တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့နဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့က ခေါင်းဆောင်တွေဟာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရေး အပါအ၀င် နိုင်ငံရေးဆုံးဖြတ်ချက်တွေ ချမှတ်ဖို့အတွက် အရေးပေါ် ဖယ်ဒရယ်ကောင်စီ အစည်းအဝေး ကျင်းပနေတယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ အောက်တိုဘာ ၇ ရက်နေ့ကစပြီး ၃ ရက်ကြာ ကျင်းပမည့် အရေးပေါ် ဖယ်ဒရယ်ကောင်စီ အစည်းအဝေးနဲ့ ပတ်သက်ပြီး UNFC တွဲဖက်အထွေထွေအတွင်းရေးမှူး
“အခုထိပ်တိုက်ဖြစ်နေတာတော့ နေရှင်းဝိုက် စေ့ဖါးရားပေါ့ (nationwide ceasefire) နေရှင်းဝိုက် စေ့ဖါးရားကို ဒီ နိုဝင်ဘာလဆန်းမှာ အစိုးရက အတင်းလက်မှတ်ခေါ်ထိုးမည့် ပုံစံမျိုးဖြစ်နေတော့ ဒီအပေါ်မှာ ဘယ်လို ပြင်ဆင်မှုတွေ လုပ်မလဲပေါ့ဗျားတခု၊ နံပါတ်နှစ်ကတော့ ကျနော်တို့ နိုင်ငံရေး ဆွေးနွေးပွဲ လုပ်မယ်ဆိုရင် မူဘောင်မှာ ဘာတွေ ပါသင့်လဲ ဆိုတာလေးလည်းတစ်ခု၊ နောက်တခုက ကျနော်တို့ရဲ့ UNFC ရဲ့ ကွန်စတီကျူးရှင်းကို ပြန်ရီဗျူး (review) လုပ်တာပေါ့၊ ရီဗျူးလုပ်ပြီးတော့ ကျနော်တို့ ကွန်စတီကျူးရှင်းကို ကျနော်တို့ ဘယ်လို ပြင်ဆင်မလဲပေါ့၊ ထိုးမယ် မထိုးဘူး ဆိုတာ ဆုံးဖြတ်ဖို့ မရှိဘူး ဘာကိုဆုံးဖြတ်မလဲဆိုတော့ ဘယ်အခြေအနေ မျိုးတွေ ဘယ်အချက်အလက်မျိုးတွေ ပြည့်စုံဖို့ လိုတယ် ဆိုတာတော့ ဆုံးဖြတ်မယ်၊ အဲ့ဒီ အချက် အလက်တွေ အခြေအနေတွေ ပြည့်စုံတယ်ဆိုရင်တော့ ထိုးမယ်ပေါ့ဗျား။”
အရေးပေါ်ဖယ်ဒရယ် ကောင်စီအစည်းအဝေးကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ၁၁ ဖွဲ့ထဲက တစ်ဖွဲ့ချင်းစီကိုယ်စားပြု ခေါင်းဆောင် ၃ ဦးကျစီနဲ့ ခေါင်းဆောင် ၃၀ ကျော်တက်ရောက်နေပြီး တပြည်လုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးရာမှာ ပါဝင်ဖို့လိုအပ်တဲ့ အချက်တွေကို သဘောတူ ဆုံးဖြတ်သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီUNFC အဖွဲ့မှာ ချင်းအမျိုးသား တပ်ဦးCNF ၊ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့KI
ABC Radio Australia
ရှေ့တန်းနယ်မြေတခုမှာတွေ့ရတ
No comments:
Post a Comment