Tuesday, October 8, 2013

ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ ပြည်သူများသို့ အသိပညာပေးရေး ဆောင်ရွက်ရန် အမြန်ဆုံး ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား

Photo: ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ပတ်သက်၍ ပြည်သူများသို့ အသိပညာပေးရေး ဆောင်ရွက်ရန် အမြန်ဆုံး ဆောင်ရွက်မည်ဟု ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Tuesday, October 8, 2013

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ပြည်သူများအား အသိပညာပေးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဗဟိုမှ ညွှန်ကြားချက်များကို အမြန်ဆုံး ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အောက်တိုဘာ ၇ ရက်က ပြည်သူ့လွှတ်တော်သို့ လာရောက် လေ့လာသော အဖွဲ့ချုပ် အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ''ကော်မတီကို ဒါတွေမြန်မြန်လုပ်ဖို့ တိုက်တွန်းသွားပါ့မယ်'' ဟု အဖွဲ့ဝင်များကို ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်တွင် လေ့လာသုံးသပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ် ခုနစ်ဦးပါဝင်ပြီး အဖွဲ့ချုပ်တွင်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ လေ့လာသုံးသပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းထားကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် အဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ ပူးပေါင်း၍ ပြည်သူလူထု၏ ဆန္ဒသဘောထား ရယူသွားမည်ဖြစ်ကာ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး ပြည်သူလူထုသို့လည်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြည်သူလူထု၏ ဆန္ဒသဘောထား ကောက်ယူရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ စက်တင်ဘာလက တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ပြည်သူလူထုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းမှုများကို အောက်တိုဘာလအတွင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်သူလူထုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းမှုများကို အဖွဲ့ချုပ်မှ အဖွဲ့ခုနစ်ဖွဲ့ဖွဲ့၍ တစ်ပြိုင်နက် ကွင်းဆင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေ ဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့စဉ်က ချမှတ်ခဲ့သော မူဝါဒသုံးချက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟူသည့် အချက်လည်း ပါဝင်သည်။

Eleven Media Group

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား အောက်တိုဘာ ၇ ရက်က ပြည်သူ့လွှတ်တော်သို့ လာရောက် လေ့လာသော ပါတီဝင်များနှင့်အတူ တွေ့ရစဉ်

http://www.myanmaronlinenews.net/2013/10/blog-post_808.html
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန် ပြည်သူများအား အသိပညာပေးရေး လုပ်ငန်းများ လုပ်ဆောင်ရန် ဗဟိုမှ ညွှန်ကြားချက်များကို အမြန်ဆုံး ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အောက်တိုဘာ ၇ ရက်က ပြည်သူ့လွှတ်တော်သို့ လာရောက် လေ့လာသော အဖွဲ့ချုပ် အဖွဲ့ဝင် များနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ''ကော်မတီကို ဒါတွေမြန်မြန်လုပ်ဖို့ တိုက်တွန်းသွားပါ့မယ်'' ဟု အဖွဲ့ဝင်များကို ပြောကြားသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် ပြည်ထောင်စု လွှတ်တော်တွင် လေ့လာ သုံးသပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွှတ်တော် ကိုယ်စားလှယ် ခုနစ်ဦးပါဝင်ပြီး အဖွဲ့ချုပ်တွင်လည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာ သုံးသပ်ရေး ကော်မတီတစ်ရပ် ဖွဲ့စည်းထားကြောင်း သိရသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် အဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ ပူးပေါင်း၍ ပြည်သူလူထု၏ ဆန္ဒသဘောထား ရယူသွားမည်ဖြစ်ကာ ပြည်ထောင်စု လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး ပြည်သူလူထုသို့လည်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။

ထိုသို့ ပြည်သူလူထု၏ ဆန္ဒသဘောထား ကောက်ယူရန်အတွက် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများ စက်တင်ဘာလက တွေ့ဆုံဆွေးနွေးခဲ့ပြီး ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကာ ပြည်သူလူထုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းမှုများကို အောက်တိုဘာလ အတွင်း ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ပြည်သူလူထုအား ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ပတ်သက်၍ ရှင်းလင်းမှုများကို အဖွဲ့ချုပ်မှ အဖွဲ့ခုနစ်ဖွဲ့ဖွဲ့၍ တစ်ပြိုင်နက် ကွင်းဆင်းလုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အနေ ဖြင့် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ၀င်ရောက် ယှဉ်ပြိုင်ခဲ့စဉ်က ချမှတ်ခဲ့သော မူဝါဒသုံးချက်တွင် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးဟူသည့် အချက်လည်း ပါဝင်သည်။

Eleven Media Group

NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား အောက်တိုဘာ ၇ ရက်က ပြည်သူ့လွှတ်တော်သို့ လာရောက် လေ့လာသော ပါတီဝင်များနှင့်အတူ တွေ့ရစဉ်

No comments:

Post a Comment