ဝန်ကြီးဌာနများ အနေဖြင့် နိုင်ငံခြား အကူအညီ အထောက်အပံ့များ
ရယူသုံးစွဲရာတွင် အလေအလွင့်နှင့် အလွဲသုံးစား မဖြစ်စေရေး
ကြပ်မတ်ဆောင်ရွက်ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က စက်တင်ဘာ ၃၀ ရက် ကနေ
ပြည်တော်၌ ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ ချေးငွေ/ထောက်ပံ့ ကူညီမှု
(Loan/Grant) များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြမှု အခမ်းအနားတွင်
ပြောကြားခဲ့သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ''မိမိတို့ အစိုးရအနေနဲ့ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်ရန် လိုအပ်သည့် အခြေခံကောင်းများ ချမှတ်ရန်
တာဝန်ရှိကြောင်း ဒီအတွက် ငွေကြေး အရင်းအနှီး၊ လူသားအရင်းအမြစ်နှင့်
နည်းပညာတို့ လိုအပ်ကြောင်း၊ ဒါကြောင့် အဲဒီ လိုအပ်ချက်များကို နိုင်ငံတကာမှ
ရရှိစေရန် ဆောင်ရွက် လျက် ရှိကြောင်း၊ ယခုငွေကြေး အရင်းအနှီးနှင့် နည်းပညာ
အကူအညီများ အထိုက်အလျောက် ရရှိလာပြီဖြစ်လို့ အခွင့်အရေးကို မိမိရရ
အသုံးချနိုင်ရန် လိုအပ်ကြောင်း နိုင်ငံခြား အကူအညီ အထောက်အပံ့များနှင့်
ပတ်သက်ပြီး ရယူအသုံးပြုသည့် ဌာနများကလည်း စေတနာပါပါဖြင့် အလေအလွင့်
မရှိစေရန်၊ အလွဲသုံးစား မဖြစ်စေရန် ထိထိရောက်ရောက် အသုံးပြုနိုင်စေရန်
ကြပ်မက်ဆောင် ရွက် ပေးရန် လိုကြောင်း'' ပြောကြားခဲ့သည်ဟု စက်တင်ဘာ ၃၀ ရက်က
မြန်မာ့ရုပ်မြင်သံကြား သတင်း တွင် ဖော်ပြထားသည်။
ထို့ပြင် ဖွံ့ဖြိုးမှု မိတ်ဖတ်များထံမှ ကတိက၀တ် ရရှိပြီဖြစ်သော
အကူအညီများကို အလျင်အမြန် ရရှိစေရန် စဉ်ဆက်မပျက် ဆက်သွယ်ညှိနှိုင်းပြီး
ဆောင်ရွက်သွားရန်နှင့် အသုံးမပြုရသေးသည့် ငွေကြေး များကို ပြည်သူများ အတွက်
အကျိုးရှိ ထိရောက်စေသည့် လုပ်ငန်းများတွင် အသုံးပြုသွားရန် နိုင်ငံတော်
သမ္မတက တိုက်တွန်း ပြောကြားခဲ့သည်။
Eleven
No comments:
Post a Comment