Monday, September 16, 2013

ဧရာဝတီမြစ်ဖျားဆီကမြစ်ကြီးနား မြို့၌ဆန်ဈေးနှုန်း အနည်းငယ်မြင့်တက်လာ

Photo: ဧရာဝတီမြစ်ဖျားဆီကမြစ်ကြီးနား မြို့၌ ဆန်ဈေးနှုန်း အနည်းငယ်မြင့်တက် လာ
Monday, September 16, 2013

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ၌ စက်တင်ဘာလ ပထမပတ်မှ စတင်ကာ စားသုံးဆန် ဈေးနှုန်းမှာ တဖြည်းဖြည်း မြင့်တက် လာခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ် အတွင်း ဒေသထွက် ဆန်များ ဖြစ်သည့် ခတ်ချို ၊ စောရှုတ် ၊ လုံးသွယ်မွှေး ၊ ငွေတိုးတို့ ထွက်ရှိ သော်လည်း စစ်ကိုင်းတိုင်း ဒေသကြီးမှ မီးရထား ခရီးဖြင့် ဧရာမင်း ၊ ရွှေသွယ် ၊ ပေါ်ဆန်း ဆန်များကိုလည်း
ဒေသ ၏ လိုအပ်ချက်အရ တင်ဆောင်နေ ရပြီး စက်တင်ဘာလ အတွင်း မီးရထား ခရီးစဉ်များမှာ အကြောင်းအမျိုးမျိုး ကြောင့် နောက် ကျ ရောက်ရှိခြင်း ၊ မိုး အဆက်မပြတ် ရွာသွန်းခြင်း များကြောင့် မြို့ပေါ် ဆန်အရောင်းဆိုင် များတွင် ဈေးနှုန်း အနည်းငယ် မြင့်တက် ခဲ့သည်။

'' ဆန်ဈေးက တောပုံမှန်ပါပဲ ၊ ဒီအချိန်ဆို နည်းနည်းတော့ တက်တယ် ၊ သိပ်တော့ မကွာပါဘူး ၊ တစ်တင်းခွဲ အိတ်ကို ငွေကျပ် ၂ဝဝဝ လောက်တော့ တက် တာပေါ့ ၊ သီတင်းကျွတ် ဆိုရင် ဈေးနှုန်း က ပြန်ကျတတ် ပါတယ် ၊ အခု တက်တယ်ဆိုတာ ပုံမှန်လို့ပဲ ပြော ရမှာ ပေါ့ဗျာ ၊ ဒါပေမယ့် ကုန်ဈေးနှုန်းက တက်ပြီးရင် ဆင်းရ ခက်တယ် ... . '' ဟု ဆန် အရောင်းဆိုင် ပိုင်ရှင် တစ်ဦးက ပြောကြား ကြောင်း သိရှိရသည်။

The Myawady Daily
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ စက်တင်ဘာလပထမပတ်မှစတင်ကာ စားသုံးဆန် ဈေးနှုန်းမှာ တဖြည်းဖြည်း မြင့်တက် လာခဲ့ကြောင်းသိရသည်။
ကချင်ပြည်နယ် အတွင်း ဒေသထွက် ဆန်များ ဖြစ်သည့် ခတ်ချို ၊ စောရှုတ် ၊ လုံးသွယ်မွှေး ၊ ငွေတိုးတို့ ထွက်ရှိ သော်လည်း စစ်ကိုင်းတိုင်း ဒေသကြီးမှ မီးရထား ခရီးဖြင့် ဧရာမင်း ၊ ရွှေသွယ် ၊ ပေါ်ဆန်း ဆန်များ ကိုလည်း ဒေသ၏ လိုအပ်ချက်အရ တင်ဆောင်နေ ရပြီး စက်တင်ဘာလ အတွင်း မီးရထား ခရီးစဉ်များမှာ အကြောင်းအမျိုးမျိုး ကြောင့် နောက်ကျ ရောက်ရှိခြင်း ၊ မိုးအဆက်မပြတ် ရွာသွန်းခြင်း များကြောင့် မြို့ပေါ် ဆန်အရောင်းဆိုင် များတွင် ဈေးနှုန်း အနည်းငယ် မြင့်တက် ခဲ့သည်။

'' ဆန်ဈေးက တောပုံမှန်ပါပဲ ၊ ဒီအချိန်ဆို နည်းနည်းတော့ တက်တယ် ၊ သိပ်တော့ မကွာပါဘူး ၊ တစ်တင်းခွဲ အိတ်ကို ငွေကျပ် ၂ဝဝဝ လောက်တော့ တက်တာပေါ့ ၊ သီတင်းကျွတ်ဆိုရင် ဈေးနှုန်း က ပြန်ကျတတ်ပါတယ် ၊ အခု တက်တယ်ဆိုတာ ပုံမှန်လို့ပဲ ပြောရမှာ ပေါ့ဗျာ ၊ ဒါပေမယ့် ကုန်ဈေးနှုန်းက တက်ပြီးရင် ဆင်းရ ခက်တယ် ... . '' ဟု ဆန် အရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ပြောကြား ကြောင်း သိရှိရသည်။

The Myawady Daily

No comments:

Post a Comment