ပုဂ္ဂိုလ်ရေးဆိုင်ရာ တိုက်ခိုက်မှုများသည် ဒီမိုကရေစီမလိုလားသူများ၏အောက်တန်းစားနိုင်ငံရေး လုပ်ခြင်း သာဖြစ်ကြောင်း သမ္မတ ရုံး ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်း က ဝေဖန်ပြောကြားသည်။
ဝန်ကြီးဦးစိုးသိန်းက ''၁၁ ဘီလီယံနဲ့ပတ်သက်ပြီး ကမ္ဘာ့ ဘဏ်ကကြေညာပြီးပြီပဲ။ အဲဒီ မှာ ကျွန်တော့်ကို ဆွဲထည့်တာက ကျွန်တော့်ကို နိုင်ငံရေးအရသတ် တာပေါ့ဗျာ၊ သတ်လို့ဘာမှဖြစ်မှာ မဟုတ်ဘူး။ ကျွန်တော်က သမ္မတ လဲဝင်မရွေးဘူး။ ဝန်ကြီး လဲဝင် ရွေးမှာမဟုတ်ဘူး။ လွှတ်တော် ကိုယ်စားလှယ်လဲ လုပ်မှာမဟုတ် ဘူး။ နောက်အစိုးရမှာ အခုတိုင်း ပြည်ကောင်းအောင် ကျွန်တော် ကျရာနေရာက လုပ်ပေးနေတာ'' ဟု ပြောသည်။ ယင်းအပြင် ဝန်ကြီးအနေ ဖြင့် ပိုက်ဆံမ ရှိကြောင်း၊ လက်ရှိ ရွှေနံ့သာရှိ သစ်ခွခြံတွင်နေ ထိုင် ကြောင်း၊ ကျန်ရှိသောသူများနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက သိရှိ နိုင်မည်ဖြစ်ကြောင်း၊ ပိုက်ဆံရှိ ပါက ကချင်ပြည်နယ်ရှိစစ်ပွဲများ၊ ရခိုင်ဒေသရှိ ဒုက္ခသည်စခန်းများ ကိုလှူဒါန်းသွားမည်ဟု ထပ်မံ ပြောသည်။
ဝန်ကြီးက''ဒီအစိုးရလက် ထက်မှာဝန်ကြီးဖြစ်ကတည်းက သမ္မတကြီးကို ပိုင်ဆိုင်မှုတွေပုံစံ တွေပေးထားရ တယ်။ စိန်၊ ရွှေ ဘယ်လောက်ရှိတယ်။ ကား ဘယ် လောက်ရှိတယ်။ မြေဘယ်လောက် ရှိတယ် အားလုံးပေး ထားရတယ်။ အိတ်ပိတ်ပြီး၊ အဲဒီ စာအိတ်ကို ဖွင့်ပြီးကြည့်လိုက် အရေးယူလို့ ရတယ်။ မဟုတ်တာတွေ လာပြော တော့ ကျွန်တော်ကရယ်ချင်တယ်'' ဟု ပြောသည်။ ယင်းကဲ့သို့ဖြစ်ခြင်းမှာ မြန် မာများ၏ ဒီမိုကရေစီမရင့်ကျက် မှုနှင့် အောက်တန်းစားနိုင်ငံရေး လုပ်ခြင်း သာဖြစ်ကြောင်း ထပ်မံ ပြောသည်။
ဝန်ကြီးက''ပုဂ္ဂိုလ်ရေးတိုက် ခိုက်မှုတွေနဲ့ ဒီမိုကရေစီမရနိုင် ဘူး။ ကျွန်တော်တို့ တစ်ချိန်တုန်း က ဆန့်ကျင် ဘက်တွေဖြစ်တဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့အဖွဲ့ တွေပေါ့။ ကျွန်တော် ပုဂ္ဂိုလ်ရေး ဘာမှမရှိဘူး။ အားလုံး တိုင်းပြည် ကောင်းဖို့ပဲလုပ်နေတာ။ ဒေါ် အောင်ဆန်းစုကြည် ကျွန်တော် တို့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုမရှိဘူး။ ပုဂ္ဂိုလ်ရေးနဲ့မပြိုင်ဘူး။ လုပ်မှုကိုင် မှုနဲ့ပဲပြိုင်မယ်။ ဝမ်းနည်းဖို့ကောင်း တာက ခင်ဗျားတို့ ဒီမိုကရေစီလို ချင်တာလား။ ကျွန်တော့်ကိုတိုက် ခိုက်ချင် တာလား။ ကျွန်တော့်ကို တိုက်ခိုက်ရင် ကျွန်တော် ယုံကြည် တယ်။ ကျွန်တော်နဲ့ ဦးအောင်မင်း၊ ဦးခင်ရီတို့ကို လာတိုက်ခိုက်ရင် ခင်ဗျားတို့က ဟတ်လိုင်နာသွား ချင်တဲ့သူတွေ ဒီမိုကရေစီသွား ချင်တဲ့သူတွေ မဟုတ်ဘူးလို့ပြော ချင်တယ်။ တခိျု့က အုပ်စုရှိလား ဆိုတော့ ရှိတာပေါ့။ အကြီးကြီး ပေါ့ဗျာ။ ကျွန်တော်မပြောချင် သေးလို့ အချိန်မတန်သေးလို့''ဟု ပြောသည်။
လက်ရှိမြန်မာနိုင်ငံတွင် ဒီမို ကရေစီကိုမကြိုက်သည့် ယခင် စနစ်ကို နောက်ပြန်သွားချင်သူ များရှိနေကြောင်း၊ ယခုကြိုးပမ်း မှုများသည် နောင်လာနောင်သား များအတွက် ဒီမိုကရေစီအနှစ် သာရများကို ခံစားနိုင်ရန် အတွက် ဖြစ်ကြောင်း ပြောသည်။
သန်းနိုင်ဦး ၊ မောင်ပိုင်
Yangon Media Group
No comments:
Post a Comment