Saturday, September 28, 2013

ရန်ကုန်မြို့တွင်း ယာဉ်ကြောပိတ်ဆို့မှုများကြောင့် မီးလောင်သည့် နေရာ များ သို့ မီးသတ်ကားများ အချိန်မီ သွားရောက်ရန် အခက်အခဲများရှိနေ

ရန်ကုန်မြို့တော်တွင် ယာဉ်ကြောပိတ်ဆို့မှုများကြောင့် မီးလောင်သည့် နေရာများသို့ မီးသတ်ကားများ အလျင်အမြန် အချိန်မီ သွားငြှိမ်းသတ်ရန်အခက်အခဲများ ရှိနေကြောင်း မီးသတ်ဦးစီဌာနမှ ညွန်ကြားရေးမှူး ဦးသင်းဌေးရွှေ၏ ပြောကြားချက်အရ သိရသည်။
မီးသတ်ကားများသည် မီးလောင်သည့် နေရာများသို့ အလျင်အမြန် ရောက်ရှိရန် လိုအပ်ကြောင်း၊ ယာဉ်ကြောများ ပိတ်ဆို့နေမှုကြောင့် အခက်အခဲများရှိနေကြောင်း၊ မီးသတ်ကားဥသြဆွဲလည်း ယာဉ်ကြော ပိတ်ဆို့မူကြောင့် မည်သည့်နေရာမှ တိုးထွက်သွား၍ မရကြောင်း၊ မီးလောင်မှုဖြစ်စဉ်တိုင်း မီးသတ်ကားများ ယာဉ်ကြောပိတ်ဆို့မှုကြောင့် သွားလာရန် အခက်အခဲများ ရှိနေကြောင်း သိရသည်။

''မီးလောင်တိုင်း မီးသတ်ကို အားကိုးလို့မရပါဘူး၊ မီးလောင်လို့ သတင်းကြားရင်တော့ မီးသတ်သမား ကတော့ မီးလောင်တဲ့ နေရာတွေကို လျင်လျင်မြန်မြန် သွားချင်တာပေါ့။ ဒီလိုယာဉ်ကြောတွေ ပိတ်ဆို့နေ ရင်တော့ လျင်လျင်မြန်မြန် မရောက်နိုင်တော့ပါဘူး။ တစ်မိနစ်ပဲဖြစ်ဖြစ်၊ နှစ်မိနစ်ပဲဖြစ်ဖြစ် နောက်ကျ ရင်ေ...တာ့ ဆုံးရှုံးမှုတွေ ပိုလာနိုင်ပါတယ်။ တတ်နိုင်အောင်တော့ မီးမလောင်အောင်လုပ်ကြတာ အကောင်ဆုံးပါ''ဟု မီးသတ်ဦးစီးဌာနမှ ညွန်ကြားရေမှူး ဦးသင်းဌေးရွှေက ပြောကြားခဲ့သည်။

၎င်းမှ ဆက်လက်၍'' ဒီယာဉ်ကြောပိတ်ဆို့မှုတွေ ယာဉ်တင်သွင်းခွင့်တွေပေးပြီး နောက်ပိုင်းမှ ဖြစ်လာတာ ပါ။ ဈေးဝယ်လည်းကားနဲ့ ကျောင်းတက်လည်းကားနဲ့ ခရီးသည်ယာဉ်တွေကလည်း စည်းကမ်း မဲ့ မောင်း မှုတွေကြောင့် ပိတ်ဆို့နေခြင်းဖြစ်ပါတယ်။ ဒါကြောင့် အိမ်တိုင်းအိမ်တိုင်းမှာ မီးငြှိမ်းသတ်ကိရိ ယာတွေ ဆောင် ထားသင့်ပါတယ်။ ကားတွေမှာလည်း မီးငြှိမ်းသတ် ကိရိယာတွေ အရန်သင့်ဆောင်ထား ရန် လိုအပ် ပါတယ်'' ပြောကြားခဲ့သည်။

ယခု စက်တင်ဘာလ သုံးပတ်ကာလအတွင်း မီးလောင်မူများအနက် ရန်ကုန်တိုင်းဒေသကြီးမှာ မီးလောင်မူ အများဆုံးဖြစ်ခဲ့ပြီး ပေါ့ဆမီး ရှစ်ကြိမ်နှင့် လျှပ်စစ်ဝိုင်ယာရှော့ကြောင့် လောင်သောမီးမှာ ခြောက်ကြိမ် ပါဝင်ခဲ့ကာ မီးလောင်မူများကြောင့် လူငါးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment