Friday, September 27, 2013

ထန်းကုန်း ပဋိပက္ခ လူလေးဦးကို ထောင်ဒဏ်ချမှတ်

Photo: ထန်းကုန်း ပဋိပက္ခ လူလေးဦးကို ထောင်ဒဏ်ချမှတ်
Friday, September 27, 2013

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် ဖြစ်ပွားခဲ့ သည့် အကြမ်းဖက်မှုများအတွင်း ပါဝင်ပတ်သက်ခဲ့သည့် လူလေးဦးကို စက်တင်ဘာလ ၂၆ ရက်တွင် ရွှေဘိုမြို့နယ် တရားရုံးက ထောင်ဒဏ် ကိုးနှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာမြင့်နိုင်က The Voice သို့ ပြောကြားသည်။

ဦးမင်းလွင်၊ ဦးကျော်ဇင်ဦး၊ ဦးစိုးအေ...ာင် (ခ) အောင်ကြီးနှင့် ဦးခင်မောင်ထူး (ခ) ဖိုးထူးတို့ကို မီးရှို့မှု ပုဒ်မ ၄၃၆ ဖြင့် ထောင်ဒဏ် ခုနစ်နှစ်၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ ဖြင့် ၂ နှစ်ကို သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ၎င်းကပြောကြားသည်။ “အကြမ်းဖက် မှု မှာ သူတို့ ပါဝင် ပါတယ်လို့ လေးယောက်စလုံးက ဝန်ခံထားတယ်လို့ ကြားတယ်၊ အတင်းအကျပ် စစ်ဆေးတာမျိုးလည်း မရှိဘူးလို့လည်း သိရတယ်” ဟု ကန့်ဘလူမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါက်တာလှိုင်မြင့်ဟန်က ဆိုသည်။

သြဂုတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ သံသယရှိသူ ၁၁ ဦးကို အဆိုပါ ညတွင်ပင် ဖမ်းဆီးခဲ့ပြီး၊ တစ်ဦးမှာ ဖမ်းဆီး ထားစဉ် သြဂုတ်လ ၂၈ ရက်နေ့က သေဆုံးခဲ့ကြောင်း၊ ကျန် ၁၀ ဦး အနက်ခြောက်ဦးမှာ အကြမ်းဖက်မှုများတွင် မပါဝင်သဖြင့် စက်တင်ဘာလ ၆ ရက်နေ့က ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ဒေသခံ များက ပြောဆို သည်။ “အခုချလိုက်တဲ့ အမိန့်အပေါ်မှာ ဘာမှမပြော လို ပါဘူး၊ ကျွန်တော် တို့ သိရသလောက်တော့ မီးရှို့မှုတွေ၊ အကြမ်းဖက်မှုတွေက ည ၁၀ နာရီ ၁၁ နာရီလောက်မှာ ဖြစ်တယ်။ အခုဖမ်းမိတဲ့ သူတွေက လူစုကွဲသွားချိန် မနက် ၃ နာရီလောက်မှာ အဖမ်းခံရတာလို့ သိရတယ်” ဟု ဒေါက်တာမြင့်နိုင် က ပြောဆိုသည်။

ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် အလုပ်မှ ပြန်လာသည့် အမျိုးသမီး တစ်ဦးကို အစ္စလာမ် ဘာသာဝင် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ရာမှ အစပြု၍ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကြက်ခြံ နှစ် ခြံ၊ နွားသတ်ရုံတစ်ရုံ၊ ဈေးဆိုင်ခန်း ၁၃ ခန်း အပါအဝင် နေအိမ် ၅၁ လုံး မီးလောင် ပျက်စီးခဲ့ပြီး လူဦးရေ ၃၂၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ ရကြောင်း၊ အဓမ္မပြုကျင့်ရန် ကြံစည် သည့် အမျိုးသားကို ကန့်ဘလူမြို့နယ် တရားရုံး တွင် စစ်ဆေးခဲ့ပြီး စက်တင်ဘာလ ၄ ရက်နေ့က ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့သည်။

