Monday, September 30, 2013

စွန်းဝူခုံးဇာတ်ရုပ်ကို ထပ်သရုပ်ဆောင်ရန် မလွယ်ကူတော့ကြောင်း ပြောဆိုလိုက်သည့် ဒွန်နီယန်

တရုတ်နိုင်ငံတွင်သာမက အာရှနိုင်ငံအများအပြားတွင် အောင်မြင်မှုများ ရရှိခဲ့သော “အနောက်သို့ခရီး သွားခြင်း” ဇာတ်လမ်းတွဲများတွင် မျောက်မင်းကြီးစွန်းဝူခုံးအဖြစ် ပြောင်မြောက်စွာ သရုပ်ဆောင်နိုင် ခဲ့သော ဟောင်ကောင်အခြေစိုက် တရုတ်မင်းသား ဒွန်နီယန်က နောက်ထပ်တစ်ဖန် စွန်းဝူ ခုံးဇာတ် ရုပ်ကိုသရုပ် ဆောင်နိုင်ရန် မလွယ်ကူတော့ကြောင်း ၀န်ခံပြောကြားလိုက်သည်။
ဟောင်ကောင်တွင် ပြီးခဲ့သည့်အပတ်က ကျင်းပခဲ့သည့် အခမ်းအနားတွင် နာမည်ကျော်ကြားခဲ့သော ဇာတ်ကောင်များနှင့် သရုပ်ဆောင်များက အတူယှဉ်တွဲသရုပ်ပြခဲ့ကြပြီး ထိုပွဲသို့ ဒွန်နီယန်၊ ဂျိုချမ်း၊ ကျန်းကျီလင် တို့အပြင် ကိုရီးယားမင်းသား လီဗြောင်ဟွန်းလည်း တက်ရောက်ခဲ့သည်။ ထိုပွဲသို့တက်ရောက်လာသော အသက် ၅၀ နှစ်အရွယ် မင်းသား ဒွန်နီယန်က “အနောက်သို့ ခရီးသွားခြင်း” ဇာတ်လမ်းအား နောက်ထပ် တစ်ဖန် ပြန်လည်ရိုက်ကူးရန်မှာ မလွယ်ကူတော့ကြောင်း ၀န်ခံခဲ့သည်။

“ဒီဇာတ်ကားကို ရိုက်ကူးရာမှာ သမိုင်းနဲ့ ဆိုင်တဲ့အကြောင်းအရာတွေ ပါနေတာကြောင့် အထူးဂရုစိုက်ခဲ့ရတာပါ။ အဲဒါကို ကောင်းကောင်းသာ မလုပ်နိုင်ခဲ့ဘူးဆိုရင် တစ်သက်လုံးပြော စရာဖြစ်နေတော့ မှာပေါ့” ဟု ယန်ကဆိုခဲ့သည်။ ထို့အပြင် ၎င်းက စွန်းဝူခုံးဇာတ်ရုပ်ကို ရိုက်ကူးရန် မိတ်ကပ်ဖန်တီးမှု ငါးနာရီကြာအောင် ပြုလုပ်ရပြီး ထိုမိတ်ကပ်များကို ပြန်ဖျက်ရန် အချိန် တစ်နာရီကြာမြင့်ခြင်းကြောင့် အလွန်တရာ ခက်ခဲခဲ့ကြာင်း ဖွင့်ဟခဲ့သည်။

“ကျွန်တော့်ခါးတွေ ညောင်းတောင့်လာအောင်အထိ မိတ်ကပ်ခန်းထဲမှာ ထိုင်နေရပါတယ်။ တစ်ခါ တစ်လေဆို ကျွန်တော်အံဖုံးတွေလည်း တပ်ရပါတယ်။ အဲဒါတွေက ကျွန်တော့်ကို တစ်ခုခု စားမယ်ဆို အရမ်း ဒုက္ခပေးတာပေါ့။ အဲဒီလိုမျိုး ကျွန်တော် လေးလလောက်အထိ အလုပ်လုပ်ခဲ့ရပါတယ်။ ဇာတ်ကားရိုက်ပြီးသွားတော့ ကျွန်တော့် ခန္ဓာကိုယ်တောင် တော်တော်ကျသွား ခဲ့တာပေါ့။ အခုဆို ကျွန်တော်အသက်လည်း ကြီးနေပါပြီ။ ဒီလိုဇာတ်ရုပ်မျိုး ပြန်ရိုက်နိုင်ဖို့ဆိုတာ တကယ် မလွယ်တော့ပါဘူး။ အဲဒါအရမ်းခက်ခဲသွားပါပြီ” ဟု ယန်က ပြောကြားခဲ့သည်။

ကိုရီးယားမင်းသား လီဗြောင်ဟွန်းကလည်း ဒွန်နီယန်နှင့် အက်ရှင်ဇာတ်ကားတစ်ကားခန့်အတူ ရိုက်ကူး ချင်ကြောင်း ပြောဆိုခဲ့ပြီး ယန်ကလီ၏ စိန်ခေါ်မှုကို ကြိုဆိုကြောင်း ဆိုခဲ့သည်။ ယန်က “ကျွန်တော်တို့တွေက အက်ရှင်မင်းသားတွေဖြစ်တာကြောင့် တစ်ခါလောက်တော့ အလုပ်တူတူတွဲလုပ်ချင် ပါတယ်။ အခွင့်အရးသာရခဲ့မယ်ဆိုရင် တရုတ်သိုင်းပညာနဲ့ အတိုက်အခိုက်ပညာကို အကောင်းဆုံး ပြသနိုင် ဖို့ ကျွန်တော် ကြိုးစားသွားမှာပါ””ဟု ပြောဆိုခဲ့သည်။

ဝူခုံးဇာတ်ရုပ်နေရာတွင် သရုပ်ဆောင်သည့် မင်းသားမှာ ၎င်းဇာတ်ကား ရိုက်ကူးမှုအပြီးတွင် ကွယ်လွန်ခဲ့ သည်ဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့သည်။

Mizzzima

No comments:

Post a Comment