အဆိုပါ ပြိုင်ကားမှာ အခြားသော အငှားယာဉ်တစ်စီးကို
အလုံလမ်းရှိ Summit Parkview ဟိုတယ်ရှေ့မှစ၍ လိုက်လံတိုက်ရာမှ
ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဘုန်းကြီးလမ်း မီးပွိုင့်တွင်
လိုက်တိုက်ခံရသော အငှားယာဉ် လွတ်မြောက်ခဲ့သော်လည်း အခြားသော အငှားယာဉ်ကို
တိုက်မိ ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ ယာဉ်တိုက်မှုကို မျက်မြင်တွေ့ရှိခဲ့သူ
အငှားယာဉ်မောင်းတစ်ဦးက ပြောကြားသည်။
အဆိုပါ ပြိုင်ကားမောင်းနှင်သူ ဒဏ်ရာရရှိသည်ကို မတွေ့ရကြောင်းလည်း မျက်မြင်တွေ့ရှိရသူ အချို့ထံမှ သိရသည်။
စမ်းချောင်းဘက်မှ ပြည်လမ်းအတိုင်း မောင်းနှင်လာသော Mazada RX-8
ပြိုင်ကားယာဉ်သည် ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ဘုန်းကြီးလမ်း
မီးပွိုင့်တွင် မီးနီဖြတ်မောင်းရာ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ
မောင်းနှင်လာသော တိုယိုတာ အငှားယာဉ်ကို တိုက်မိခဲ့သဖြင့် အငှားယာဉ်မောင်း
ဦးထွန်းထွန်းမှာ ဘယ်ဘက်နားရွက်၊ ဦးခေါင်းငယ်ထိပ်တို့တွင်
ပွန်းပဲ့ဒဏ်ရာများ နှင့် ညာဘက် မျက်ကွင်းဖူးရောင် ညိုမည်းဒဏ်ရာ
ရရှိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်အရ သိရသည်။
ဒဏ်ရာရရှိသူ အငှားယာဉ်မောင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်
အတွင်းလူနာအဖြစ် တင်ပို့ကုသခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ဖွယ်ရာ မရှိကြောင်း
ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရှိရသည်။
ဒဏ်ရာရရှိသူ
တက်ရောက် ကုသနေသော ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ စက်တင်ဘာ ၉ ရက် မွန်းလွဲ ၃
နာရီခန့်က သွားရောက် စုံစမ်းခဲ့သော်လည်း လူနာစာရင်းတွင် မရှိကြောင်း
ဆေးရုံ၏ စုံစမ်းရေးဌာနမှ ဆေးရုံဝန်ထမ်းတစ်ဦးက ပြောကြားသည်။
ပြိုင်ကားမောင်းနှင်သူ ကံမင်းလှိုင်ကို ယာဉ်(ပ)/၁၂/၂၀၁၃၊ ပြစ်မှုပုဒ်မ
၂၇၉/၃၃၈ ဖြင့် လမ်းမတော်မြို့နယ် မြို့မရဲစခန်းက အမှုဖွင့်ထားကြောင်း
ရဲအရာရှိတစ်ဦးက ပြောကြားသည်။
The Voice
No comments:
Post a Comment