(အောင်မျိုးထက်)
The Voice Weekly
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် ဖြစ်ပွားခဲ့ သည့် အကြမ်းဖက်မှုများအတွင်း ပါဝင်ပတ်သက်ခဲ့သည့် လူလေးဦးကို စက်တင်ဘာလ ၂၆ ရက်တွင် ရွှေဘိုမြို့နယ် တရားရုံးက ထောင်ဒဏ် ကိုးနှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း အမျိုးသား လွှတ်တော်ကိုယ်စား လှယ် ဒေါက်တာမြင့်နိုင်က The Voice သို့ ပြောကြားသည်။
ဦးမင်းလွင်၊ ဦးကျော်ဇင်ဦး၊ ဦးစိုးအေ...ာင် (ခ) အောင်ကြီးနှင့် ဦးခင်မောင်ထူး (ခ) ဖိုးထူးတို့ကို မီးရှို့မှု ပုဒ်မ ၄၃၆ ဖြင့် ထောင်ဒဏ် ခုနစ်နှစ်၊ အကျိုးဖျက်ဆီးမှု ပုဒ်မ ၄၂၇ ဖြင့် ၂ နှစ်ကို သီးခြားစီကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း ၎င်းကပြောကြားသည်။ “အကြမ်းဖက်မှုမှာ သူတို့ ပါဝင် ပါတယ်လို့ လေးယောက် စလုံးက ဝန်ခံထားတယ်လို့ ကြားတယ်၊ အတင်းအကျပ် စစ်ဆေးတာမျိုးလည်း မရှိဘူးလို့လည်း သိရတယ်” ဟု ကန့်ဘလူမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါက်တာလှိုင်မြင့်ဟန်က ဆိုသည်။

သြဂုတ်လ ၂၄ ရက်နေ့က ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့် ပတ်သက်၍ သံသယရှိသူ ၁၁ ဦးကို အဆိုပါ ညတွင်ပင် ဖမ်းဆီးခဲ့ပြီး၊ တစ်ဦးမှာ ဖမ်းဆီး ထားစဉ် သြဂုတ်လ ၂၈ ရက်နေ့က သေဆုံးခဲ့ကြောင်း၊ ကျန် ၁၀ ဦး အနက်ခြောက်ဦးမှာ အကြမ်းဖက်မှုများတွင် မပါဝင်သဖြင့် စက်တင်ဘာလ ၆ ရက်နေ့က ပြန်လည် လွတ်မြောက်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။ “အခုချလိုက်တဲ့ အမိန့်အပေါ်မှာ ဘာမှမပြောလို ပါဘူး၊ ကျွန်တော်တို့ သိရသလောက်တော့ မီးရှို့မှုတွေ၊ အကြမ်းဖက်မှုတွေက ည ၁၀ နာရီ ၁၁ နာရီလောက်မှာ ဖြစ်တယ်။ အခုဖမ်းမိတဲ့ သူတွေက လူစုကွဲသွားချိန် မနက် ၃ နာရီလောက်မှာ အဖမ်းခံရ တာလို့ သိရတယ်” ဟု ဒေါက်တာမြင့်နိုင် က ပြောဆိုသည်။

ကန့်ဘလူမြို့နယ် ထန်းကုန်းမြို့တွင် အလုပ်မှ ပြန်လာသည့် အမျိုးသမီး တစ်ဦးကို အစ္စလာမ် ဘာသာဝင် အမျိုးသားတစ်ဦးက အဓမ္မပြုကျင့်ရန် ကြံစည်ရာမှ အစပြု၍ ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ကြက်ခြံ နှစ် ခြံ၊ နွားသတ်ရုံတစ်ရုံ၊ ဈေးဆိုင်ခန်း ၁၃ ခန်း အပါအဝင် နေအိမ် ၅၁ လုံး မီးလောင် ပျက်စီးခဲ့ပြီး လူဦးရေ ၃၂၀ ကျော် အိုးအိမ်မဲ့ ဖြစ်ခဲ့ ရကြောင်း၊ အဓမ္မပြုကျင့်ရန် ကြံစည် သည့် အမျိုးသားကို ကန့်ဘလူမြို့နယ် တရားရုံး တွင် စစ်ဆေးခဲ့ပြီး စက်တင်ဘာလ ၄ ရက်နေ့က ထောင်ဒဏ် ခုနစ်နှစ် ချမှတ်ခဲ့သည်။

(အောင်မျိုးထက်)
The Voice Weekly

No comments:

Post a Comment