မြိတ်မြို့ပေါ် ရပ်ကွက်များအတွင်း မော်တော်ဆိုင်ကယ်များဖြင့် အုပ်စုဖွဲ့သွားလာကာ ညပိုင်းအချိန်များ တွင် လမ်းသွားလမ်းလာများ၊ မော်တော်ဆိုင်ကာစီးနင်းသူများအား အကြောင်းမဲ့ဓားဖြင့် လမ်းသရဲဆန်ဆန် လိုက်လံ ခုတ်ထစ်နေသည့် လူငယ်(၇) ဦးအား မြိတ်မြို့ ရဲတပ်ဖွဲ့ဝင်များ ၊ အုပ်ချုပ်ရေးမှူးများ ၊ မီးသတ် တပ်ဖွဲ့ဝင်များနှင့် ပြည်သူများမှ ၀ိုင်းဝန်း ပူးပေါင်း ပိတ်ဆို့ ဖမ်းဆီးမိခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ
၂၀၁၃ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့ ည (၁၁)နာရီခွဲ အချိန်ခန့်တွင်
လူငယ်တစ်အုပ် သည် မော်တော်ဆိုင်ကယ်များဖြင့် မြိတ်မြို့အတွင်း
နောက်လယ်ရပ်ကွက်မှစတင်ကာ လမ်းသွားလမ်းလာ များ ၊ မော်တော်ဆိုင်ကယ်စီးနင်း
သူများအား ၄င်းတို့တွင် အဆင်သင့်ပါလာသည့် ဓားများဖြင့် မော်တော်
ဆိုင်ကယ်စီးနင်းပြီး လိုက်လံခုတ်နေကြောင်း သတင်းအရ ပူးပေါင်း အဖွဲ့မှ
ဖမ်းဆီးရာ သက်ပိုင်ဦး အသက် (၁၇)နှစ်၊ ကျော်စိုးထွန်း အသက်(၁၉)နှစ်၊
အာကာစိုး အသက်(၁၇)နှစ်၊ အောင်ဇင်မိုး အသက်(၁၈)နှစ် ၊ အောင်သူရပိုင်
အသက်(၁၈)နှစ် ၊ အားမာန်ပြည့် အသက်(၁၇)နှစ်၊ ကျော်ရန် အသက်(၁၆)နှစ်တို့အား
၎င်းတို့ ကိုင်ဆိုင်ထားသည့် ဓားများနှင့်အတူ ပိတ်ဆို့ ဖမ်းဆီး နိုင်ခဲ့သည်။
အဆိုပါ
ဓားဖြင့် လိုက်ခုတ်သည့် လူငယ်များအား မြိတ်မြို့မ ရဲတပ်ဖွဲ့စခန်း မှ
ဖမ်းဆီးထိန်းသိမ်းကာ (ပ) ၄၉၈/၂၀၁၃၊ ပြစ်မှုပုဒ်မ - ၂၃၆/၂၉၄/၁၁၄ ဖြင့် အမှု
ဖွင့် အရေးယူ ထားကြောင်း သတင်းရရှိသည်။
မြိတ်ပုလဲမြေ
No comments:
Post a Comment