Monday, September 30, 2013

သုညဘ၀နဲ့ စခဲ့ရသော ဘီလျံနာ သူဌေးများ

သုညဘ၀နဲ့ စခဲ့ရသော ဘီလျံနာ သူဌေးများ
Monday, September 30, 2013

၁။ရေးဒီုဘီ

ကမ္ဘာကျော် Dolby Laboratoriesကုမ္ပဏီကို ထူထောင်ထားသူ ဖြစ်သည်။ ယခုအခါ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ဘီလျံချမ်းသာသည်။သို့သော် သူ၏ ပထမဦးဆုံးအလုပ်မှာ ရုပ်သံကုမ္ပဏီဖြစ်သော Ampexမှာ အချိန်ပိုင်း အလုပ်သမားတစ်ဦးဖြစ်သည်။

၂။အော်ပရာဝင်းဖရေး

ဘီလျံနာသူဌေးတစ်ဦးဖြစ်ပြီး အမေရိကန်ရုပ်သံအစီအစဉ်တင်ဆက်သူ၊ မင်းသမီး၊ ထုတ်လုပ်သူနှင့် ပရဟိတာဒါနရှင်အဖြစ် လျှမ်းလျှမ်း တောက်ကျော်ကြားသော အော်ပရာဝင်းဖရေး၏ ပထမဆုံးအလုပ်မှာ နစ်ရှ်ဗယ်လီမြို့ရှိ သူ့ဖခင်၏ ဆံသဆိုင်နံဘေးမှာ ကပ်ကာဖွင့်ခဲ့ရသည့် ကုန်စုံဆိုင်ငယ်ကလေးဖြစ်သည်။

၃။ဒေးဗစ်မာဒေါက်

Doleသစ်သီးကုမ္ပဏီကို ပိုင်ဆိုင်ပြီး အမေရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံ ချမ်းသာသည်။ သူသည် 1943 ခုနှစ်တွင် တပ်မတော်သို့ မ၀င်ခင် ဓာတ်ဆီဆိုင်အလုပ်သမားအဖြစ် ဘ၀စတင်ခဲ့ရသူ ဖြစ်သည်။

၎။တီဘွန်နီပစ်ကန်

အမေရိက၏အကြီးဆုံး ရေနံနှင့် သဘာဝကုမ္ပဏီ တစ်ခုဖြစ်သော Mesa Petroleumကုမ္ပဏီကို ပိုင်ဆိုင်သူဖြစ်သည်။ အမရိကန်ဒေါ်လာ ၁ ဒသမ ၁ ဘီလျံချမ်းသာသည်။ သို့သော် သူ၏ ပထမဆုံးအလုပ်မှာ သတင်းစာပို့သမားဖြစ်သည်။

၅။အင်ဒရူးဘီးလ်

ဘီးလ်ဘဏ်နှင့် ဘီးလေကြောင်းနှင့် အာကာသပညာကုမ္ပဏီကိုထူထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သည်။ သို့သော် သူ၏ ပထမဆုံးအလုပ်မှာ ရုပ်မြင်သံကြားစက် ရောင်းသူဖြစ်သည်။

၆။ချားလ်ရှဝက်ဘ်

ကမ္ဘာ့အကြီးဆုံး အကျိုးဆောင်ကုမ္ပဏီတစ်ခုဖြစ်သည်။ အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ လျံချမ်းသာသည်။ သို့သော် သူ၏ပထမဆုံးအလုပ်မှာ သစ်ကြားသီးရောင်းသူဖြစ်သည်။

၇။ဂျွန်အက်ဒ၀ပ် အန်းဒါးဆင်း

Aceအဖျော်ယမကာကုမ္ပဏီကို ထူထောင်သူ ဖြစ်သည်။ အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ဘီလျံ ချမ်းသာသည်။ သို့သော် သူ၏ ပထမဆုံးအလုပ် မှာ ပြောင်းဖူးပေါက်ပေါက်ဆုပ်ရောင်းသူ ဖြစ်သည်။

၈။ မက်ခ်ဇက္ကာဘက်

ယခုအခါ Facebook၏ အမှုဆောင်အရာရှိချုပ်ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၄ ဘီလျံ ချမ်းသာသည်။ သို့သော်သူသည် မထင်မရှားဘ၀ဖြင့် Facebookကုမ္ပဏီကို စတင်ထူထောင်ခဲ့ရသူဖြစ်သည်။

၉။စတိဗ်ဂျော့

Appleကုမ္ပဏီကို ပူးတွဲထူထောင်သူနှင့် အမှုဆောင်အရာရှိချုပ် ဖြစ်သည်။ သို့သော် သူ၏ ပထမဆုံးအလုပ်မှာ အရစ်ကျစနစ်ဖြင့် ပစ္စည်းရောင်းခြင်းဖြစ်သည်။

ရေးမိရေးရာလေးများ

No comments:

Post a Comment