုလာရာမှ အခုအခါ ဆက်ကြေး ကောက်၊ လူသစ်စုခြင်းသည် တိုင်းရင်းသား လက်နက် ကိုင်များရဲ့ တရားဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးဖြစ်ကြောင်းကို အသံလွှင့်ဌာနတွေကနေပြီး ပြောဆိုလာပါပြီ။ မြို့ပေါ်က စီးပွားရေးလုပ်ငန်းရှင်များပါ ဆက်ကြေးပေးနေ ရပါပြီ။
ဒါတွေကလည်းသူတို့အလုပ်သူတို့လုပ်တာပါပဲ။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း (၁၁)ဖွဲ့က နိုင်ငံရေးသမားတွေနဲ့ ဖွဲ့စည်းထားတဲ့ UNFC ကလည်း ဖက်ဒရယ်ကိုအကြောင်းပြ၍ လွှတ်တော်ပြင်ပမှာဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်တွေ ရေးဆွဲနေ ကြပါပြီ။ နိုင်ငံတစ်ခုတည်းက ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ (၂)ခုနဲ့ အုပ်ချုပ်တဲ့နိုင်ငံလို့ ဂရင်းနစ် စာအုပ်ထဲထည့်ရမလို ဖြစ်နေပါပြီ။ တိုင်းပြည်ပြိုကွဲရေးကိုမ ရည်ရွယ်သော်လည်း လုပ်ရပ်များက တိုင်းပြည်ပြိုကွဲမယ့် အန္တရာယ် မျဉ်းပေါ် ရောက်ရှိနေပါပြီ။ ဒါတွေကလည်း သူတို့အလုပ်သူတို့ လုပ်နေကြ တာပါပဲ။

အလားတူ NGO အဖွဲ့အစည်းတွေကလည်း လူမှုရေးလုပ်ငန်းများကို ဘန်းပြပြီး နိုင်ငံရေးလုပ်ငန်းတွေ လုပ်ဆောင်လာလျက်ရှိပါတယ်။ အဲဒီအဖွဲ့အစည်းအသီးသီး ရပ်တည်လှုပ်ရှားနိုင်ဖို့ ဆိုလျင် ငွေကြေး ရှိဖို့လိုပါ တယ်။ ဒီငွေကြေးတွေရဖို့ NGO တွေအတွက် အလှူရှင်တွေလိုပါတယ်။ အလှူရှင်ဆိုတာ ပြည် တွင်း၊ ပြည်ပ (၂)မျိုးရှိပါတယ်။ ပြည်တွင်းမှာရရှိတဲ့ အလျူငွေကိုသာ တစ်ချို့NGO တွေက သတင်း မီဒီယာတွေမှာ အတန် အသင့် ထုတ်ပြန်သော်လည်း ပြည်ပကရရှိတဲ့အလှူငွေတွေကိုတော့ အတိအကျ ထုတ်ပြန်ခြင်းမရှိကြပါဘူး။ ပြည်တွင်းမှာမဖြစ်စလောက်ရရှိတဲ့ငွေလောက်နဲ့တော့ ဘယ် NGO အဖွဲ့အစည်းကမှ ကြာရှည်မရပ်တည်နိုင် ပါဘူး။ ဒါကြောင့် NGO အားလုံး ကြာရှည်ရပ်တည် သွားနိုင်ဖို့ ဆိုတာ ပြည်ပက လှူဒါန်းတဲ့ အလှူရှင်တွေ အပေါ်မှာ ရပ်တည်နေရတာပါ။

ပြည်ပက အလှူရှင်တွေကလည်း သူတို့ကိုယ်ကျိုးစီးပွားအတွက် ရည်ရွယ် လှူဒါန်းကြတာပါ။ သူတို့ အလိုကျ လုပ်ဆောင်ပေးမယ့်သူတွေကို ဒီလိုပဲမွေးမြူကြပါတယ်။ ပြီးမှ လိုချင်တဲ့ ရည်ရွယ်ချက်ရောက်အောင် လုပ်ဆောင်စေပါတယ်။ ဒါကြောင့် NGO အဖွဲ့အစည်းအားလုံးဟာ အလှူရှင် တွေရဲ့အကျိုးကိုပဲ ဦးစားပေး လုပ်ဆောင်ကြရပါတယ်။ ဒါတွေကလည်း သူတို့အလုပ် သူတို့ လုပ်နေကြတာပါပဲ။

ပြောင်းလဲလာတဲ့ ကမ္ဘာ့ပတ်ဝန်းကျင်အခြေအနေတွေကြောင့် ကျွန်တော်တို့နိုင်ငံရဲ့ ပထ၀ီဝင်ဆိုင်ရာ အနေအထားဟာလည်း အချက်အခြာဖြစ်လာပါတယ်။ ဒီလိုအခြေအနေမျိုးမှာ စီးပွားရေးအင်အားကြီးမား လာတဲ့ အိမ်နီးချင်းတရုတ်နိုင်ငံနဲ့ ကမ္ဘာ့အရေးအရာတွေကို ဆက်လက်စိုးမိုးထားနိုင်ဖို့ဆိုလျင် တရုတ်ကို ထိန်းချုပ်ထား နိုင်ဖို့လိုအပ်တယ်လို့ ယူဆတဲ့ အမေရိကန်နိုင်ငံလို နိုင်ငံတွေကြောင့်လည်း ကျွန်တော် တို့နိုင်ငံကို အနောက် နိုင်ငံတွေကပါ အာရုံစိုက်နေကြပါတယ်။ အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေ အနေနဲ့လည်း သူတို့နဲ့ အဆင်ပြေမယ့်အစိုးရမျိုး တက်လာဖို့ အတွက် မြန်မာ့နိုင်ငံရေးလောက ၊ စီးပွားရေးလောက၊ NGO အဖွဲ့အစည်း အမျိုးမျိုး၊ သမဂ္ဂအမျိုးမျိုးက သူတို့ကို သစ္စာခံမည့်သူတွေမွေးမြူပြီး လုပ်ဆောင်လျက်ရှိပါတယ်။ ဒါက လည်း သူတို့အလုပ် သူတို့ လုပ်နေကြ တာဖြစ်ပါတယ်။

အလားတူပဲ တရုတ်ကလည်း ၎င်းတို့နှင့်အဆင်ပြေစွာဆက်ဆံမည့်အစိုးရ ကိုသာ ရှိစေဖို့အတွက် သူတို့ ရဲ့ လက်အောက်ခံဖြစ်နေသည့် “၀” အဖွဲ့၊ NDAA(မိုင်းလား)အဖွဲ့၊ KIA အဖွဲ့တို့ကို ၀ှက်ဖဲအဖြစ် အသုံးချ လျက် ရှိပါတယ်။ ဒါကလည်း သူတို့အလုပ် သူတို့လုပ်နေကြတာပါပဲ။

အချုပ်ဆိုရရင် အစိုးရ၊ လွှတ်တော်၊ နိုင်ငံရေးပါတီတွေ၊ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ NGO တွေနဲ့ သမဂ္ဂတွေ စသည်ဖြင့် ကိုယ့်အလုပ်ကိုယ်လုပ်နေကြသော်လည်း အချို့အဖွဲ့အစည်းအသီးသီးရဲ့ လုပ်ရပ်တွေ ဟာ တိုင်းပြည်ပြိုကွဲမည့်အရေးကိုဦးတည်နေတာ ကို ပြည်သူတွေ အနေနဲ့သတိ ချပ်မိစေချင် ပါတယ်။ ထိုသို့ ကိုယ့်တိုင်းပြည်အတွက် အလုပ်လုပ်တာချင်းအတူတူ မညီမညွတ်ဖြစ်နေကြမယ်ဆိုလျှင် တရုတ်နဲ့ အမေရိကန် တို့ရဲ့ လွှမ်းမိုးချယ်လှယ်မှုတွေဟာ အချိန်မရွေးဝင်ရောက်လာနိုင် တယ်ဆိုတဲ့ အချက်က ပိုပြီးသတိထားရမယ့် အချက်ဖြစ်ပါတယ်။ ဒါဆိုရင် ကိုယ့်အဖွဲ့အစည်းတွေ အချင်းချင်း စည်းလုံးညီညွတ်မှသာ တိုင်းပြည်ရဲ့ အနာဂတ် ကို ကိုယ့်လူမျိုးတွေက စိတ်တိုင်းကျ ပုံဖော်နိုင်မယ်လို့ သတိမူသင့်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တိုင်းပြည် ကမ္ဘာတည်သရွေ့ တည့်တံ့နိုင်ရန်နဲ့ ကမ္ဘာမြေပုံပေါ်ကမပျောက်ကွယ်ရေး ထိန်းသိမ်းစောင့်ရှောက်ရန် မှာ နိုင်ငံသူ၊ နိုင်ငံသား အားလုံးတွင် တာဝန်ရှိကြောင်း အသိပေးရေးသား လိုက်ရပါတယ်။

မြန်မာ့လင်းရောင်ခြည်

No comments:

Post a Comment