သံတွဲမြို့တွင် သာသနာ့အလံပါ ဆိုင်ကယ်အား အိမ်ရှေ့တွင် ရပ်နား၍ ဆဲဆိုမှု
ဖြစ်ပေါ်ခဲ့ပြီးနောက် တရားခံအား အာမခံဖြင့် လွှတ်လိုက်သည်ကို မကျေနပ်၍
မီးရှို့မှု ဖြစ်ပွားသည်ကို သက်ဆိုင်ရာမှ ထိန်းသိမ်းလျက်ရှိကြောင်း
သတင်းရရှိသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ မွန်းလွဲ ၂ နာရီ ၃၀ အချိန်တွင် သံတွဲမြို့မ
ရဲစခန်းမှ (ပ)၇၈/၂၀၁၃၊ ပြစ်မှုပုဒ်မ-၂၉၄/၅၀၆ အရ အမှုအား ဒုရဲအုပ်နေလင်းမှ
လက်ခံစစ်ဆေးခဲ့ကြောင်း၊ ထိုကဲ့သို့ ဥပဒေနှင့် အညီ ဆောင် ရွက်ပေးခဲ့သော်လည်း
မွန်းလွဲ ၃ နာရီခွဲ အချိန်တွင် ဆိုင်ကယ်တက္ကစီသမား ၃၅ ဦးခန့်မှ
ဦးကျော်ဇံလှ ဆိုင်ရှေ့သို့ ထပ်မံစုရုံး ရောက်ရှိလာ၍ သံတွဲခရိုင်
အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ သိမ်ကုန်း ဆရာတော်တို့မှ
မလိုလားအပ်သော ပြဿနာများ မဖြစ်ပွားစေရေး ဖျန်ဖြေပေးခဲ့၍ ၃ နာရီ ၄၀
မိနစ်တွင် လူစုကွဲသွားခဲ့ကြောင်း ပြည်နယ်အစိုးရအဖွဲ့မှ
သတင်းထုတ်ပြန်ခဲ့သည်။
စက်တင်ဘာ ၂၉ ရက် မွန်းလွဲ ၂ နာရီတွင် ဦးကျော်ဇံလှ (ကမန်၊ အစ္စလာမ်)အား
သံတွဲရဲစခန်းမှ အာမခံဖြင့် လွှတ်လိုက်ကြောင်းနှင့် ယင်းကိုမကျေနပ်သူ အချို့က
ဦးကျော်ဇံလှ နေအိမ်ကို ခဲဖြင့်ပစ်ခတ်မှု ဖြစ်ပွား ခဲ့ကြောင်းနှင့် ည ၇
နာရီအချိန်တွင် သံတွဲမြို့ နေရာအချို့တွင် ဆူပူမှုများ ဖြစ်ပွား ခဲ့ပြီး
နေအိမ်နှစ်လုံးခန့် မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း၊ လုံခြုံရေး
တာဝန်ရှိများက လူစုခွဲ၍ ထိန်းသိမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment