Miss World
2013 ပြိုင်ပွဲအား အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ကျင်းပရန်
စီစဉ်နေမှုအပေါ် မွတ်စလင် အစွန်းရောက်များက ယခုသီတင်းပတ် အတွင်း ဆန္ဒပြမှုများ
ပြုလုပ်ခဲ့မှုကြောင့် ၎င်းပြိုင်ပွဲအား ဂျကာတာနှင့်
အနီးအနားမဟုတ်သည့် ဘာလီကျွန်းတွင် ကျင်းပသွားမည် ဖြစ်ကြောင်း အစိုးရက
စက်တင်ဘာ ၇ ရက်တွင် ပြောကြားခဲ့သည်။ မွတ်စလင် အများစုနေထိုင်ရာ
အင်ဒိုနီးရှား နိုင်ငံ ဂျကာတာတွင် ကျင်းပမည့် အဆိုပါ အလှမယ် ပြိုင်ပွဲ၌
ရေကူးဝတ်စုံဖြင့် ယှဉ်ပြိုင်မှုအား လူ ထောင်ပေါင်းများစွာက
ယခုသီတင်းပတ်အတွင်း လမ်းမများပေါ်ထွက်၍ ဆန္ဒပြမှုများ ပြုလုပ်ခဲ့ကြခြင်း
ဖြစ်သည်။ စက်တင်ဘာ ၈ ရက်မှ စတင်ကျင်းပမည့် အဆိုပါ အလှမယ်ပြိုင်ပွဲအား
ဂျကာတာမြို့နှင့် အနီးအနားတွင် ကျင်းပသွားရန် စီစဉ်ထားသော်လည်း ထိုကဲ့သို့
ဆန္ဒပြမှုများကြောင့် ဟိန္ဒူအများစု နေထိုင် ရာဘာလီကျွန်းတွင်
ပြောင်းရွှေ့ကျင်းပသွားမည် ဖြစ်ကြောင်း အစိုးရ တာဝန်ရှိသူ တစ်ဦးက ပြောကြား
ခဲ့သည်။
Myawady
No comments:
Post a Comment