Monday, September 9, 2013

စကော့တလန်တွင် ရှားပါး လိမ္မော်ရောင် ပုစွန်တုပ်ကြီး တစ်ကောင် ရှာဖွေတွေ့ရှိ


ပုစွန်မျိုးစိတ် ၁ဝ သန်းတွင် တစ်ကောင်သာ တွေ့ရှိနိုင်သည့် လိမ္မော်ရောင် ရှားပါးပုစွန်တုပ် တစ်ကောင်အား ငါးဖမ်းသမား တစ်ဦးက ဖမ်းမိခဲ့ပြီး စကော့တလန် အဏ္ဏဝါ ပြတိုက်သို့ လာရောက် လှူဒါန်းခဲ့ကြောင်း သိရ သည်။

အန်နီးစ်ဟန်ဒါဆန် အမည်ရှိ ငါးဖမ်းသမား တစ်ဦးသည် ကိုးလ်ကျွန်းတွင် ငါးဖမ်းနေစဉ် အပြာနှင့် အနက် ပုစွန်တုပ်များ ကြားမှ အဆိုပါ လိမ္မော်ရောင်ရှိ ပုစွန်တုပ်ကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း၊ ၄င်းပုစွန်တုပ်အား North Queens ferry ရှိ Deep အဏ္ဏဝါ ပြတိုက်သို့ သွားရောက် လှူဒါန်းခဲ့ကြောင်း ပြောကြားခဲ့သည်ဟု The Scotsman သတင်းဌာနက ဖော်ပြ ခဲ့သည်။

အခွံမာရေနေ သတ္တဝါများ အရောင်ပြောင်းလဲမှု ရှိ၊ မရှိမှာ မသေချာကြောင်း၊ ပုစွန်တုပ်များမှာ မျိုးရိုးဗီဇ ပြောင်း လဲနိုင်သော သတ္တဝါ ဖြစ်ကြောင်း၊ ပုစွန်တုပ်များသည် နောက်ဆုံးအခွံ ကျွတ်သွားသော အခါ အရောင်မှာ တစ်ရောင်တည်း ဖြစ်၊ မဖြစ်ကို အတိအကျ မပြောနိုင် ကြောင်း၊ မည်သူကမျှ လိမ္မော်ရောင် ပုစွန်တုပ်ကို မမြင် ဖူးကြောင်း Deep အဏ္ဏဝါပြတိုက်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

မြ၀တီ

No comments:

Post a Comment