Saturday, September 28, 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆင်းရဲနွမ်းပါး မူလတန်း ကျောင်းသား များအား ပညာသင်ထောက်ပံ့ကြေးပေးမည်ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆင်းရဲနွမ်းပါး မူလတန်း ကျောင်းသား များအား ပညာသင်ထောက်ပံ့ကြေးပေးမည်

မြန်မာ နိုင်ငံနယ်စပ်ဒေသဖွံ့ဖြိုးရေးအ သင်းမှ ရန်ကုန်တိုင်းဒေသကြီးရှိ ဆင်းရဲနွမ်းပါးသည့် မူလ တန်း ကျောင်းသား၊ ကျောင်းသူများ အား ပညာ သင်ထောက်ပံ့ကြေး များပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ကွမ်းခြံကုန်း၊ မင်္ဂလာဒုံနှင့် သန်လျင်မြို့နယ်တို့ ရှိ ကျေးရွာ ငါးရွာ မှ ကျောင်းသား၊ ကျောင်းသူ ၅ဝအား ပညာသင် ထောက်ပံ့ကြေး အဖြစ် တစ်ဦးလျှင် ငွေကျပ် ၁ဝဝဝဝနှုန်း ထောက်ပံ့ ပေးပြီးဖြစ်ကာ တခြားမြို့နယ်များရှိ ဆင်းရဲနွမ်းပါးကျောင်းသား၊ ကျောင်းသူများအားလည်း အလှည့် ကျ ထောက်ပံ့ပေး သွား မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါအသင်းမှ တာဝန် ရှိသူ ဦးအောင်ကျော်တင့်က ''ဒီ ငွေက သူတို့အတွက် သိပ်မများ ပေမယ့် ကလေးတွေရဲ့ကျောင်း သုံးစာရေး ကိရိယာတွေဝယ်ဖို့ အ ထောက်အကူဖြစ်စေမှာပါ။ သူ တို့လိုအပ် တဲ့နေရာတွေ မှာ သုံး နိုင်အောင်လို့ပါ။ ကျေးရွာတွေ က ကျောင်းအုပ်တွေ၊ ရပ်ကွက်အုပ် ချုပ်ရေးမှူးတွေရဲ့ ရွေးချယ်ပေး မှုနဲ့ပဲ ထောက်ပံ့ပေးပါတယ်။ တ ချို့ စာတော်တဲ့ကလေး၊ တချို့ကျ တော့လဲ ဆင်းရဲတဲ့ကလေးတွေ ပါတယ်။ နောက်နှစ်တွေမှာလဲ တခြားမြို့နယ်၊ ကျေး ရွာတွေ က ကျောင်း သားတွေ ကို အလှည့်ကျ ထောက်ပံ့ပေးသွားမှာပါ''ဟု ပြော သည်။

ယခုလို ပညာသင်ထောက် ပံ့ကြေးကို နှစ်စဉ်ထောက်ပံ့ပေး သွား မည်ဖြစ်ပြီး ၂၀၀၄ ခုနှစ်မှ စတင်၍ ရန်ကုန်တိုင်းဒေသကြီး နှင့် ဧရာဝတီ တိုင်းဒေသ ကြီးရှိ ကျေးရွာများမှ ကျောင်းသား၊ ကျောင်းသူများ ကို ထောက်ပံ့ပေးခဲ့ ပြီးဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံ နယ်စပ်ဒေသ ဖွံ့ဖြိုးရေးအသင်း၏ နှစ်ပတ်လည် အစည်း အဝေးနှင့် ပညာသင်ဆု ချီးမြှင့်ခြင်း အခမ်းအနားကို စက် တင်ဘာ ၂၇ ရက်က ရန်ကုန်မြို့ရှိ Crystal Jade Restaurant ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ချိုချိုသန်း
Yangon Media Group

No comments:

Post a Comment